why should we used, SaaS- Software as a Service?

Why should we used, SaaS- Software as a Service?
ဘာေၾကာင့္ SaaS(Software As A Service), Cloud Edition ကိုသုံးသင့္လဲ။
၁) သုံးသေလာက္ပဲ ေပးရတယ္။
ႀကိဳတင္ေပးထားစရာမလိုဘူး။ႀကိဳက္သေလာက္သုံး၊က်သေလာက္ေပး။
အေၾကာင္းတစ္စုံတစ္ခုေၾကာင့္ဆက္သုံးစရာမလိုဘူးဆိုရင္လဲ အၿပီးအျပတ္ဝယ္ထားတာမဟုတ္လို႔ ဆုံးရႈံးမႈမရွိႏိုင္ဘူး။
၂) ဘယ္ေနရာကမဆိုသုံးလို႔ရတယ္။
အၿပီးအျပတ္ဝယ္သုံးရတဲ့ On-premises software ေတြမွာ အသုံးျပဳမည့္ေနရာ ကန္႔သတ္ထားလို႔၊ေနရာေျပာင္းသြားတာနဲ႔သုံးလို႔မရေတာ့ဘူး။ပိုင္ရွင္ သို႔ မန္ေနဂ်ာက ခရီးသြားေနတဲ့အခါမွာ လုပ္ငန္းရဲ႕ အစီရင္ခံစာၾကည့္ခ်င္တဲ့အခါ တစ္စုံတစ္ယာက္ကပို႔ေပးတာေစာင့္ေနရလို႔ လုပ္ငန္းေႏွာင့္ေႏွးတာေတြျဖစ္ႏိုင္ေပမဲ့ SaaS မွာေတာ့ ဘယ္ေနရာကမဆို အသုံးျပဳသူအမည္ နဲ႔ လွ်ိဳ႕ဝွက္အမွတ္အသားရွိရင္ အသုံးျပဳႏိုင္တာမို႔ လုပ္ငန္းကို ပိုမိုျမန္ဆန္ေစပါတယ္။ခရီးသြားဟန္လႊဲအလုပ္လုပ္လို႔ရတယ္။ေနာက္ဆုံးအေျခအေနကို ခ်က္ခ်င္းအစီရင္ခံစာ ထုတ္ႏိုင္တယ္။
၃)Version အသစ္သုံးဖို႔ ေစာင့္ေနစရာမလိုဘူး။
On-premises software ေတြမွာ အသစ္အသစ္ေတြထြက္လာတဲ့အခါ ဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းကို ဆက္သြယ္ၿပီး ခဏခဏ version အသစ္လာထည့္ေပးဖို႔ ေတာင္းဆိုၾကရတယ္။ ဝန္ေဆာင္ခေတြထပ္ၿပီးကုန္က်ႏိုင္တယ္။ ကိုယ္တိုင္ အသစ္ထည့္မယ္ဆိုလည္း မိမိ လုပ္ငန္းတြင္းမွာကြၽမ္းက်င္တဲ့သူလိုတယ္။ အသစ္ထည့္ဖို႔အတြက္ အခ်ိန္ၾကန္႔ၾကာမႈရွိတယ္။
SaaS ကေတာ့ ေရာင္းခ်သူ(သို႔)ဝန္ေဆာင္မႈေပးတဲ့ အဖြဲ႕အစည္းက အသစ္အသစ္ေတြထြက္တိုင္း လဲထားၿပီးသားမို႔ အခ်ိန္ကုန္၊ေငြကုန္သက္သာေစတယ္။အသစ္ထြက္လာတာကို သိေတာင္မသိလိုက္ဘူး။ အခ်ိန္မကုန္ေတာ့ဘူး။
၄) Devices အမ်ိဳးမ်ိဳးမွာလည္းအသုံးျပဳႏိုင္တယ္။
On-premises software ေတြကေတာ့မ်ားေသာအားျဖင့္ OS Version ေတြအေပၚမွာမွီခိုေနတယ္။ Windows အတြက္ iOS အတြက္ Version အမ်ိဳးမ်ိဳးရွိၾကတယ္။ ဝယ္ထားတာ က Windows အတြက္ဆိုရင္ iOS အတြက္အဆင္မေျပႏိုင္ဘူး။လက္ရွိအသုံးျပဳေနတဲ့စက္ပ်က္သြားတဲ့အခါ ျပန္လည္ထည့္သြင္းဖို႔ အခ်ိန္ေစာင့္ဆိုင္းရျပန္တယ္။
SaaSမွာေတာ့ ဘယ္စက္မဆို အသုံးျပဳလို႔ရတယ္။ Windows, iOS အျပင္ Mobile Devices ေတြျဖစ္တဲ့ ဖုန္းနဲ႔ တက္ဘလက္ ေတြမွာလဲ အသုံးျပဳႏိုင္တယ္။ SaaSကို အသုံးျပဳဖို႔ ႀကိဳတင္ၿပီး စက္ထဲထည့္သြင္းထားစရာမလိုဘူး။ SaaSကို သုံးဖို႔ က internet connection ပဲလိုတယ္။လက္ရွိအသုံးျပဳတဲ့ စက္ပ်က္တဲ့အခါ၊စက္အသစ္လဲတဲ့အခါမွာေတာင္ ခ်က္ခ်င္းအသုံးျပဳႏိုင္တယ္။
ဒါေၾကာင့္ On-premises software ေတြသုံးတာထက္ Business Performance ကိုတိုးတက္ေစတယ္။
၅) မိမိစိတ္ႀကိဳက္လိုအပ္ခ်က္ေတြကို ျပဳျပင္ႏိုင္တယ္။
On-premises software ေတြအသုံးျပဳတဲ့အခါမွာ ျပင္ဆင္ျဖည့္သြင္းခ်င္တာရွိတိုင္း ဝန္ေဆာင္မႈေပးသူ၊ေရာင္းခ်သူကို ဆက္သြယ္ၿပီး ျပင္ဆင္ေပးဖို႔ညႇိဳႏႈိင္းၾကရတယ္။
SaaSမွာေတာ့ သုံးစြဲသူရဲ႕လိုအပ္ခ်က္နဲ႔ အသုံးျပဳႏိုင္မႈ အတိုင္းအတာေပၚမူတည္ၿပီး သုံးစြဲသူမွ စိတ္ႀကိဳက္ျပင္ဆင္လို႔ရတယ္။
လူႀကီးမင္းတို႔အေနနဲ႔ အထက္ပါ အခ်က္ေတြနဲ႔ ကိုက္ညီတဲ့ စာရင္းကိုင္ စနစ္ေလး စတင္ အသုံးျပဳဖို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ Business Centric Network မွ ဝန္ေဆာင္မႈေပးေနတဲ့ MSME Books ကို လာေရာက္ေလ့လာဖို႔ဖိတ္ေခၚပါတယ္။
ဆက္သြယ္ခ်င္တယ္ဆိုရင္ေတာ့ 09 077 160 671 ကို ဖုန္းေလးဆက္လိုက္ပါ။ လူႀကီးမင္းတို႔ သိခ်င္တာကို အေသးစိတ္ ရွင္းျပေပးဖို႔ ေစာင့္ႀကိဳေနပါတယ္။
လူႀကီးမင္းတို႔ လုပ္ငန္းမ်ား ယခုထက္ပိုမို ေအာင္ျမင္ႏိုင္ေစဖို႔ MSME Books မွ တစ္ေထာင့္တစ္ေနရာကေန ကူညီေပးဖို႔ အဆင့္သင့္ ရွိေနပါတယ္။
#BCN
#MSME_Books
#SaaS
#On_premises_software
***
ဘာကြောင့် SaaS(Software As A Service), Cloud Edition ကိုသုံးသင့်လဲ။
၁) သုံးသလောက်ပဲ ပေးရတယ်။
ကြိုတင်ပေးထားစရာမလိုဘူး။ကြိုက်သလောက်သုံး၊ကျသလောက်ပေး။
အကြောင်းတစ်စုံတစ်ခုကြောင့်ဆက်သုံးစရာမလိုဘူးဆိုရင်လဲ အပြီးအပြတ်ဝယ်ထားတာမဟုတ်လို့ ဆုံးရှုံးမှုမရှိနိုင်ဘူး။
၂) ဘယ်နေရာကမဆိုသုံးလို့ရတယ်။
အပြီးအပြတ်ဝယ်သုံးရတဲ့ On-premises software တွေမှာ အသုံးပြုမည့်နေရာ ကန့်သတ်ထားလို့၊နေရာပြောင်းသွားတာနဲ့သုံးလို့မရတော့ဘူး။ပိုင်ရှင် သို့ မန်နေဂျာက ခရီးသွားနေတဲ့အခါမှာ လုပ်ငန်းရဲ့ အစီရင်ခံစာကြည့်ချင်တဲ့အခါ တစ်စုံတစ်ယာက်ကပို့ပေးတာစောင့်နေရလို့ လုပ်ငန်းနှောင့်နှေးတာတွေဖြစ်နိုင်ပေမဲ့ SaaSမှာတော့ ဘယ်နေရာကမဆို အသုံးပြုသူအမည် နဲ့ လျှို့ဝှက်အမှတ်အသားရှိရင် အသုံးပြုနိုင်တာမို့ လုပ်ငန်းကို ပိုမိုမြန်ဆန်စေပါတယ်။ခရီးသွားဟန်လွှဲအလုပ်လုပ်လို့ရတယ်။နောက်ဆုံးအခြေအနေကို ချက်ချင်းအစီရင်ခံစာ ထုတ်နိုင်တယ်။
၃)Version အသစ်သုံးဖို့ စောင့်နေစရာမလိုဘူး။
On-premises software တွေမှာ အသစ်အသစ်တွေထွက်လာတဲ့အခါ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကို ဆက်သွယ်ပြီး ခဏခဏ version အသစ်လာထည့်ပေးဖို့ တောင်းဆိုကြရတယ်။ ဝန်ဆောင်ခတေွထပ်ပြီးကုန်ကျနိုင်တယ်။ ကိုယ်တိုင် အသစ်ထည့်မယ်ဆိုလည်း မိမိ လုပ်ငန်းတွင်းမှာကျွမ်းကျင်တဲ့သူလိုတယ်။ အသစ်ထည့်ဖို့အတွက် အချိန်ကြန့်ကြာမှုရှိတယ်။
