သူမ်ားမထည့္လဲေန ကုိယ္ပဲထည့္မယ္ဆိုတဲ့စိတ္ေမြးႏိုင္ေအာင္ ႀကိဳးစားမယ္ သူများမထည့်လဲနေ ကိုယ်ပဲထည့်မယ်ဆိုတဲ့စိတ်မွေးနိုင်အောင် ကြိုးစားမယ်

သူမ်ားမထည့္လဲေန ကုိယ္ပဲထည့္မယ္ဆိုတဲ့စိတ္ေမြးႏိုင္ေအာင္ ႀကိဳးစားမယ္
မီးဖိုေဘးကလူ ၆ ေယာက္
တစ္ခါက. . .
တစ္ႏွစ္မွာ ၁၀ လေလာက္ ေရခဲေနတတ္တဲ့
ေတာမက် ျမိဳ႕မက် ရြာေလးတစ္ခုမွာေပါ့ …
ေဆာင္းတြင္းေရာက္လာတယ္။
ႏွင္းေတြကလည္းက်လိုက္တာ။
ေရခဲမွတ္ေအာက္ကို အႏႈတ္ ၃၀ ဒီဂရီေလာက္
ေရာက္ေနျပီ။
ဒီေနရာေလးဟာ သံုးနွစ္ကို တစ္ႀကိမ္ေလာက္
ႏွင္းမုန္တိုင္းေတြ တိုက္ခိုက္တတ္တယ္။
ႏွင္းမုန္တိုင္းေတြက်ျပီဆိုရင္ ေရခဲေတာင္ေတြ
ျပိဳတယ္။အိုးအိမ္ေတြ ပ်က္စီးတယ္။ဒါေၾကာင့္
ဒီေဒသကလူေတြဟာ ႏွင္းမုန္တိုင္းက်ျပီဆိုရင္
သူတို႔ဝတ္ေနက် ေလာင္းကုတ္အက်ႌ ီအရွည္ႀကီး
ကို ဝတ္တယ္။အဲ႔ဒီအက်ၤ ီအရွည္ႀကီးထဲမွာ
ထင္းရွဴ းဆီအခဲတစ္ခုရယ္၊ မီးျခစ္တစ္လံုးရယ္ ၊
ထင္းသံုးေလးငါးေခ်ာင္းရယ္ ၊အသားေျခာက္
၅၀ က်ပ္သားေလာက္ရယ္ထည့္ျပီး နီးစပ္ရာ
ေတာထဲကဂူေတြထဲမွာ ႏွင္းမုန္တိုင္းခိုၾကရတယ္
ဒီိလိုနဲ႔. . .
ေဆာင္းတစ္ညမွာ ႏွင္းမုန္တိုင္းေတြ ရုတ္ခ်ည္း
ဆိုသလို က်လာပါေတာ့တယ္။အဲ႔ဒီရြာကေလး
ထဲက လူေတြဟာ နီးစပ္ရာ ေက်ာက္ဂူေတြဆီကို
ေျပးၾကတယ္။မုန္တိုင္းခိုၾကတယ္။
လူ ၆ ေယာက္…… ။
ေမွာင္မည္းေနတဲ႔ ေက်ာက္ဂူႀကီးတစ္ခုထဲကို
ေရာက္သြားၾကတယ္။ လူတစ္ေယာက္ဟာ
ကိုယ့္ဆီမွာပါတဲ႔ မီးျခစ္နဲ႔ထင္းရွဴ းဆီကိုသံုးျပီး မီး
ဖိုလိုက္တယ္ အသားေျခာက္ကို ကင္လိုက္တယ္
မီးဖိုရဲ႕ေဘးမွာ အသားေျခာက္ကိုစားျပီး
ေလာင္းကုတ္ႀကီးကို ေခါင္းမွာျခံဳလို႔ အိပ္ငိုက္ေန
ပါေတာ့တယ္။ အဲ႔ဒီလူဖိုထားတဲ႔ မီးပံုလည္း
ျမင္ေရာ က်န္တဲ႔လူေတြဟာ တစ္ေယာက္ၿပီး
