Micro Managing???


Micro Managing လား???
==================
ဒူဘိုင္းရဲ႕ ေစာ္ဘြားႀကီးဟာ အေမွ်ာ္အျမင္ႀကီးလွပါတယ္။ တစ္ေန႔ သူ႔ရဲ႕ အစိုုးရအရာရွိႀကီးေတြကို အခမ္းအနားနဲ႔ဖိတ္ၿပီး လမ္းၫႊန္ခ်က္ေပးခဲ့ပါတည္။ သူ႔ရဲ႕ အစိုးရလုပ္ငန္းစဥ္ေတြမွာ paperless ျဖစ္တဲ့ Smart Government ျဖစ္ေအာင္ ခိုင္းေစပါတယ္။ ထပ္ေျပာလိုက္ေသးတယ္။ ၂ ႏွစ္ျပည့္လို႔မွ အေကာင္အထည္မေပၚရင္ေတာ့ မင္းတို႔ကို အၿငိမ္းစားယူပြဲေလး လုပ္ေပးမယ္လို႔ေျပာလိုက္ပါတယ္။ ခပ္ျပဳံးျပဳံးေလးေျပာလိုက္ေပမယ့္ အတည္ေျပာေနတာဆိုတာ အရမ္းသိသာပါတယ္။
ေနာက္ေန႔ေတြမွာ ဌာနေပါင္းစုံက လူႀကီးေတြက သတင္းစာေတြထဲမွာ ဘာလုပ္မယ္ညာလုပ္မယ္နဲ႔ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ေတြလုပ္ၾကတာေပါ့။ ေစာ္ဘြားႀကီးက ဘာမွ မေျပာေသးဘူး။ ၾကည့္ေနတယ္။ တျဖည္းျဖည္းနဲ႔ လူေတြက ေသြးေအးလာၿပီး paperless Smart Government အိပ္မက္က natural death ျဖစ္သြားပါတယ္။ သိပ္မေျပာၾကပါဘူး။
ဒီအခါမွာ ေစာ္ဘြားႀကီးက လူေတြေသြးေအးသြားတာကို သတိထားမိတယ္။ ဒီအခ်ိန္မွာ သူက ေဒါသေတြ ထြက္ၿပီး memo ေတြထုတ္ၿပီး က်ိန္းဝါးတာမ်ိဳးေတြ၊ ဒါမွမဟုတ္ project data ေတြကို live ျမင္ရေအာင္ dashboard ေတြ လုပ္ခိုင္းၿပီး စစ္ေဆးတာမ်ိဴးေတြ လုပ္လို႔ရပါတယ္။ တျခားလုပ္လို႔ရတာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ သူဒါေတြကို မလုပ္ခဲ့ပါဘူး။
သူလုပ္ခဲ့တာက သူ႔ကားကို သူေမာင္းၿပီး ေျမစာရင္းဌာနကို ေမာင္းသြားပါတယ္။ ေျမစာရင္းဌာနေရာက္ေတာ့ receptionist ကို Archive Section ဘယ္မွာလဲလို႔ေမးပါတယ္။ receptionist လဲ အရမ္းအံ့ၾသၿပီး Archive Section ကိုလမ္းၫႊန္လိုက္ပါတယ္။
ၿပီးတာနဲ႔ ေျမစာရင္းဌာနရဲ႕ လူႀကီးေတြ ဖုန္းဆက္ပါေတာ့တယ္။ ဒီအခါမွာ လူႀကီးေတြလည္း အူယားဖားယားနဲ႔အေျပးအလႊား Archive Section ကိုေျပးၾကပါတယ္။ သူတို႔မေရာက္ခင္မွာပဲ ေစာ္ဘြားႀကီးက စာေရးေလးကို မင္းတို႔ဒီမွာ စာရြက္ေတြသုံးလားလို႔ ေမးလိုက္ပါတယ္။ စာေရးလဲ ေၾကာင္ေတာင္ေတာင္နဲ႔ သုံးပါတယ္လို႔ ေျဖလိုက္ပါတယ္။ ဒီေတာ့ ေစာ္ဘြားႀကီးက ဘာတစ္ခြန္းမွ ထပ္မေျပာေတာ့ပဲ လွည္ထြက္သြားပါတယ္။
