ကိုယ့္ပိုင္ဆိုင္မႈေတြကို ကိုယ္တိုင္ဖန္တီးပါ

ကိုယ့္ပိုင္ဆိုင္မႈေတြကို ကိုယ္တိုင္ဖန္တီးပါ
ေရလိုအပ္ရင္ ေရပံုးထမ္းျပီး ေရသယ္လို႕လည္း ရသလို ေရပိုက္သြယ္တဲ့နည္းနဲ႔ ေရေတြ၀င္လာေအာင္ လုပ္လို႔လည္းရပါတယ္။
ေရပံုးထမ္းျပီး ေရသယ္တာဟာ ေရရွိရာေနာက္ကို လိုက္ရွာကာခပ္ယူတာျဖစ္ျပီး ေရပိုက္သြယ္တာကေတာ့ ေရရွိရာအရပ္က ေရေတြ ကိုယ့္ဆီစီး၀င္လာေအာင္ လုပ္တာျဖစ္ပါတယ္။
ဒီလိုပါပဲ ေငြေတြ ကိုယ့္ေနာက္လိုက္လာေစဖို႔ဆိုရင္
ေငြေတြရွိတဲ့ေနရာက ေငြေတြကို ပိုက္သြယ္ျပီး ေငြဘံုဘိုင္အျဖစ္ ကိုယ့္ဆီ စီး၀င္လာေအာင္ ေငြ၀င္လမ္းေၾကာင္းေတြကို ဖန္တီးထားဖို႔လိုအပ္ပါတယ္။
ေငြဘံုဘိုင္ အျဖစ္ ဖန္တီးတည္ေဆာက္ျပီး ေငြေတြစီး၀င္လာေအာင္ လုပ္တယ္ဆိုတာ တျခားမဟုတ္ပါဘူး။
ကိုယ့္ရဲ႕ ပိုင္ဆိုင္မႈ အျဖစ္ ရင္းႏွီးျမွဳပ္ႏွံမႈေတြ၊ ကိုယ္ပိုင္လုပ္ငန္းေတြကို တည္ေဆာက္တာပဲ ျဖစ္ပါတယ္။
သူေဌးဆိုတဲ့ ပုဂၢိဳလ္ၾကီးေတြဟာ အလုပ္ကို အခ်ိန္ျပည့္ နဖူးကေခၽး ေျခမက်ေအာင္ ပင္ပင္ပန္းပန္းလုပ္စရာ မလိုပဲ ေငြေတြ တလွိမ့္လွိမ့္ ၀င္လာေစတာကေတာ့ သူတို႔ရဲ႕ ဖန္တီးထားတဲ့ ပိုင္ဆိုင္မႈေတြေၾကာင့္ ျဖစ္ပါတယ္။
သူတို႔ဟာ ေငြေတြ သူတို႔ေနာက္ကို လိုက္လာေအာင္ ဖန္တီးၾကသူေတြျဖစ္ပါတယ္။
ပိုင္ဆိုင္မႈအျဖစ္ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို တည္ေဆာက္တာဟာ အပင္တစ္ပင္ကို စိုက္ပ်ိဳးတာနဲ႔ တူပါတယ္။
အပင္ဟာ ငယ္စဥ္မွာ ကိုယ့္ရဲ႕ ျပဳစုေစာင့္ေရွာက္မႈကို လိုအပ္ေပမယ့္ ၾကီးထြားလာတဲ့အခါမွာ ကိုယ့္ကို ျပန္လည္ေစာင့္ေရွာက္ပါတယ္။
ပိုင္ဆိုင္မႈဟာ စတင္ရင္းႏွီးတည္ေဆာက္စဥ္မွာ ပင္ပန္းသေလာက္ သူကျပန္လည္ အလုပ္အေကၽးျပဳျပီဆိုရင္လည္း အသီးအပြင့္ကို ေအးေအးေဆးေဆး ခံစားရံုပါပဲ။
အပင္ေတြ မ်ားမ်ားစိုက္ေလေလ အသီးေတြ မ်ားမ်ားရေလေလ ျဖစ္သလို ပိုင္ဆိုင္မႈေတြ မ်ားေလေလ ေငြေၾကးစီး၀င္မႈေတြ မ်ားေလေလပဲျဖစ္ပါတယ္။
ဒါေၾကာင့္ ေငြေတြ ကိုယ့္ေနာက္လိုက္တာကို လုိခ်င္တယ္ဆိုရင္ ေငြဘံုဘိုင္ေတြ၊ ေငြပင္လယ္ေတြကို အခုပဲ စတင္တည္ေဆာက္ စိုက္ပ်ိဳးလိုက္ဖို႔ လိုပါတယ္။
ကိုယ့္ရဲ႕ လစဥ္ေငြကို ထိန္းထိန္းသိမ္းသိမ္းနဲ႔ စနစ္တက် စုေဆာင္းထားျပီး ပိုင္ဆိုင္မႈ အျဖစ္ အသြင္ေျပာင္းလို႔ ေငြကို အရွိန္ျမွင့္တင္ အပြားခတ္ႏိုင္ရင္ ဘံုဘိုင္က ေငြေတြ ဒလေဟာက်လာမွာျဖစ္ပါတယ္။
Credit: original writer
***
ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ
ရေလိုအပ်ရင် ရေပုံးထမ်းပြီး ရေသယ်လို့လည်း ရသလို ရေပိုက်သွယ်တဲ့နည်းနဲ့ ရေတွေဝင်လာအောင် လုပ်လို့လည်းရပါတယ်။
ရေပုံးထမ်းပြီး ရေသယ်တာဟာ ရေရှိရာနောက်ကို လိုက်ရှာကာခပ်ယူတာဖြစ်ပြီး ရေပိုက်သွယ်တာကတော့ ရေရှိရာအရပ်က ရေတွေ ကိုယ့်ဆီစီးဝင်လာအောင် လုပ်တာဖြစ်ပါတယ်။
ဒီလိုပါပဲ ငွေတွေ ကိုယ့်နောက်လိုက်လာစေဖို့ဆိုရင်
ငွေတွေရှိတဲ့နေရာက ငွေတွေကို ပိုက်သွယ်ပြီး ငွေဘုံဘိုင်အဖြစ် ကိုယ့်ဆီ စီးဝင်လာအောင် ငွေဝင်လမ်းကြောင်းတွေကို ဖန်တီးထားဖို့လိုအပ်ပါတယ်။
ငွေဘုံဘိုင် အဖြစ် ဖန်တီးတည်ဆောက်ပြီး ငွေတွေစီးဝင်လာအောင် လုပ်တယ်ဆိုတာ တခြားမဟုတ်ပါဘူး။
ကိုယ့်ရဲ့ ပိုင်ဆိုင်မှု အဖြစ် ရင်းနှီးမြှုပ်နှံမှုတွေ၊ ကိုယ်ပိုင်လုပ်ငန်းတွေကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။
သူဌေးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အလုပ်ကို အချိန်ပြည့် နဖူးကချေး ခြေမကျအောင် ပင်ပင်ပန်းပန်းလုပ်စရာ မလိုပဲ ငွေတွေ တလှိမ့်လှိမ့် ဝင်လာစေတာကတော့ သူတို့ရဲ့ ဖန်တီးထားတဲ့ ပိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်။
သူတို့ဟာ ငွေတွေ သူတို့နောက်ကို လိုက်လာအောင် ဖန်တီးကြသူတွေဖြစ်ပါတယ်။
ပိုင်ဆိုင်မှုအဖြစ် ရင်းနှီးမြှုပ်နှံမှုတွေကို တည်ဆောက်တာဟာ အပင်တစ်ပင်ကို စိုက်ပျိုးတာနဲ့ တူပါတယ်။
အပင်ဟာ ငယ်စဉ်မှာ ကိုယ့်ရဲ့ ပြုစုစောင့်ရှောက်မှုကို လိုအပ်ပေမယ့် ကြီးထွားလာတဲ့အခါမှာ ကိုယ့်ကို ပြန်လည်စောင့်ရှောက်ပါတယ်။
ပိုင်ဆိုင်မှုဟာ စတင်ရင်းနှီးတည်ဆောက်စဉ်မှာ ပင်ပန်းသလောက် သူကပြန်လည် အလုပ်အကျေးပြုပြီဆိုရင်လည်း အသီးအပွင့်ကို အေးအေးဆေးဆေး ခံစားရုံပါပဲ။
အပင်တွေ များများစိုက်လေလေ အသီးတွေ များများရလေလေ ဖြစ်သလို ပိုင်ဆိုင်မှုတွေ များလေလေ ငွေကြေးစီးဝင်မှုတွေ များလေလေပဲဖြစ်ပါတယ်။
ဒါကြောင့် ငွေတွေ ကိုယ့်နောက်လိုက်တာကို လိုချင်တယ်ဆိုရင် ငွေဘုံဘိုင်တွေ၊ ငွေပင်လယ်တွေကို အခုပဲ စတင်တည်ဆောက် စိုက်ပျိုးလိုက်ဖို့ လိုပါတယ်။
ကိုယ့်ရဲ့ လစဉ်ငွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စနစ်တကျ စုဆောင်းထားပြီး ပိုင်ဆိုင်မှု အဖြစ် အသွင်ပြောင်းလို့ ငွေကို အရှိန်မြှင့်တင် အပွားခတ်နိုင်ရင် ဘုံဘိုင်က ငွေတွေ ဒလဟောကျလာမှာဖြစ်ပါတယ်။
Credit: original writer

Leave a Comment

Your email address will not be published. Required fields are marked *