တစ္ေယာက္မီးေရာင္ရွိရာကိုေရာက္လာၾကတယ္
ထင္းေတြထည့္လိုက္တယ္။ အသားေျခာက္ကို
ကင္လိုက္တယ္။စားၾကတယ္။ျပီးေတာ့ မီးဖိုေဘး
မွာပဲ အိပ္ငိုက္ေနၾကတယ္။
ႏွင္းမုန္တိုင္းဒဏ္က လြတ္ေအာင္ေျပးလာၾကတာ
ဆိုေတာ့ တစ္ေယာက္ကိုတစ္ေယာက္ မၾကည့္
အားၾကဘူး။ေမာေမာပန္းပန္းနဲ႔ မီးဖိုထဲကို ထင္း
တစ္ေခ်ာင္းစီထည့္ျပီး ႏွင္းမုန္တိုင္းအစဲကို
ေစာင့္ေနၾကတယ္။
ေဆာင္းကလည္းေအးလိုက္တာ။အရိုးကြဲမတတ္
အျပင္မွာလည္း မုန္တိုင္းသံေတြဆူညံလို႔။
ထင္းထည့္ထားတဲ႔မီးဖိုဟာ တျဖည္းျဖည္းနဲ႔
မီးအားနည္းလာတယ္။မီးညြန္႔ကေလးဟာ
တုန္တုန္ယင္ယင္နဲ႔ အားေပ်ာ့သြားတယ္။
မီးဖိုထဲကို ထင္းထပ္ထည့္ဖို႔ လိုလာျပီ။
သိပ္ေအးေတာ့ လူတစ္ေယာက္ကႏႈိးလာတယ္
ေလာင္းကုတ္အက်ၤ ီအရွည္ႀကီးထဲကို ႏႈိက္လိုက္တယ္။ ထင္းတစ္ေခ်ာင္းထည့္ေတာ့မယ္ေပါ့။
အဲ႔ဒီအခ်ိန္မွာ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ လူတေယာက္
ကလည္း သူ႔လိုပဲ သိပ္ေအးေတာ့ နိုးလာတာေပါ့။
မီးဖိုရဲ႕မီးေရာင္ပ်ပ်ေအာက္မွာ
တစ္ေယာက္မက္ႏွာကိုတစ္ေယာက္ ျမင္လိုက္ရ
တယ္။ အဲဒီတစ္ေယာက္က သူတို႔ရြာမွာ လူတိုင္း
ကို ေငြတိုးေခ်းစားတဲ႔ စီးပြားေရးသမား ပိုက္ဆံရွိ သူေဌး။ ျမင္တဲ့တစ္ေယာက္က သူ႔အိမ္မွာ
ေျမေပါင္အိမ္ေပါင္ျပီး ေျမဆံုးအိမ္ဆံုးထားတဲ႔လူ
ေငြမရွိတဲ႔သူ ဆင္းရဲသား။ေငြတိုးေခ်းစားတဲ႔
စီးပြားေရးသမားကစိတ္ထဲမွာဒီလိုေတြးလိုက္တယ္
“ဟင္း ဒီဆင္းရဲသား အစုတ္ပလုတ္နဲ႔ ဒီ မီးဖိုေဘး
မွာ အတူလာျပီးေနရတယ္လို႔ကြာ။ ေတာက္ . . . ငါ့ႏွယ္။ ဒီေကာင္မ်က္ႏွာၾကည့္ရတာ က်က္သေရ
ယုတ္လိုက္တာ။ ေတာ္ျပီ ငါ့ထဲကထင္းကို မီးဖိုထဲ
မထည့္ဘူး။ ငါ့ထင္းထည့္ရင္ ဒီေကာင္ေႏြးေထြး
သြားမွာ။ ေတာ္ျပီ ထင္းမထည့္ေတာ့ဘူး” …
အဲ႔ဒီလိုလည္း ဆံုးျဖတ္ျပီးေရာ မီးဖိုကိုေက်ာေပးလိုက္တယ္ျပီးေတာ့ဆက္ျပီးအိပ္ငိုက္ေနလိုက္တယ္
ေျမဆံုး အိမ္ဆံုးထားတဲ႔သူကလည္း စိတ္ထဲမွာ
ဒီိလိုေျပာေနတယ္။
“ဒီလိုအျမတ္ႀကီးစားတဲ႔ အတၱသမားနဲ႔ မီးတစ္ဖိုထဲမွာ အတူတူလာျပီး မီးလံႈရတာ ငါ့ႏွယ္ ကံဆိုး
လိုက္တာ ငါတို႔ဘိုးဘြားေတြပိုင္ခဲ႔တဲ့ေျမနဲ႔အိမ္ကို
အတိုးေတြ မတရားယူျပီး သိမ္းထားတဲ႔အေကာင္
ငါ ဒီမီးဖိုထဲကို ထင္းထည့္လိုက္ရင္ ေတာ္ျပီ
ငါ့အိတ္ထဲကထင္းကို မီးဖိုထဲမထည့္ေတာ့ဘူး”
လို႔ ေတြးျပီး မီးဖိုကို ေက်ာေပးေနလိုက္တယ္။
ဒီလိုနဲ႔ေနာက္ထပ္လူတစ္ေယာက္ႏိူးလာျပန္တယ္
ေဆာင္းက တအားေအးတာကိုး။ ထင္းထည့္မယ္
လို႔အလုပ္ သူ႔မ်က္ႏွာခ်င္းဆိုင္ကလူလည္း သူလိုပဲ
ႏိူးလာတယ္။ တစ္ေယာက္က အလုပ္ရွင္
တစ္ေယာက္က အလုပ္သမား။
အလုပ္ရွင္က ေတြးတယ္။
“အလကား အလုပ္မလုပ္ဘဲ ေငြကို အလကား
လိုခ်င္ေနတဲ႔အေကာင္နဲ႔မွ မီးတစ္ဖိုထဲမွာအတူတူ
ရွိေနရတယ္လို႔ကြာ”
အလုပ္သမားကလည္း ေတြးတယ္။
“ငါတို႔လုပ္အားေတြကိုေခါင္းပံုျဖတ္ျပီး ႀကီးပြားေန
တဲ႔အေကာင္နဲ႔ ဒီေနရာမွာလာျပီး ဆံုရတယ္လို႔ ..
ေတာ္ျပီ ငါ့အိတ္ထဲကထင္းကိုမီးထဲမထည့္ေတာ့ဘူး
ႏွစ္ေယာက္စလံုးဟာ မီးဖိုကို ေက်ာေပးလိုက္ၾက
တယ္။ ဆက္ျပီး အိပ္ငိုက္ေနေတာ့တယ္။
မီးဖိုထဲမွာ မီးကနည္းသထက္ နည္းလာျပီ။
အျပင္မွာလည္း ႏွင္းမုန္တိုင္းေတြက တဝုန္းဝုန္းနဲ႔။
ေအးလိုက္တာလည္း လြန္ေရာ။
အဲ႔ဒီအခ်ိန္မွာ က်န္တဲ႔လူႏွစ္ေယာက္ ႏိုးလာတယ္
ထင္းထည့္မယ္လို႔လုပ္တယ္။မီးေရာင္ေအာက္မွာ
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ျမင္လိုက္ရျပန္တယ္။ႏွစ္ေယာက္လံုးရဲ႕စိတ္ထဲမွာဒီလိုေတြးမိၾ တယ္။
“ငါ့ႏွယ္ေနာ္ ဒီလိုဘာသာမတူတဲ႔ မိစၧာဒိဌိအယူရွိတဲ႔သူနဲ႔မွ မ်က္ႏွာခ်င္းဆိုင္ လာေတြ႔ရတယ္လို႔” ..
