FAQ on MSME Books

A: အသုံးပြုနိုင်ပါတယ်။
A: သတ်မှတ်နိုင်ပါတယ်။
***
Q: MSME Books ကို စတင်အသုံးပြုရန်အတွက် ဘာလိုအပ်ပါသလဲ။
A: ကွန်ပျူတာ နဲ့ Internet Connection ရှိပါက စတင် အသုံးပြုနိုင်ပါပြီ။
Q:ခန့်မှန်းကုန်ကျစရိတ်သိချင်ပါတယ်။
A: Software ဖိုး လစဥ်ကြေး ၃၀၀၀၀ ကျပ်မှ စတင်ပါတယ်။ ကွန်ပြူတာ အနိမ့်ဆုံး ၃၀၀၀၀၀ ကျပ်မှ စတင် အသုံးပြုနိုင်ပါတယ်။ ပြေစာ ထုတ်ပေးရန် အတွက် Slip Printer အနည်းဆုံး ၁၆၀၀၀၀ ကျပ် ခန့် ကျသင့်ပါတယ်။ ကွန်ပျူတာ၊ ပရင်တာတွေရဲ့ ဈေးနှုန်းကတော့ ငွေဈေးအတက်အကျအပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ Software ဖိုးကတော့ လုပ်ငန်းအသေးတစ်ခု အတွက် လစဥ်ကြေး ၃၀၀၀၀ ကျပ်သာ ကျသင့်ပါတယ်။ ဆိုင်ခွဲများအတွက်လဲ အသုံးပြုနိုင်ပါတယ်။
လုပ်ငန်းကြီးများအနေဖြင့် နှစ်စဥ်ကြေး ၁၂၀၀ USD မှ စတင်သုံးစွဲနိုင်ပါတယ်။
Q:လစဥ်ကြေးကို ဘယ်လိုပေးသွင်းရမလဲ။
A:ဘဏ်မှတဆင့် ငွေပေးသွင်းနိုင်ပါတယ်။ သက်တမ်းကုန်ဆုံးရက် မတိုင်မီ (၁)ရက် ကြိုတင်သွင်းပေးဖို့လိုပါတယ်။
Q:လစဥ်ကြေးပေးသွင်းရန်ပျက်ကွက်ပါက မည်သို့ ဖြစ်လာနိုင်သနည်း။
A:အသုံးပြုခွင့်ယာယီရပ်ဆိုင်းပါမည်။ လစဥ်ကြေးပေးသွင်းရန်အတွက် ဆက်သွယ်အကြောင်းကြားပါမည်။ သတ်မှတ်ရက်အတွင်း လစဥ်ကြေးမသွင်းပါက အသုံးပြုခွင့်ကို အပြီးတိုင်ရပ်စဲပါမည်။
Q: ဆိုင်ခွဲများတွင် အသုံးပြုနိုင်ပါသလား။
A: အသုံးပြုနိုင်ပါတယ်။
လက်ရှိမှာလည်း ဆိုင်ခွဲ (၄) ခုအထိ အသုံးပြုသူရှိပါတယ်။
Q: အသုံးပြုသူအလိုက် အသုံးပြုခွင့်သတ်မှတ်နိုင်ပါသလား။
A: သတ်မှတ်နိုင်ပါတယ်။
လုပ်ငန်းလိုအပ်ချက် အလိုက် အသုံးပြုသူ တစ်ဦးထက် ပို သတ်မှတ်နိုင်ပြီး လုပ်ပိုင်ခွင့်များ ခွဲခြားသတ်မှတ်နိုင်ပါတယ်။
Q: ဆိုင်ခွဲ တစ်ခုချင်းစီ ၏ အရှုံးအမြတ်စာရင်း ကြည့်ရှု့နိုင်ပါသလား။
A: ဆိုင်ခွဲ တစ်ခုချင်းစီ ၏ အရှုံးအမြတ်စာရင်း ကြည့်နိုင်ပါတယ်။
Q: ကုန်ပစ္စည်းများကို ဆိုင်ခွဲ အချင်းချင်း လွှဲပြောင်းနိုင်ပါသလား။
A: လွှဲပြောင်းနိုင်ပါသည်။
ထိုသို့ လွှဲပြောင်းရာတွင် လုပ်ဆောင်ချက် ကို တစ်ခါသာ ထည့်သွင်းရန်လိုအပ်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *