Entrepreneur


##Entrepreneurရဲျမင့္ (စြန္႔ဦးတီထြင္)
‘မေရးရင္မျဖစ္ေတာ့ဘူး’ လို႔ ယုံၾကည္မိတဲ့အတြက္ ဒီေခါင္းစဥ္နဲ႔ ဒီေဆာင္းပါးကို ေရးလိုက္ရျခင္း ျဖစ္ပါတယ္ဆိုတာ ဦးစြာဆိုပါရေစ။ ‘ဆရာဝန္ေဆးထိုးမွားရင္ တစ္ေယာက္ပဲေသမွာ၊ ကြၽန္ေတာ္တို႔ စာေရး ဆရာေတြ အေရးမွား၊ အေတြးမွားသြားရင္ ဖတ္ၿပီး လိုက္လုပ္ၾကတဲ့သူေတြ အားလုံး ဒုကၡေရာက္မွာ’ လို႔ စာေရးဆရာတစ္ဦး ေျပာခဲ့ဖူးပါတယ္ခင္ဗ်ာ။ ဒါေၾကာင့္လည္း စီးပြားေရးဆိုင္ရာ ေဆာင္းပါးေတြ ေရးတဲ့အခါမွာ လြန္စြာပဲ သတိထားေရးရပါတယ္။
ဒီေန႔ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ‘စြန္႔ဦးတီထြင္လုပ္ငန္းရွင္’ ဆိုတဲ့ စကားလုံးဟာ အေတာ္ကို ေခတ္စား ေခတ္ထ အသုံးမ်ားေနၾကပါတယ္။ လူႀကီးစြန္႔ဦးတီထြင္ လုပ္ငန္းရွင္အဖြဲ႕၊ လူငယ္ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္အသင္း စသျဖင့္ ႀကီးငယ္႐ြယ္လတ္ အႏုအရင့္မွန္သမွ် ဟိုေနရာ သည္ေနရာ၊ ဟိုၿမိဳ႕ သည္ၿမိဳ႕ေတြမွာ ဖြဲ႕ေနၾကတာ သတင္းစာ၊ ဂ်ာနယ္ေတြမွာ ဖတ္ေနရပါတယ္ခင္ဗ်။
အခုလို ကြၽန္ေတာ္တို႔ႏိုင္ငံမွာ စီးပြားေရးကို လူသစ္၊ မူသစ္၊ စိတ္သစ္၊ စနစ္သစ္ေတြနဲ႔ က်ားကုတ္က်ားခဲ တိုးတက္လာေအာင္ လုပ္ေနတဲ့အခ်ိန္နဲ႔ အခ်ိန္ကိုက္ဆိုေတာ့ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္အဖြဲ႕ေတြ တိုးတက္မ်ားျပား ဖြဲ႕စည္း ပြဲစည္လာတာကို အားရေက်နပ္ျဖစ္ပါတယ္။
ေအာ္ထရာပရာနား
ဒီ “စြန္႔ဦးတီထြင္လုပ္ငန္းရွင္” ဆိုတဲ့ ျပင္သစ္စကားလုံး ကေန၊ အဂၤလိပ္၊ အဂၤလိပ္စကားလုံးကေန ျမန္မာ ေဝါဟာရ ျပဳထားတဲ့ ျမန္မာအသံထြက္ ‘ေအာ္ထရာပရာနား’ (Entrepreneur) စကားလုံး အဓိပၸာယ္ကို တလြဲအမွား အဓိပၸာယ္ဖြင့္ၿပီး လုပ္ကိုင္ေနၾကတဲ့ အခ်ိဳ႕ (အားလုံးကို မဆိုလိုပါ) သူမ်ားအတြက္ လြဲကုန္ၾကမွာစိုးလို႔ စိတ္ပူၿပီး ဒီေဆာင္းပါးကို ေရးလိုက္ရျခင္းျဖစ္ပါတယ္။
တကယ္ေတာ့ Entrepreneur ဆိုတာဟာ သူ႔မူရင္းစကားလုံးက ျပင္သစ္စကားပါ။ အဂၤလိပ္က ဒီစကားလုံး ကို ေမြးစားစကားလုံး (Adopted Word) အေနနဲ႔ ယူလိုက္ပါတယ္။ တိုက္႐ိုက္အဓိပၸာယ္ကေတာ့ ၾကားယူသူ (Between Taker)၊ ဒါမွမဟုတ္ ၾကားတြင္ သြားေနသူ (Go Between) ျဖစ္ပါတယ္။
အလယ္ေခတ္ပညာရွင္တခ်ိဳ႕က ‘လုပ္ငန္းႀကီးလုပ္ကိုင္သူ’ လို႔ အဓိပၸာယ္ဖြင့္သလို ၁၇ ရာစု ပညာရွင္တခ်ိဳ႕ကေတာ့ ‘အစိုးရႏွင့္ ပဋိညာဥ္ယူၿပီး ပုံေသေဈးႏႈန္း သတ္မွတ္ကာ အရႈံးအျမတ္ကို ခံႏိုင္ရည္ရွိသူ’လို႔ ဝိၿဂိဳဟ္ျပဳခဲ့ၾကပါတယ္။ ၁၈ ရာစုပညာရွင္တခ်ိဳ႕ကလည္း ‘စြန္႔စားျခင္း၊ စီမံကိန္းခ်ျခင္း၊ ကြပ္ကဲျခင္း၊ ဖြဲ႕စည္းျခင္း၊ ပိုင္ဆိုင္ျခင္း ရွိေသာသူ’ လို႔ ဖြင့္ဆိုခဲ့ၾကျပန္တယ္။ ၁၉ ရာစု က်ေတာ့ ပညာရွင္ အေတာ္မ်ားမ်ားက ‘တစ္ဦးခ်င္း ပိုင္ဆိုင္သူ၊ ထုတ္လုပ္မႈအတြက္ စီမံခန္႔ခြဲေရးဆိုင္ရာ ကြၽမ္းက်င္မႈေတြကို အထူးေပးသူ’ လို႔ဆိုခဲ့ပါတယ္။ ၂၀ ရာစု စီးပြားေရးပညာရွင္ေတြ ကေတာ့ Entrepreneur ဆိုတာ ‘အင္အားႀကီးသူ၊ အလယ္အလတ္ စြန္႔စားမႈကို ေဆာင္႐ြက္သူ၊ အခြင့္အလမ္းမ်ားကို အမ်ားဆုံး ဖန္တီးႏိုင္သူ၊ လူမႈစီးပြားေရး ယႏၲရားကို တည္ေဆာက္သူ၊ စြန္႔စားမႈေၾကာင့္ ျဖစ္ေပၚလာေသာ ဆုံးရႈံးမႈကို ခံႏိုင္ရည္ရွိသူ’ လို႔ အဓိပၸာယ္ ဖြင့္ၾကျပန္တယ္။
ဒီလိုေရးျပေနရတာကေတာ့ ဒီ Entrepreneur ဆိုတဲ့ ေဝါဟာရနဲ႔ မူလအဓိပၸာယ္ ဇာစ္ျမစ္ကို စီးပြားေရးလုပ္ငန္း ရွင္ေတြ ဂဃနဏ ေလ့လာႏိုင္ေအာင္လို႔ပါ။
ဘ႑ာရေငြ(Tax Revenue )အေပၚမူတည္
အခု ၂၁ ရာစုပိုင္းမွာေတာ့ အေမရိကန္တကၠသိုလ္ Entrepreneurship ဌာနရဲ႕ ပါေမာကၡတစ္ဦးျဖစ္သူ ေဒါက္တာ ေရာဘတ္ဟစ္ရစ္ခ်္ (Robert Hisrich) ကေတာ့ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ဆိုတဲ့ စီးပြားေရး လုပ္ငန္းရွင္ဟာ ေအာက္ေဖာ္ျပပါ အခ်က္အလက္ေတြနဲ႔ ျပည့္စုံရမယ္လို႔ ဆိုပါတယ္။
၁။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ဟာ မိမိရဲ႕ စီးပြားေရး လုပ္ငန္းကို Personal Gain ရလိုမႈအတြက္ ကိုယ္တိုင္ ဖြဲ႕စည္းထူေထာင္တာ၊ ကိုယ္တိုင္ လုပ္ငန္းေဆာင္႐ြက္တာတို႔ ရွိရမယ္။
၂။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ဟာ မိမိစီးပြားေရး လုပ္ငန္းမွာ အသုံးျပဳတဲ့ ႐ုပ္ဝတၳဳပိုင္းဆိုင္ရာ ကုန္ၾကမ္း ပစၥည္းေတြ၊ ေျမ၊ အလုပ္သမားခ၊ လိုအပ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို စီးပြားေရးစတင္ လုပ္ကိုင္တဲ့ အခ်ိန္မွာ ရွိေနတဲ့ လက္ငင္းေပါက္ေဈး (Current Price ) နဲ႔ ဝယ္ယူအသုံးျပဳ၊ ေပးကမ္းေဆာင္႐ြက္သူ ျဖစ္ရမယ္။
၃။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ဟာ မိမိစီးပြားေရး လုပ္ငန္းမွာ စီမံခ်က္ေရးဆြဲတာ၊ ဖြဲ႕စည္းပုံေတြ ခ်မွတ္တာ၊ အုပ္ခ်ဳပ္မႈပိုင္းဆိုင္ရာ လုပ္ေဆာင္တာတို႔မွာ ကိုယ္တိုင္ ဦးေဆာင္မႈ ေပးရမယ္။ ကြၽမ္းက်င္မႈနဲ႔ ထိုးထြင္း ႀကံဆမႈ ေပးတတ္ရမယ္။
၄။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ဟာ မိမိရဲ႕ စီးပြားေရး လုပ္ငန္းမွာ ႀကိဳတင္မျမင္ႏိုင္တဲ့ ကိစၥရပ္ေတြနဲ႔ မိမိကိုယ္တိုင္ မထိန္းသိမ္းႏိုင္တဲ့ ကိစၥရပ္ေတြေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ ဆုံးရႈံးမႈမ်ိဳးကို ခံႏိုင္စြမ္းရွိရမယ္။
၅။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ဟာ မိမိရဲ႕ စီးပြားေရး လုပ္ငန္းလုပ္ေဆာင္မႈအရ ေပးေဆာင္ရမယ့္ အခြန္အခ၊ စရိတ္စက မွန္သမွ်ကို ေပးေဆာင္ၿပီးမွ အသားတင္က်န္ရွိတဲ့ အက်ိဳးအျမတ္ကိုသာ မိမိအတြက္ ထိန္းသိမ္းသူ ျဖစ္ရမယ္။ အထူးသျဖင့္ ဒီေနရာမွာ အထက္ကေဖာ္ျပခဲ့တဲ့အခ်က္ ငါးခ်က္ထဲက ေနာက္ဆုံးအခ်က္ကို အေလးေပး ေျပာခ်င္ ပါတယ္။ ‘ေပးေဆာင္ရမယ့္ အခြန္အခ၊ စရိတ္စက မွန္သမွ်ကို ေပးေဆာင္ၿပီးမွ…’ လို႔ ဆိုထားေတာ့ ဒီေန႔ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္လို႔ အမည္ခံထားတဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြအေနနဲ႔ ဒီအခ်က္နဲ႔ ကိုက္မွကိုက္ညီပါ့ မလားလို႔ ပူပန္မိပါတယ္။
ႏိုင္ငံေတာ္ကို အခြန္အခေတာ့ ေပးပါရဲ႕၊ ဒါေပမယ့္ မွန္ကန္တဲ့တြက္ခ်က္မႈကေန ထြက္ေပၚလာတဲ့ အခြန္အခမွ ဟုတ္ပါရဲ႕လား။ တကယ္အမွန္ ဝင္ေငြေပၚကပဲ တြက္တာလား၊ ဒါမွမဟုတ္ တကယ့္အမွန္ ေရာင္းရေငြေပၚက တြက္တာလားဆိုတာကေတာ့ သက္ဆိုင္ရာ ကာယကံရွင္ေတြျဖစ္တဲ့ စီးပြားေရး လုပ္ငန္းရွင္ေတြရဲ႕ လိပ္ျပာသန္႔သန္႔ ခံစားမႈေပၚက ရလာတဲ့အေျဖကပဲ အမွန္တရားကို ေျပာျပႏိုင္ပါလိမ့္မယ္။ စာေရးသူ လိုက္မမီပါဘူး။ ဒါေပမယ့္ စာေရးသူ ႐ိုးသားစြာ နားလည္ထားတာ၊ သိထားတာ တစ္ခုကေတာ့ ႏိုင္ငံေတာ္အစိုးရက ျပည္သူလူထု အက်ိဳးအတြက္ ေဆာင္႐ြက္ေပးရတဲ့ ျပည္သူ႔ အက်ိဳးျပဳလုပ္ငန္း၊ ပေရာဂ်က္ အေတာ္မ်ားမ်ားက ႏိုင္ငံေတာ္အခြန္ ဘ႑ာရေငြ (Tax Revenue) အေပၚ မူတည္ေနတယ္ ဆိုတာပဲျဖစ္တယ္။
ႏိုင္ငံေတာ္အေနနဲ႔ ရသင့္ရထိုက္တဲ့အခြန္အခေတြ မရရင္ လုပ္သင့္လုပ္ထိုက္တဲ့ ျပည္သူ႔အက်ိဳးျပဳ လုပ္ငန္းေတြမွာ ရည္မွန္းသေလာက္ လုပ္ႏိုင္မွာ မဟုတ္ဘူးဆိုတာေလးေတြကိုေတာ့ သေဘာေပါက္တယ္။ ဝင္ေငြရွိတဲ့ ဝန္ႀကီးဌာနေတြက ဝင္ေငြမရွိတဲ့ ဝန္ႀကီးဌာနေတြကို ခြဲေဝရမွာျဖစ္ေတာ့ စီးပြားေရး လုပ္ငန္းရွင္ေတြက မွန္ကန္တဲ့ အခြန္အခေတြကို မေပးခဲ့ရင္ အက်ိဳးဆက္က ေနာက္ဆုံးျပည္သူေတြပဲ ခံရမွာေလ။ ဒီေလာက္ေရးျပရင္ စြန္႔ဦး တီထြင္လုပ္ငန္းရွင္ေတြျဖစ္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြ သေဘာေပါက္ၾကမွာပါ။
ဒီေတာ့ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မွာ ရွိရတဲ့အခ်က္ အလက္ေတြကို ျပန္ၿပီး ေစ့ေစ့ငငေလ့လာရင္ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ေတြဟာ ခြင္သမားမဟုတ္ဘူး၊ ႐ိုက္စားလည္း မဟုတ္ဘူး၊ ေဟာက္စားလည္း မဟုတ္ဘူး၊ ပါးပါးလည္း မလွီးဘူး၊ အတုံးလိုက္ အတစ္လိုက္လည္း မလွီးဘူး၊ လိုရင္လိုသလို မလိုရင္ မလိုသလို စီးပြားေရးလုပ္ငန္း တစ္ခုနဲ႔တစ္ခု ခုန္ေနတဲ့ Jumper လည္းမဟုတ္ ဘူးဆိုတာ ေသခ်ာတယ္။
အၿမဲတမ္း မွန္ကန္ေနတဲ့ ပရမတၱသစၥာတရား
စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ဟာ တကယ့္ကို စီးပြားေရး အက်င့္သိကၡာ (Business Ethics ) ျပည့္ျပည့္ဝဝနဲ႔ ေရွ႕ကို တည့္တည့္မတ္မတ္ (Straight Forward) သြားေနတဲ့သူ ျဖစ္တယ္ဆိုတာ ေသခ်ာတယ္။
‘ ႐ိုးသားမွန္ကန္စြာ စီးပြားရွာတဲ့သူတိုင္း ဘယ္လိုေခတ္ ကာလမွာမဆို စိတ္ရဲ႕ခ်မ္းသာျခင္း၊ ကိုယ္ရဲ႕ ခ်မ္းသာျခင္းတို႔နဲ႔ ျပည့္စုံမယ္’ ဆိုတဲ့ အဆိုျပဳခ်က္ဟာ အၿမဲတမ္း မွန္ကန္ေနတဲ့ ပရမတၱသစၥာတရား (Absolute Truth) လို႔ စာေရးသူကဆိုရင္ လြန္မယ္မထင္ပါဘူး။
စာေရးသူအေနနဲ႔ အႀကံျပဳခ်င္တာကေတာ့ ‘စြန္႔ဦးတီထြင္ လုပ္ငန္းရွင္’ အဖြဲ႕အစည္းေတြ၊ အသင္းေတြ ဖြဲ႕ၿပီ ဆိုရင္ အေမရိကန္ ဟားဗတ္တကၠသိုလ္က Professor Dr. Robert Hisrich ့ နဲ႔ တူလ္ဆာတကၠသိုလ္ Professor Dr. Michal Peter တို႔ေရးတဲ့ “Entrepreneurship” စာအုပ္ကို ေက်ေက်ညက္ညက္ေလး ဖတ္ရႈေလ့လာၿပီးမွ လုပ္ေစခ်င္ပါတယ္။ အေတာ္ေလးလည္း အေသးစိတ္ေရးထားပါတယ္။
အခုအခ်ိန္မွာ “Think Global, Act Local” ကေန Think Global, Act Global ေျပာင္းေနၿပီဆိုတာ ကိုေတာ့ သတိခ်ပ္ဖို႔လိုပါတယ္။ ေလးေလးနက္နက္ ေျပာခ်င္တာတစ္ခုကေတာ့ ‘စီးပြား ေရးလုပ္ငန္းရွင္တိုင္းဟာ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ မဟုတ္ဘူး’ ဆိုတာပဲျဖစ္ပါတယ္။
ေၾကးမုံ
special News:
***
ရဲမြင့် (စွန့်ဦးတီထွင်)
‘မရေးရင်မဖြစ်တော့ဘူး’ လို့ ယုံကြည်မိတဲ့အတွက် ဒီခေါင်းစဉ်နဲ့ ဒီဆောင်းပါးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်ဆိုတာ ဦးစွာဆိုပါရစေ။ ‘ဆရာဝန်ဆေးထိုးမှားရင် တစ်ယောက်ပဲသေမှာ၊ ကျွန်တော်တို့ စာရေး ဆရာတွေ အရေးမှား၊ အတွေးမှားသွားရင် ဖတ်ပြီး လိုက်လုပ်ကြတဲ့သူတွေ အားလုံး ဒုက္ခရောက်မှာ’ လို့ စာရေးဆရာတစ်ဦး ပြောခဲ့ဖူးပါတယ်ခင်ဗျာ။ ဒါကြောင့်လည်း စီးပွားရေးဆိုင်ရာ ဆောင်းပါးတွေ ရေးတဲ့အခါမှာ လွန်စွာပဲ သတိထားရေးရပါတယ်။
ဒီနေ့ ကျွန်တော်တို့ နိုင်ငံမှာ ‘စွန့်ဦးတီထွင်လုပ်ငန်းရှင်’ ဆိုတဲ့ စကားလုံးဟာ အတော်ကို ခေတ်စား ခေတ်ထ အသုံးများနေကြပါတယ်။ လူကြီးစွန့်ဦးတီထွင် လုပ်ငန်းရှင်အဖွဲ့၊ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်း စသဖြင့် ကြီးငယ်ရွယ်လတ် အနုအရင့်မှန်သမျှ ဟိုနေရာ သည်နေရာ၊ ဟိုမြို့ သည်မြို့တွေမှာ ဖွဲ့နေကြတာ သတင်းစာ၊ ဂျာနယ်တွေမှာ ဖတ်နေရပါတယ်ခင်ဗျ။
အခုလို ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးကို လူသစ်၊ မူသစ်၊ စိတ်သစ်၊ စနစ်သစ်တွေနဲ့ ကျားကုတ်ကျားခဲ တိုးတက်လာအောင် လုပ်နေတဲ့အချိန်နဲ့ အချိန်ကိုက်ဆိုတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်အဖွဲ့တွေ တိုးတက်များပြား ဖွဲ့စည်း ပွဲစည်လာတာကို အားရကျေနပ်ဖြစ်ပါတယ်။
အော်ထရာပရာနား
ဒီ “စွန့်ဦးတီထွင်လုပ်ငန်းရှင်” ဆိုတဲ့ ပြင်သစ်စကားလုံး ကနေ၊ အင်္ဂလိပ်၊ အင်္ဂလိပ်စကားလုံးကနေ မြန်မာ ဝေါဟာရ ပြုထားတဲ့ မြန်မာအသံထွက် ‘အော်ထရာပရာနား’ (Entrepreneur) စကားလုံး အဓိပ္ပာယ်ကို တလွဲအမှား အဓိပ္ပာယ်ဖွင့်ပြီး လုပ်ကိုင်နေကြတဲ့ အချို့ (အားလုံးကို မဆိုလိုပါ) သူများအတွက် လွဲကုန်ကြမှာစိုးလို့ စိတ်ပူပြီး ဒီဆောင်းပါးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
တကယ်တော့ Entrepreneur ဆိုတာဟာ သူ့မူရင်းစကားလုံးက ပြင်သစ်စကားပါ။ အင်္ဂလိပ်က ဒီစကားလုံး ကို မွေးစားစကားလုံး (Adopted Word) အနေနဲ့ ယူလိုက်ပါတယ်။ တိုက်ရိုက်အဓိပ္ပာယ်ကတော့ ကြားယူသူ (Between Taker)၊ ဒါမှမဟုတ် ကြားတွင် သွားနေသူ (Go Between) ဖြစ်ပါတယ်။