သူတို႔ႏွစ္ေယာက္ဟာ ကိုးကြယ္ယံုၾကည္မႈခ်င္း
မတူၾကဘူး။ကိုယ့္အိတ္ထဲမွာပါတဲ႔ ထင္းေတြကို
ျပန္ျပီးသိမ္းလိုက္ၾကတယ္။မီးဖိုကိုေက်ာေပး
လိုက္ၾကတယ္။
ေနာက္တစ္ေန႔မနက္မွာ
ကယ္ဆယ္ေရးအဖြဲ႕ေတြဒီဂူထဲကိုေရာက္လာတယ္
မီးမရွိေတာ့တဲ့မီးပံုေဘးမွာေအးခဲျပီးေသဆံုးေနတဲ့
အေလာင္း ၆ ေလာင္းကို သူတို႔ေတြ႔ရတယ္
သူတို႔အေလာင္းကို စစ္ေဆးၾကည့္ေတာ့
ေလာင္းကုတ္အက်ၤ ီထဲမွာ ထင္းကိုယ္စီနဲ႔၊
မီးျခစ္ကိုယ္စီနဲ႔ ၊ထင္းရွဴ းဆီကိုယ္စီနဲ႔
စားစရာနဲ႔ေပါ့။
“ထင္းေတြ ၊မီးျခစ္ေတြ၊ စားစရာေတြ ၊ထင္းရွဴ းဆီ
ကိုယ္စီနဲ႔ ဘာေၾကာင့္မ်ား အေအးမိျပီ ေသဆံုး
သြားၾကရတာလဲေနာ္ “…..လို႔ ေတြးေတာရင္
အေလာင္း ၆ ေလာင္းကိုသယ္သြားၾကပါေတာ့တယ္
ကြ်န္ေတာ္တို႔ပတ္ဝန္းက်င္မွာလည္းမီးဖ္ုေဘးက
လူ ၆ ေယာက္လို အာဃာတအဆိပ္ကိုေသာက္ျပီး
ေသဖို႔ ႀကိဳးစားေနၾကတဲ႔သူေတြ အမ်ားၾကီးပါပဲ။
မီးဖိုေဘးက လူ ၆ ေယာက္လို မင္းဘယ္သူလဲ?…
ငါဘယ္သူလဲ ?…မင္းဘာလဲ?…. ငါဘာလဲ ဆိုတဲ႔
အတၱစိတ္ေတြ အတတ္နို္င္ဆံုး ပယ္နိုင္ၾကရင္
သိပ္ေကာင္းမွာပဲဗ်ာ။
ဦးဘုန္း(ဓာတု) မႏၲေလး။
***
သူများမထည့်လဲနေ ကိုယ်ပဲထည့်မယ်ဆိုတဲ့စိတ်မွေးနိုင်အောင် ကြိုးစားမယ်
မီးဖိုဘေးကလူ ၆ ယောက်
တစ်ခါက. . .
တစ်နှစ်မှာ ၁၀ လလောက် ရေခဲနေတတ်တဲ့
တောမကျ မြို့မကျ ရွာလေးတစ်ခုမှာပေါ့ …
ဆောင်းတွင်းရောက်လာတယ်။
နှင်းတွေကလည်းကျလိုက်တာ။
ရေခဲမှတ်အောက်ကို အနှုတ် ၃၀ ဒီဂရီလောက်
ရောက်နေပြီ။
ဒီနေရာလေးဟာ သုံးနှစ်ကို တစ်ကြိမ်လောက်
နှင်းမုန်တိုင်းတွေ တိုက်ခိုက်တတ်တယ်။
နှင်းမုန်တိုင်းတွေကျပြီဆိုရင် ရေခဲတောင်တွေ
ပြိုတယ်။အိုးအိမ်တွေ ပျက်စီးတယ်။ဒါကြောင့်
ဒီဒေသကလူတွေဟာ နှင်းမုန်တိုင်းကျပြီဆိုရင်
သူတို့ဝတ်နေကျ လောင်းကုတ်အကျႌ ီအရှည်ကြီး
ကို ဝတ်တယ်။အဲ့ဒီအင်္ကျ ီအရှည်ကြီးထဲမှာ
ထင်းရှူ းဆီအခဲတစ်ခုရယ်၊ မီးခြစ်တစ်လုံးရယ် ၊
ထင်းသုံးလေးငါးချောင်းရယ် ၊အသားခြောက်
၅၀ ကျပ်သားလောက်ရယ်ထည့်ပြီး နီးစပ်ရာ
တောထဲကဂူတွေထဲမှာ နှင်းမုန်တိုင်းခိုကြရတယ်
ဒီလိုနဲ့. . .
