Business Loan

လုပ်ငန်းတွေလုပ်တဲ့အခါ
ထပ်မံပြီး လုပ်ငန်းတိုးချဲ့ဖို့အတွက် (သို့) အရေးပေါ်လိုအပ်လိုပဲ ဖြစ်ဖြစ် ချေးငွေယူကြရတယ်။
ချေးငွေယူတဲ့အခါ ဘယ်လိုစာရင်းသွင်းကြမလဲ
***
1)
ပထမဆုံး ချေးငွေဆိုတာ လုပ်ငန်းက အခြားသူကို ပေးရန်ရှိတာမို့ Liabilities ခေါင်းစဥ်နဲ့ စာရင်းခေါင်းစဥ် အသစ်တစ်ခု ပြုလုပ်ရပါမယ်။
***
Settings >> Chart of Accounts

2) ချေးငွေ အတွက် ပေးရတဲ့ အတိုးဆိုတာ လုပ်ငန်းအတွက် စရိတ်တစ်ခု မို့ Expenses ခေါင်းစဥ်နဲ့ စာရင်းခေါင်းစဥ် အသစ်တစ်ခု ပြုလုပ်ရပါမယ်။
***
Settings >> Chart of Accounts

3) ဒီဇင်ဘာ လ (၁) ရက် ၂၀၁၈ မှာ လုပ်ငန်းက ချေးငွေ သိန်း တစ်ရာ ကျပ် ကို လစဥ် အတိုးနှုန်း ၂.၅ ရာခိုင်နှုန်း နဲ့ ရယူခဲ့ပါတယ်။
လုပ်ငန်းထဲ သို့ ငွေဝင်လာတဲ့ အတွက် Receipts and Payments >> New Receipt
ချေးငွေ သိန်းတစ်ရာကို ဘဏ်စာရင်းသို့ ထည့်သွင်းပါတယ်။
***

4) လုပ်ငန်း၏ Assets ဖြစ်သော AYA Bank စာရင်းတွင် သိန်းတစ်ရာ တိုးလာ ပြီး၊ Liabilities ဖြစ်သော Loan တွင် လည်း သိန်းတစ်ရာ တိုးလာပါတယ်။
***

5) ဒီဇင်ဘာ လကုန်တွင် အတိုးပေးရမည် ဖြစ်ပါတယ်။ လုပ်ငန်းထဲ မှ ငွေထွက်သွားတဲ့ အတွက် Receipts and Payments >> New Payment
***

6) ဇန်နဝါရီ လကုန်တွင် အရင်း တစ်ဆယ်သိန်းကျပ်နှင့် သိန်းတစ်ရာ အတွက် အတိုး ပေးသွင်းပါမည်။
လုပ်ငန်းထဲ မှ ငွေထွက်သွားတဲ့ အတွက် Receipts and Payments >> New Payment
အတိုးပေးငွေနှင့် အရင်းပြန်ဆပ်ငွေကို စာရင်းခေါင်းစဥ်မတူ သောကြောင့် ၂ကြောင်းခွဲသွင်းရပါမည်။
***

7) လုပ်ငန်း၏ Assets ဖြစ်သော Main Cash စာရင်းတွင် လျော့သွားပါမည်။ Liabilities ဖြစ်သော Loan တွင် လည်း တစ်ဆယ်သိန်းလျော့သွားပါတယ်။
***

8) ချေးငွေ အသေးစိတ်စာရင်းကို Summary>> Loan ကို နှိပ်ကာ ကြည့်နိုင်ပါတယ်။
***

အသုံးပြုခ လစဉ်ကြေး ၃၀၀၀၀ ကျပ်
ဆက်သွယ်ရန် 09 977 160 671
***
MSME Books (Cloud based accounting system)
#BCN
#Loan
#MSME_Books
#Thida@BCN

Leave a Comment

Your email address will not be published. Required fields are marked *