ေျမစာရင္းဌာနရဲ႕ လူႀကီးေတြလည္း လန္႔ျဖန္႔ကုန္ၿပီး ေသြးေအးေနတဲ့ စီမံကိန္းေတြကို ထၿပီး အေကာင္အထည္ျပန္ေဖၚၾကပါေတာ့တယ္။ အျခား အစိုးရဌာနေတြလည္း သတင္းၾကားၿပီး အကုန္ျပန္ၿပီး အသက္ဝင္လာၾကပါေတာ့တယ္။
ဒီလိုနဲ႔ ၄ လျပည့္တဲ့အခါမွာ အရင္တစ္ခါကလိုပဲ ဘာမွ ႀကိဳမေျပာပဲ အဲ့ဒီ ေျမစာရင္း ဌာနကို ေစာ္ဘြားႀကီး ထပ္ၿပီး သြားခဲ့ပါတယ္။ receptionist ကလည္း ထုံးစံအတိုင္း လူႀကီးေတြကို အေၾကာင္းၾကား၊ အားလုံးက အေသအလဲ ေျပးလာၾကပါတယ္။ ဒီအခ်ိန္မွာ ေစာ္ဘြာႀကီးက စာေရးကို paper သုံးလားလို႔ ေမးၿပီးသြားၿပီးၿပီေလ။ ဒါမယ့္ ဒီအခါမွာ စာေရးက paper မသုံးေတာ့ပါဘူးလို႔ ေျဖလိုက္ႏိုင္ပါတယ္။ ဒီအခါမွာ ေစာ္ဘြားႀကီးကေန ခုနကေရာက္လာတဲ့ လူႀကီးေတြဖက္လွည့္ၿပီး great job! ဆိုၿပီး ခ်ီးမြမ္းလိုက္ပါတယ္။
ဒီအခါမွာ ေစာ္ဘြားႀကီးက micro manage လုပ္တယ္၊ ေနရာတကာမွာ ဝင္ပါတယ္လို႔ေျပာစရာရွိပါတယ္။ တကယ့္ေတာ့သူဟာ micro manage လုပ္ခဲ့တာမဟုတ္ပါဘူး။ သူကေန ဘယ္အစိုးရလူႀကီးေတြကိုမွ ဘယ္လိုလုပ္ရမယ္ဆိုတာကို ဝင္မၫႊန္ၾကားခဲ့ပါဘူး။ သူ႔ျဖစ္ခ်င္တဲ့ vision ကိုပဲ ေျပာခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ micro management လို႔ေျပာလို႔မရပါဘူး။
သူတကယ္လုပ္ခဲ့တာက micro monitoring ပါ။ လူေတြဟာ ေနာက္ေန follow-up မလုပ္ပဲပစ္ထားလိုက္ရင္ ငါတို႔လူႀကီးက ၾကံဳလို႔ေျပာလိုက္တာ၊ serious မဟုတ္ပါဘူးဆိုၿပီး ေသြးေအးရပ္ဆိုင္းသြားတက္တဲ့ သေဘာကို နားလည္ၿပီး သူ႔နည္းသူ႔ဟန္နဲ႔ moicro monitor လုပ္ခဲ့တာျဖစ္ပါတယ္။
ဒီအေၾကာင္းအရာေလးကို စဥ္းစားၾကည့္မိရင္ ေခါင္းေဆာင္ေတြဟာ micro management ေတြနဲ႔ ေနရာတကာဂဝင္ရႈပ္ မေနသင့္ပဲ သက္ဆိုင္ရာတာဝန္ရွိသူေတြကို သူတို႔အလုပ္ သူတို႔လုပ္ေစဖို႔ follow-up လုပ္တာကို လိုခ်င္တဲ့ ရလဒ္ရတဲ့အထိ follow- through လုပ္ရမွာျဖစ္ပါတယ္။ micro managing ကိုေ႐ွာင္လို႔ micro monitoring လုပ္ကိုင္ႏိုင္ၾကပါေစလို႔ ေဝငွလိုက္ရပါတယ္။
credit to KC Myanmar
14.5.2017
#micro_monitoring
***
Micro Managing လား???