ဆောင်းတစ်ညမှာ နှင်းမုန်တိုင်းတွေ ရုတ်ချည်း
ဆိုသလို ကျလာပါတော့တယ်။အဲ့ဒီရွာကလေး
ထဲက လူတွေဟာ နီးစပ်ရာ ကျောက်ဂူတွေဆီကို
ပြေးကြတယ်။မုန်တိုင်းခိုကြတယ်။
လူ ၆ ယောက်…… ။
မှောင်မည်းနေတဲ့ ကျောက်ဂူကြီးတစ်ခုထဲကို
ရောက်သွားကြတယ်။ လူတစ်ယောက်ဟာ
ကိုယ့်ဆီမှာပါတဲ့ မီးခြစ်နဲ့ထင်းရှူ းဆီကိုသုံးပြီး မီး
ဖိုလိုက်တယ် အသားခြောက်ကို ကင်လိုက်တယ်
မီးဖိုရဲ့ဘေးမှာ အသားခြောက်ကိုစားပြီး
လောင်းကုတ်ကြီးကို ခေါင်းမှာခြုံလို့ အိပ်ငိုက်နေ
ပါတော့တယ်။ အဲ့ဒီလူဖိုထားတဲ့ မီးပုံလည်း
မြင်ရော ကျန်တဲ့လူတွေဟာ တစ်ယောက်ပြီး
တစ်ယောက်မီးရောင်ရှိရာကိုရောက်လာကြတယ်
ထင်းတွေထည့်လိုက်တယ်။ အသားခြောက်ကို
ကင်လိုက်တယ်။စားကြတယ်။ပြီးတော့ မီးဖိုဘေး
မှာပဲ အိပ်ငိုက်နေကြတယ်။
နှင်းမုန်တိုင်းဒဏ်က လွတ်အောင်ပြေးလာကြတာ
ဆိုတော့ တစ်ယောက်ကိုတစ်ယောက် မကြည့်
အားကြဘူး။မောမောပန်းပန်းနဲ့ မီးဖိုထဲကို ထင်း
တစ်ချောင်းစီထည့်ပြီး နှင်းမုန်တိုင်းအစဲကို
စောင့်နေကြတယ်။
ဆောင်းကလည်းအေးလိုက်တာ။အရိုးကွဲမတတ်
အပြင်မှာလည်း မုန်တိုင်းသံတွေဆူညံလို့။
ထင်းထည့်ထားတဲ့မီးဖိုဟာ တဖြည်းဖြည်းနဲ့
မီးအားနည်းလာတယ်။မီးညွန့်ကလေးဟာ
တုန်တုန်ယင်ယင်နဲ့ အားပျော့သွားတယ်။
မီးဖိုထဲကို ထင်းထပ်ထည့်ဖို့ လိုလာပြီ။
သိပ်အေးတော့ လူတစ်ယောက်ကနှိုးလာတယ်
လောင်းကုတ်အင်္ကျ ီအရှည်ကြီးထဲကို နှိုက်လိုက်တယ်။ ထင်းတစ်ချောင်းထည့်တော့မယ်ပေါ့။
အဲ့ဒီအချိန်မှာ သူနဲ့မျက်နှာချင်းဆိုင် လူတယောက်
ကလည်း သူ့လိုပဲ သိပ်အေးတော့ နိုးလာတာပေါ့။
မီးဖိုရဲ့မီးရောင်ပျပျအောက်မှာ
တစ်ယောက်မက်နှာကိုတစ်ယောက် မြင်လိုက်ရ
တယ်။ အဲဒီတစ်ယောက်က သူတို့ရွာမှာ လူတိုင်း
