Inventory Adjustment

ကုန်စာရင်းညှိနှိုင်းမှုများ Inventory Adjustment @ MSME Books

လစဉ် ကုန်လက်ကျန် ကောက်ပြီးလိုအပ်သည့် စာရင်း ညှိနှိုင်းမှုများပြုလုပ်လိုပါက MSME Books တွင် Inventory Write-Off နှင့် Journal Entry မှ ထည့်သွင်းနိုင်ပါသည်။
 

ကုန်လက်ကျန် အရေအတွက် နည်းပြီး MSME Books ရှိ ကုန် အရေအတွက် များနေပါက ကုန်စာရင်း ညှိနှိုင်းခြင်းများမှ ထည့်သွင်းရပါမည်။
လုပ်ငန်းရှိ ကုန်ပစ္စည်းအရေအတွက် စာရင်းများကို ညှိနှိုင်းရန်အတွက်…

ကုန်စာရင်း ညှိနှိုင်းမှုများကိုနှိပ်ပါ။

ကုန်စာရင်းညှိနှိုင်းမှု အသစ်ကိုနှိပ်ပါ။

ရက်စွဲတွင် ကုန်စာရင်းညှိနှိုင်းသည့်ရက်ကို သတ်မှတ်ပါ။
အကြောင်းအရာတွင် ညှိနှိုင်းလိုသော အကြောင်းအရာကို ထည့်သွင်းပါ။
ညှိနှိုင်းသည့် ကုန်ပစ္စည်းများကို ရွေးချယ်ပါ။
ကုန်ကျသည့် အရေအတွက်ကို ထည့်သွင်းပါ။
စရိတ်ပြမည့် ခေါင်းစဥ်ကို ရွေးချယ်ပါ။
ခြေရာခံအမှတ်အသားထည့်သွင်းပါ။(လိုအပ်ပါက)
“ဖန်တီးမည်” ကိုနှိပ်ပါ။

ထည့်သွင်းထားသော ကုန်ပစ္စည်း ညှိနှိုင်းမှု ပြေစာကို တွေ့ရမည်။
ကုန်ပစ္စည်းစာရင်းတွင် ပြန်လည်ကြည့်ရှုပါက..

MSME Booksရှိ  ကုန်အရေအတွက် နည်းသွားသည်ကို တွေ့ရမည်။
သိလိုသော ကုန်၏ လက်ဝယ်ရှိ အရေအတွက် အောက်ရှိ အပြာရောင်ဂဏန်းလေးကိုနှိပ်ကြည့်လိုက်လျှင်…

ကုန်စာရင်းညှိနှိုင်းလိုက်သောကြောင့် လျော့သွားသည့် ကုန်အရေအတွက်ကိုတွေ့ရမည်။
ကုန်လက်ကျန် အရေအတွက် များပြီး MSME Books ရှိ ကုန် အရေအတွက် နည်းနေပါက ကုန်စာရင်း ညှိုနှိုင်းခြင်းများမှ ထည့်သွင်းရပါမည်။
ဂျာနယ်စာရင်းဖြင့် ကုန်စာရင်းညှိနှိုင်းမှု ပြုလုပ်မည်ဆိုပါက…

ဂျာနယ်စာရင်းများကိုနှိပ်ပါ။

ဂျာနယ်စာရင်းအသစ်ကိုနှိပ်ပါ။

ရက်စွဲတွင် ကုန်စာရင်းညှိနှိုင်းသည့် ရက်စွဲ ကို ထည့်သွင်းသတ်မှတ်ပါ။
ငွေကြေးတွင် အခြေခံ ငွေကြေးကို အသုံးပြုမည်ဆိုပါက ရွေးချယ်ရန်မလိုပါ။
ရှင်းလင်းချက် ထည့်သွင်းပါ။
စာရင်းများထည့်သွင်းပါ။
အကြောင်းအရာထည့်သွင်းလိုကထည့်သွင်းပါ။
အရေအတွက်ထည့်သွင်းပါ။
မြီစား နှင့် မြီရှင်တွင် ကုန်လက်ကျန်အရေအတွက်နှင့် ပျမ်းမျှတန်ဖိုးကို မြှောက်၍ စာရင်းသွင်းပါ။
ခြေရာခံအမှတ်အသားထည့်သွင်းပါ။
“ဖန်တီးမည်” ကိုနှိပ်ပါ။
 

ထည့်သွင်းထားသော ကုန်ပစ္စည်းစာရင်း ကိုက်ညှိမှု ဂျာနယ်စာရင်းကို တွေ့ရမည်။
ကုန်ပစ္စည်း စာရင်းတွင်ပြန်လည်ကြည့်ရှုပါက…

MSME Books တွင် တိုးလာသော ကုန်ပစ္စည်းစာရင်းကို တွေ့ရမည်။

ကုန်ပစ္စည်း တစ်ခုချင်းအောက်တွင် ကုန်စာရင်းညှိနှိုင်းမှုမှ ထွက်သွားသည့် အရေအတွက်နှင့် ဂျာနယ်စာရင်းမှ တိုးလာသည့် အရေအတွက်အား တွေ့နိုင်ပါသည်။
သိလိုသော ကုန်ပစ္စည်း၏ အပြာရောင်ဂဏန်းလေးကို နှိပ်ကြည့်ပါက စာရင်းအသေးစိတ်ကို တွေ့မြင်နိုင်ပါသည်။
မာတိကာ
#MSMEBooks
#CloudBasedAccountingSoftware
#BCN
#09977160671
 

Leave a Comment

Your email address will not be published. Required fields are marked *