==================
ဒူဘိုင်းရဲ့ စော်ဘွားကြီးဟာ အမျှော်အမြင်ကြီးလှပါတယ်။ တစ်နေ့ သူ့ရဲ့ အစိုုးရအရာရှိကြီးတွေကို အခမ်းအနားနဲ့ဖိတ်ပြီး လမ်းညွှန်ချက်ပေးခဲ့ပါတည်။ သူ့ရဲ့ အစိုးရလုပ်ငန်းစဉ်တွေမှာ paperless ဖြစ်တဲ့ Smart Government ဖြစ်အောင် ခိုင်းစေပါတယ်။ ထပ်ပြောလိုက်သေးတယ်။ ၂ နှစ်ပြည့်လို့မှ အကောင်အထည်မပေါ်ရင်တော့ မင်းတို့ကို အငြိမ်းစားယူပွဲလေး လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ ခပ်ပြုံးပြုံးလေးပြောလိုက်ပေမယ့် အတည်ပြောနေတာဆိုတာ အရမ်းသိသာပါတယ်။
နောက်နေ့တွေမှာ ဌာနပေါင်းစုံက လူကြီးတွေက သတင်းစာတွေထဲမှာ ဘာလုပ်မယ်ညာလုပ်မယ်နဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တွေလုပ်ကြတာပေါ့။ စော်ဘွားကြီးက ဘာမှ မပြောသေးဘူး။ ကြည့်နေတယ်။ တဖြည်းဖြည်းနဲ့ လူတွေက သွေးအေးလာပြီး paperless Smart Government အိပ်မက်က natural death ဖြစ်သွားပါတယ်။ သိပ်မပြောကြပါဘူး။
ဒီအခါမှာ စော်ဘွားကြီးက လူတွေသွေးအေးသွားတာကို သတိထားမိတယ်။ ဒီအချိန်မှာ သူက ဒေါသတွေ ထွက်ပြီး memo တွေထုတ်ပြီး ကျိန်းဝါးတာမျိုးတွေ၊ ဒါမှမဟုတ် project data တွေကို live မြင်ရအောင် dashboard တွေ လုပ်ခိုင်းပြီး စစ်ဆေးတာမျိူးတွေ လုပ်လို့ရပါတယ်။ တခြားလုပ်လို့ရတာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူဒါတွေကို မလုပ်ခဲ့ပါဘူး။
သူလုပ်ခဲ့တာက သူ့ကားကို သူမောင်းပြီး မြေစာရင်းဌာနကို မောင်းသွားပါတယ်။ မြေစာရင်းဌာနရောက်တော့ receptionist ကို Archive Section ဘယ်မှာလဲလို့မေးပါတယ်။ receptionist လဲ အရမ်းအံ့သြပြီး Archive Section ကိုလမ်းညွှန်လိုက်ပါတယ်။
ပြီးတာနဲ့ မြေစာရင်းဌာနရဲ့ လူကြီးတွေ ဖုန်းဆက်ပါတော့တယ်။ ဒီအခါမှာ လူကြီးတွေလည်း အူယားဖားယားနဲ့အပြေးအလွှား Archive Section ကိုပြေးကြပါတယ်။ သူတို့မရောက်ခင်မှာပဲ စော်ဘွားကြီးက စာရေးလေးကို မင်းတို့ဒီမှာ စာရွက်တွေသုံးလားလို့ မေးလိုက်ပါတယ်။ စာရေးလဲ ကြောင်တောင်တောင်နဲ့ သုံးပါတယ်လို့ ဖြေလိုက်ပါတယ်။ ဒီတော့ စော်ဘွားကြီးက ဘာတစ်ခွန်းမှ ထပ်မပြောတော့ပဲ လှည်ထွက်သွားပါတယ်။