ကို ငွေတိုးချေးစားတဲ့ စီးပွားရေးသမား ပိုက်ဆံရှိ သူဌေး။ မြင်တဲ့တစ်ယောက်က သူ့အိမ်မှာ
မြေပေါင်အိမ်ပေါင်ပြီး မြေဆုံးအိမ်ဆုံးထားတဲ့လူ
ငွေမရှိတဲ့သူ ဆင်းရဲသား။ငွေတိုးချေးစားတဲ့
စီးပွားရေးသမားကစိတ်ထဲမှာဒီလိုတွေးလိုက်တယ်
“ဟင်း ဒီဆင်းရဲသား အစုတ်ပလုတ်နဲ့ ဒီ မီးဖိုဘေး
မှာ အတူလာပြီးနေရတယ်လို့ကွာ။ တောက် . . . ငါ့နှယ်။ ဒီကောင်မျက်နှာကြည့်ရတာ ကျက်သရေ
ယုတ်လိုက်တာ။ တော်ပြီ ငါ့ထဲကထင်းကို မီးဖိုထဲ
မထည့်ဘူး။ ငါ့ထင်းထည့်ရင် ဒီကောင်နွေးထွေး
သွားမှာ။ တော်ပြီ ထင်းမထည့်တော့ဘူး” …
အဲ့ဒီလိုလည်း ဆုံးဖြတ်ပြီးရော မီးဖိုကိုကျောပေးလိုက်တယ်ပြီးတော့ဆက်ပြီးအိပ်ငိုက်နေလိုက်တယ်
မြေဆုံး အိမ်ဆုံးထားတဲ့သူကလည်း စိတ်ထဲမှာ
ဒီလိုပြောနေတယ်။
“ဒီလိုအမြတ်ကြီးစားတဲ့ အတ္တသမားနဲ့ မီးတစ်ဖိုထဲမှာ အတူတူလာပြီး မီးလှုံရတာ ငါ့နှယ် ကံဆိုး
လိုက်တာ ငါတို့ဘိုးဘွားတွေပိုင်ခဲ့တဲ့မြေနဲ့အိမ်ကို
အတိုးတွေ မတရားယူပြီး သိမ်းထားတဲ့အကောင်
ငါ ဒီမီးဖိုထဲကို ထင်းထည့်လိုက်ရင် တော်ပြီ
ငါ့အိတ်ထဲကထင်းကို မီးဖိုထဲမထည့်တော့ဘူး”
လို့ တွေးပြီး မီးဖိုကို ကျောပေးနေလိုက်တယ်။
ဒီလိုနဲ့နောက်ထပ်လူတစ်ယောက်နိူးလာပြန်တယ်
ဆောင်းက တအားအေးတာကိုး။ ထင်းထည့်မယ်
လို့အလုပ် သူ့မျက်နှာချင်းဆိုင်ကလူလည်း သူလိုပဲ
နိူးလာတယ်။ တစ်ယောက်က အလုပ်ရှင်
တစ်ယောက်က အလုပ်သမား။
အလုပ်ရှင်က တွေးတယ်။
“အလကား အလုပ်မလုပ်ဘဲ ငွေကို အလကား
လိုချင်နေတဲ့အကောင်နဲ့မှ မီးတစ်ဖိုထဲမှာအတူတူ
ရှိနေရတယ်လို့ကွာ”
အလုပ်သမားကလည်း တွေးတယ်။
“ငါတို့လုပ်အားတွေကိုခေါင်းပုံဖြတ်ပြီး ကြီးပွားနေ
တဲ့အကောင်နဲ့ ဒီနေရာမှာလာပြီး ဆုံရတယ်လို့ ..