အလယ်ခေတ်ပညာရှင်တချို့က ‘လုပ်ငန်းကြီးလုပ်ကိုင်သူ’ လို့ အဓိပ္ပာယ်ဖွင့်သလို ၁၇ ရာစု ပညာရှင်တချို့ကတော့ ‘အစိုးရနှင့် ပဋိညာဉ်ယူပြီး ပုံသေဈေးနှုန်း သတ်မှတ်ကာ အရှုံးအမြတ်ကို ခံနိုင်ရည်ရှိသူ’လို့ ဝိဂြိုဟ်ပြုခဲ့ကြပါတယ်။ ၁၈ ရာစုပညာရှင်တချို့ကလည်း ‘စွန့်စားခြင်း၊ စီမံကိန်းချခြင်း၊ ကွပ်ကဲခြင်း၊ ဖွဲ့စည်းခြင်း၊ ပိုင်ဆိုင်ခြင်း ရှိသောသူ’ လို့ ဖွင့်ဆိုခဲ့ကြပြန်တယ်။ ၁၉ ရာစု ကျတော့ ပညာရှင် အတော်များများက ‘တစ်ဦးချင်း ပိုင်ဆိုင်သူ၊ ထုတ်လုပ်မှုအတွက် စီမံခန့်ခွဲရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို အထူးပေးသူ’ လို့ဆိုခဲ့ပါတယ်။ ၂၀ ရာစု စီးပွားရေးပညာရှင်တွေ ကတော့ Entrepreneur ဆိုတာ ‘အင်အားကြီးသူ၊ အလယ်အလတ် စွန့်စားမှုကို ဆောင်ရွက်သူ၊ အခွင့်အလမ်းများကို အများဆုံး ဖန်တီးနိုင်သူ၊ လူမှုစီးပွားရေး ယန္တရားကို တည်ဆောက်သူ၊ စွန့်စားမှုကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုကို ခံနိုင်ရည်ရှိသူ’ လို့ အဓိပ္ပာယ် ဖွင့်ကြပြန်တယ်။
ဒီလိုရေးပြနေရတာကတော့ ဒီ Entrepreneur ဆိုတဲ့ ဝေါဟာရနဲ့ မူလအဓိပ္ပာယ် ဇာစ်မြစ်ကို စီးပွားရေးလုပ်ငန်း ရှင်တွေ ဂဃနဏ လေ့လာနိုင်အောင်လို့ပါ။
ဘဏ္ဍာရငွေ(Tax Revenue )အပေါ်မူတည်
အခု ၂၁ ရာစုပိုင်းမှာတော့ အမေရိကန်တက္ကသိုလ် Entrepreneurship ဌာနရဲ့ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာ ရောဘတ်ဟစ်ရစ်ချ် (Robert Hisrich) ကတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတဲ့ စီးပွားရေး လုပ်ငန်းရှင်ဟာ အောက်ဖော်ပြပါ အချက်အလက်တွေနဲ့ ပြည့်စုံရမယ်လို့ ဆိုပါတယ်။
၁။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိရဲ့ စီးပွားရေး လုပ်ငန်းကို Personal Gain ရလိုမှုအတွက် ကိုယ်တိုင် ဖွဲ့စည်းထူထောင်တာ၊ ကိုယ်တိုင် လုပ်ငန်းဆောင်ရွက်တာတို့ ရှိရမယ်။
၂။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေး လုပ်ငန်းမှာ အသုံးပြုတဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ကုန်ကြမ်း ပစ္စည်းတွေ၊ မြေ၊ အလုပ်သမားခ၊ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စီးပွားရေးစတင် လုပ်ကိုင်တဲ့ အချိန်မှာ ရှိနေတဲ့ လက်ငင်းပေါက်ဈေး (Current Price ) နဲ့ ဝယ်ယူအသုံးပြု၊ ပေးကမ်းဆောင်ရွက်သူ ဖြစ်ရမယ်။
၃။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိစီးပွားရေး လုပ်ငန်းမှာ စီမံချက်ရေးဆွဲတာ၊ ဖွဲ့စည်းပုံတွေ ချမှတ်တာ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ဆောင်တာတို့မှာ ကိုယ်တိုင် ဦးဆောင်မှု ပေးရမယ်။ ကျွမ်းကျင်မှုနဲ့ ထိုးထွင်း ကြံဆမှု ပေးတတ်ရမယ်။