မြေစာရင်းဌာနရဲ့ လူကြီးတွေလည်း လန့်ဖြန့်ကုန်ပြီး သွေးအေးနေတဲ့ စီမံကိန်းတွေကို ထပြီး အကောင်အထည်ပြန်ဖေါ်ကြပါတော့တယ်။ အခြား အစိုးရဌာနတွေလည်း သတင်းကြားပြီး အကုန်ပြန်ပြီး အသက်ဝင်လာကြပါတော့တယ်။
ဒီလိုနဲ့ ၄ လပြည့်တဲ့အခါမှာ အရင်တစ်ခါကလိုပဲ ဘာမှ ကြိုမပြောပဲ အဲ့ဒီ မြေစာရင်း ဌာနကို စော်ဘွားကြီး ထပ်ပြီး သွားခဲ့ပါတယ်။ receptionist ကလည်း ထုံးစံအတိုင်း လူကြီးတွေကို အကြောင်းကြား၊ အားလုံးက အသေအလဲ ပြေးလာကြပါတယ်။ ဒီအချိန်မှာ စော်ဘွာကြီးက စာရေးကို paper သုံးလားလို့ မေးပြီးသွားပြီးပြီလေ။ ဒါမယ့် ဒီအခါမှာ စာရေးက paper မသုံးတော့ပါဘူးလို့ ဖြေလိုက်နိုင်ပါတယ်။ ဒီအခါမှာ စော်ဘွားကြီးကနေ ခုနကရောက်လာတဲ့ လူကြီးတွေဖက်လှည့်ပြီး great job! ဆိုပြီး ချီးမွမ်းလိုက်ပါတယ်။
ဒီအခါမှာ စော်ဘွားကြီးက micro manage လုပ်တယ်၊ နေရာတကာမှာ ဝင်ပါတယ်လို့ပြောစရာရှိပါတယ်။ တကယ့်တော့သူဟာ micro manage လုပ်ခဲ့တာမဟုတ်ပါဘူး။ သူကနေ ဘယ်အစိုးရလူကြီးတွေကိုမှ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဝင်မညွှန်ကြားခဲ့ပါဘူး။ သူ့ဖြစ်ချင်တဲ့ vision ကိုပဲ ပြောခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် micro management လို့ပြောလို့မရပါဘူး။
သူတကယ်လုပ်ခဲ့တာက micro monitoring ပါ။ လူတွေဟာ နောက်နေ follow-up မလုပ်ပဲပစ်ထားလိုက်ရင် ငါတို့လူကြီးက ကြုံလို့ပြောလိုက်တာ၊ serious မဟုတ်ပါဘူးဆိုပြီး သွေးအေးရပ်ဆိုင်းသွားတက်တဲ့ သဘောကို နားလည်ပြီး သူ့နည်းသူ့ဟန်နဲ့ moicro monitor လုပ်ခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကို စဉ်းစားကြည့်မိရင် ခေါင်းဆောင်တွေဟာ micro management တွေနဲ့ နေရာတကာဂဝင်ရှုပ် မနေသင့်ပဲ သက်ဆိုင်ရာတာဝန်ရှိသူတွေကို သူတို့အလုပ် သူတို့လုပ်စေဖို့ follow-up လုပ်တာကို လိုချင်တဲ့ ရလဒ်ရတဲ့အထိ follow- through လုပ်ရမှာဖြစ်ပါတယ်။ micro managing ကိုရှောင်လို့ micro monitoring လုပ်ကိုင်နိုင်ကြပါစေလို့ ဝေငှလိုက်ရပါတယ်။
credit to KC Myanmar
14.5.2017
#micro_monitoring

Leave a Comment

Your email address will not be published. Required fields are marked *