တော်ပြီ ငါ့အိတ်ထဲကထင်းကိုမီးထဲမထည့်တော့ဘူး
နှစ်ယောက်စလုံးဟာ မီးဖိုကို ကျောပေးလိုက်ကြ
တယ်။ ဆက်ပြီး အိပ်ငိုက်နေတော့တယ်။
မီးဖိုထဲမှာ မီးကနည်းသထက် နည်းလာပြီ။
အပြင်မှာလည်း နှင်းမုန်တိုင်းတွေက တဝုန်းဝုန်းနဲ့။
အေးလိုက်တာလည်း လွန်ရော။
အဲ့ဒီအချိန်မှာ ကျန်တဲ့လူနှစ်ယောက် နိုးလာတယ်
ထင်းထည့်မယ်လို့လုပ်တယ်။မီးရောင်အောက်မှာ
တစ်ယောက်မျက်နှာတစ်ယောက်မြင်လိုက်ရပြန်တယ်။နှစ်ယောက်လုံးရဲ့စိတ်ထဲမှာဒီလိုတွေးမိြ တယ်။
“ငါ့နှယ်နော် ဒီလိုဘာသာမတူတဲ့ မိစ္ဆာဒိဌိအယူရှိတဲ့သူနဲ့မှ မျက်နှာချင်းဆိုင် လာတွေ့ရတယ်လို့” ..
သူတို့နှစ်ယောက်ဟာ ကိုးကွယ်ယုံကြည်မှုချင်း
မတူကြဘူး။ကိုယ့်အိတ်ထဲမှာပါတဲ့ ထင်းတွေကို
ပြန်ပြီးသိမ်းလိုက်ကြတယ်။မီးဖိုကိုကျောပေး
လိုက်ကြတယ်။
နောက်တစ်နေ့မနက်မှာ
ကယ်ဆယ်ရေးအဖွဲ့တွေဒီဂူထဲကိုရောက်လာတယ်
မီးမရှိတော့တဲ့မီးပုံဘေးမှာအေးခဲပြီးသေဆုံးနေတဲ့
အလောင်း ၆ လောင်းကို သူတို့တွေ့ရတယ်
သူတို့အလောင်းကို စစ်ဆေးကြည့်တော့
လောင်းကုတ်အင်္ကျ ီထဲမှာ ထင်းကိုယ်စီနဲ့၊
မီးခြစ်ကိုယ်စီနဲ့ ၊ထင်းရှူ းဆီကိုယ်စီနဲ့
စားစရာနဲ့ပေါ့။
“ထင်းတွေ ၊မီးခြစ်တွေ၊ စားစရာတွေ ၊ထင်းရှူ းဆီ
ကိုယ်စီနဲ့ ဘာကြောင့်များ အအေးမိပြီ သေဆုံး
သွားကြရတာလဲနော် “…..လို့ တွေးတောရင်
အလောင်း ၆ လောင်းကိုသယ်သွားကြပါတော့တယ်
ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းမီးဖ်ုဘေးက
လူ ၆ ယောက်လို အာဃာတအဆိပ်ကိုသောက်ပြီး
သေဖို့ ကြိုးစားနေကြတဲ့သူတွေ အများကြီးပါပဲ။
မီးဖိုဘေးက လူ ၆ ယောက်လို မင်းဘယ်သူလဲ?…
ငါဘယ်သူလဲ ?…မင်းဘာလဲ?…. ငါဘာလဲ ဆိုတဲ့
အတ္တစိတ်တွေ အတတ်နိုင်ဆုံး ပယ်နိုင်ကြရင်
သိပ်ကောင်းမှာပဲဗျာ။
ဦးဘုန်း(ဓာတု) မန္တလေး။

Leave a Comment

Your email address will not be published. Required fields are marked *