SaaSကတော့ ရောင်းချသူ(သို့)ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းက အသစ်အသစ်တွေထွက်တိုင်း လဲထားပြီးသားမို့ အချိန်ကုန်၊ငွေကုန်သက်သာစေတယ်။အသစ်ထွက်လာတာကို သိတောင်မသိလိုက်ဘူး။ အချိန်မကုန်တော့ဘူး။
၄) Devices အမျိုးမျိုးမှာလည်းအသုံးပြုနိုင်တယ်။
On-premises software တွေကတော့များသောအားဖြင့် OS Version တွေအပေါ်မှာမှီခိုနေတယ်။ Windows အတွက် iOS အတွက် Version အမျိုးမျိုးရှိကြတယ်။ ဝယ်ထားတာ က Windows အတွက်ဆိုရင် iOS အတွက်အဆင်မပြေနိုင်ဘူး။လက်ရှိအသုံးပြုနေတဲ့စက်ပျက်သွားတဲ့အခါ ပြန်လည်ထည့်သွင်းဖို့ အချိန်စောင့်ဆိုင်းရပြန်တယ်။
SaaSမှာတော့ ဘယ်စက်မဆို အသုံးပြုလို့ရတယ်။ Windows, iOS အပြင် Mobile Devices တွေဖြစ်တဲ့ ဖုန်းနဲ့ တက်ဘလက် တွေမှာလဲ အသုံးပြုနိုင်တယ်။ SaaS ကို အသုံးပြုဖို့ ကြိုတင်ပြီး စက်ထဲထည့်သွင်းထားစရာမလိုဘူး။ SAAS ကို သုံးဖို့ က internet connection ပဲလိုတယ်။လက်ရှိအသုံးပြုတဲ့ စက်ပျက်တဲ့အခါ၊စက်အသစ်လဲတဲ့အခါမှာတောင် ချက်ချင်းအသုံးပြုနိုင်တယ်။
ဒါကြောင့် On-premises software တွေသုံးတာထက် Business Performance ကိုတိုးတက်စေတယ်။
၅) မိမိစိတ်ကြိုက်လိုအပ်ချက်တွေကို ပြုပြင်နိုင်တယ်။
On-premises software တွေအသုံးပြုတဲ့အခါမှာ ပြင်ဆင်ဖြည့်သွင်းချင်တာရှိတိုင်း ဝန်ဆောင်မှုပေးသူ၊ရောင်းချသူကို ဆက်သွယ်ပြီး ပြင်ဆင်ပေးဖို့ညှိုနှိုင်းကြရတယ်။
SAAS မှာတော့ သုံးစွဲသူရဲ့လိုအပ်ချက်နဲ့ အသုံးပြုနိုင်မှု အတိုင်းအတာပေါ်မူတည်ပြီး သုံးစွဲသူမှ စိတ်ကြိုက်ပြင်ဆင်လို့ရတယ်။
လူကြီးမင်းတို့အနေနဲ့ အထက်ပါ အချက်တွေနဲ့ ကိုက်ညီတဲ့ စာရင်းကိုင် စနစ်လေး စတင် အသုံးပြုဖို့ စဥ်းစားနေတယ်ဆိုရင်တော့ Business Centric Network မှ ဝန်ဆောင်မှုပေးနေတဲ့ MSME Books ကို လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်။
ဆက်သွယ်ချင်တယ်ဆိုရင်တော့ 09 077 160 671 ကို ဖုန်းလေးဆက်လိုက်ပါ။ လူကြီးမင်းတို့ သိချင်တာကို အသေးစိတ် ရှင်းပြပေးဖို့ စောင့်ကြိုနေပါတယ်။
လူကြီးမင်းတို့ လုပ်ငန်းများ ယခုထက်ပိုမို အောင်မြင်နိုင်စေဖို့ MSME Books မှ တစ်ထောင့်တစ်နေရာကနေ ကူညီပေးဖို့ အဆင့်သင့် ရှိနေပါတယ်။

#BCN
#MSME_Books
#SAAS
#On_premises_software
Thida@BCN

Leave a Comment

Your email address will not be published. Required fields are marked *