၄။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိရဲ့ စီးပွားရေး လုပ်ငန်းမှာ ကြိုတင်မမြင်နိုင်တဲ့ ကိစ္စရပ်တွေနဲ့ မိမိကိုယ်တိုင် မထိန်းသိမ်းနိုင်တဲ့ ကိစ္စရပ်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆုံးရှုံးမှုမျိုးကို ခံနိုင်စွမ်းရှိရမယ်။
၅။ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဟာ မိမိရဲ့ စီးပွားရေး လုပ်ငန်းလုပ်ဆောင်မှုအရ ပေးဆောင်ရမယ့် အခွန်အခ၊ စရိတ်စက မှန်သမျှကို ပေးဆောင်ပြီးမှ အသားတင်ကျန်ရှိတဲ့ အကျိုးအမြတ်ကိုသာ မိမိအတွက် ထိန်းသိမ်းသူ ဖြစ်ရမယ်။ အထူးသဖြင့် ဒီနေရာမှာ အထက်ကဖော်ပြခဲ့တဲ့အချက် ငါးချက်ထဲက နောက်ဆုံးအချက်ကို အလေးပေး ပြောချင် ပါတယ်။ ‘ပေးဆောင်ရမယ့် အခွန်အခ၊ စရိတ်စက မှန်သမျှကို ပေးဆောင်ပြီးမှ…’ လို့ ဆိုထားတော့ ဒီနေ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်လို့ အမည်ခံထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ဒီအချက်နဲ့ ကိုက်မှကိုက်ညီပါ့ မလားလို့ ပူပန်မိပါတယ်။
နိုင်ငံတော်ကို အခွန်အခတော့ ပေးပါရဲ့၊ ဒါပေမယ့် မှန်ကန်တဲ့တွက်ချက်မှုကနေ ထွက်ပေါ်လာတဲ့ အခွန်အခမှ ဟုတ်ပါရဲ့လား။ တကယ်အမှန် ဝင်ငွေပေါ်ကပဲ တွက်တာလား၊ ဒါမှမဟုတ် တကယ့်အမှန် ရောင်းရငွေပေါ်က တွက်တာလားဆိုတာကတော့ သက်ဆိုင်ရာ ကာယကံရှင်တွေဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လိပ်ပြာသန့်သန့် ခံစားမှုပေါ်က ရလာတဲ့အဖြေကပဲ အမှန်တရားကို ပြောပြနိုင်ပါလိမ့်မယ်။ စာရေးသူ လိုက်မမီပါဘူး။ ဒါပေမယ့် စာရေးသူ ရိုးသားစွာ နားလည်ထားတာ၊ သိထားတာ တစ်ခုကတော့ နိုင်ငံတော်အစိုးရက ပြည်သူလူထု အကျိုးအတွက် ဆောင်ရွက်ပေးရတဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်း၊ ပရောဂျက် အတော်များများက နိုင်ငံတော်အခွန် ဘဏ္ဍာရငွေ (Tax Revenue) အပေါ် မူတည်နေတယ် ဆိုတာပဲဖြစ်တယ်။
နိုင်ငံတော်အနေနဲ့ ရသင့်ရထိုက်တဲ့အခွန်အခတွေ မရရင် လုပ်သင့်လုပ်ထိုက်တဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေမှာ ရည်မှန်းသလောက် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာလေးတွေကိုတော့ သဘောပေါက်တယ်။ ဝင်ငွေရှိတဲ့ ဝန်ကြီးဌာနတွေက ဝင်ငွေမရှိတဲ့ ဝန်ကြီးဌာနတွေကို ခွဲဝေရမှာဖြစ်တော့ စီးပွားရေး လုပ်ငန်းရှင်တွေက မှန်ကန်တဲ့ အခွန်အခတွေကို မပေးခဲ့ရင် အကျိုးဆက်က နောက်ဆုံးပြည်သူတွေပဲ ခံရမှာလေ။ ဒီလောက်ရေးပြရင် စွန့်ဦး တီထွင်လုပ်ငန်းရှင်တွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သဘောပေါက်ကြမှာပါ။
ဒီတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်မှာ ရှိရတဲ့အချက် အလက်တွေကို ပြန်ပြီး စေ့စေ့ငငလေ့လာရင် စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ ခွင်သမားမဟုတ်ဘူး၊ ရိုက်စားလည်း မဟုတ်ဘူး၊ ဟောက်စားလည်း မဟုတ်ဘူး၊ ပါးပါးလည်း မလှီးဘူး၊ အတုံးလိုက် အတစ်လိုက်လည်း မလှီးဘူး၊ လိုရင်လိုသလို မလိုရင် မလိုသလို စီးပွားရေးလုပ်ငန်း တစ်ခုနဲ့တစ်ခု ခုန်နေတဲ့ Jumper လည်းမဟုတ် ဘူးဆိုတာ သေချာတယ်။
အမြဲတမ်း မှန်ကန်နေတဲ့ ပရမတ္တသစ္စာတရား
စွန့်ဦးတီထွင် လုပ်ငန်းရှင်ဟာ တကယ့်ကို စီးပွားရေး အကျင့်သိက္ခာ (Business Ethics ) ပြည့်ပြည့်ဝဝနဲ့ ရှေ့ကို တည့်တည့်မတ်မတ် (Straight Forward) သွားနေတဲ့သူ ဖြစ်တယ်ဆိုတာ သေချာတယ်။
‘ ရိုးသားမှန်ကန်စွာ စီးပွားရှာတဲ့သူတိုင်း ဘယ်လိုခေတ် ကာလမှာမဆို စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ ချမ်းသာခြင်းတို့နဲ့ ပြည့်စုံမယ်’ ဆိုတဲ့ အဆိုပြုချက်ဟာ အမြဲတမ်း မှန်ကန်နေတဲ့ ပရမတ္တသစ္စာတရား (Absolute Truth) လို့ စာရေးသူကဆိုရင် လွန်မယ်မထင်ပါဘူး။
စာရေးသူအနေနဲ့ အကြံပြုချင်တာကတော့ ‘စွန့်ဦးတီထွင် လုပ်ငန်းရှင်’ အဖွဲ့အစည်းတွေ၊ အသင်းတွေ ဖွဲ့ပြီ ဆိုရင် အမေရိကန် ဟားဗတ်တက္ကသိုလ်က Professor Dr. Robert Hisrich့ နဲ့ တူလ်ဆာတက္ကသိုလ် Professor Dr. Michal Peter တို့ရေးတဲ့ “Entrepreneurship” စာအုပ်ကို ကျေကျေညက်ညက်လေး ဖတ်ရှုလေ့လာပြီးမှ လုပ်စေချင်ပါတယ်။ အတော်လေးလည်း အသေးစိတ်ရေးထားပါတယ်။
အခုအချိန်မှာ “Think Global, Act Local” ကနေ Think Global, Act Global ပြောင်းနေပြီဆိုတာ ကိုတော့ သတိချပ်ဖို့လိုပါတယ်။ လေးလေးနက်နက် ပြောချင်တာတစ်ခုကတော့ ‘စီးပွား ရေးလုပ်ငန်းရှင်တိုင်းဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင် မဟုတ်ဘူး’ ဆိုတာပဲဖြစ်ပါတယ်။
ကြေးမုံ
special News:

Leave a Comment

Your email address will not be published.