Production Order အသုံးပြုနည်း

Production Order အသုံးပြုနည်း

ကုန်ကြမ်းအုပ်စု နှင့် ကုန်ချောအုပ်စု အုပ်စု(၂)စု ခွဲခြားပေးရန်အတွက်

Setting ကိုနှိပ်ပါ။

Custom Fields ကိုနှိပ်ပါ။

Inventory item အားရှာဖွေ၍ အုပ်စု(၂)စုခွဲရန်အတွက် New Custom Field ကိုနှိပ်ပါ။

Label တွင် Group အားထည့်သွင်းပါ။ position နေရာတွင် ထားရှိလိုသောနေရာသည် နံပါတ်(၁)နေရာဖြစ်ပါက(၁)ဟုထည့်သွင်းပါ။
Type တွင် Drop-down list အားရွေးချယ်ပါ။

ထိုအုပ်စုများအား inventroy list စာရင်းတွင်ပြလိုပါက Show custom Field as a column တွင်အမှန်ခြစ်ထည့်ပါ။
ထိုအုပ်စုများအား print ထုတ်သည့်အချိန်တွင်ပြသလိုပါက Show custom field on printed documents တွင်အမှန်ခြစ်ထည့်ပါ။
Create ကိုနှိပ်ပါ။

ထည့်သွင်းထားသော group Label အားတွေ့မြင်ရမည်။
ကုန်ကြမ်းပစ္စည်းလက်ကျန်တန်ဖိုးများနှင့် ကုန်ချောပစ္စည်းလက်ကျန်တန်ဖိုးများအား သီးခြားသိရှိလိုပါက Control Account(ထိန်းချုပ်စာရင်း)ခွဲခြားပေးရမည်။

Setting ကိုနှိပ်ပါ။

Control Accounts ကိုနှိပ်ပါ။

Inventory item များ၏ကုန်ကြမ်းလက်ကျန်နှင့် ကုန်ချောလက်ကျန်စာရင်းသီးခြားခွဲလိုသောကြောင့် inventory items ဘေးမှ New Control Account ကိုနှိပ်ပါ။

Name တွင် သီးခြားခွဲမည့် အုပ်စု(၂)စု အမည်အားထည့်သွင်းပါ။
Group တွင် Assets(သို့)Assets-inventory အားရွေးချယ်ပါ။
Create ကိုနှိပ်ပါ။
သီးခြားခွဲမည့်အုပ်စု(၂)စုအမည်အားတွေ့မြင်ရမည်။

အသုံးပြုသည့်ကုန်ပစ္စည်းစာရင်းများအားထည့်သွင်းရန်အတွက်
Inventory Items ကိုနှိပ်ပါ။

New Inventory item ကိုနှိပ်ပါ။

Item Code တွင် ကုန်ကြမ်းဖြစ်ပါက R-00001/2/3 ဖြင့်ခွဲခြားပါ။ကုန်ချောဖြစ်ပါက F-00001/2/3 ဖြင့်ခွဲခြားပါ။
Name တွင် ကုန်ပစ္စည်းအမည်အားထည့်သွင်းပါ။
ထိုပစ္စည်းအားဝယ်ယူသည့်အချိန်အတွယ်ယူနစ်အား Unit Name တွင်ထည့်သွင်းပါ။
Purchase price တွင် ထိုပစ္စည်း၏ဝယ်ဈေးအားထည့်သွင်းပါ။
Control Account တွင် ကုန်ကြမ်းဖြစ်ပါက Raw Materials အားရွေးချယ်ပါ။ ကုန်ချောဖြစ်ပါက finished goods အားရွေးချယ်ပါ။
Group တွင် ကုန်ကြမ်းအုပ်စုနှင့်ကုန်ချောအုပ်စုအားခွဲခြားပါ။
Create ကိုနှိပ်ပါ။
အခြားသော ကုန်ပစ္စည်းများကိုလည်းထိုနည်းတူစွာထည့်သွင်းပါ။
ကုန်ချောဖြစ်ပါက Sales Price တွင် ရောင်းချသည့်တန်ဖိုးအားထည့်သွင်းပါ။

ထည့်သွင်းထားသော ကုန်ပစ္စည်းစာရင်းများအားတွေ့မြင်ရမည်။
ကုန်ပစ္စည်းဝယ်ယူသည့်ဆိုင်အမည်များအားထည့်သွင်းရန်အတွက်

Supplier ကိုနှိပ်ပါ။

New Supplier ကိုနှိပ်ပါ။

Name တွင် Supplier အမည်အားထည့်သွင်းပါ။
Address ထည့်သွင်းလိုပါကထည့်သွင်းပါ။
Create ကိုနှိပ်ပါ။

ထည့်သွင်းထားသော supplier အမည်အားတွေ့မြင်ရမည်။

ကုန်ကြမ်းများအားဝယ်ယူရန်အတွက်
Purchase Invoices ကိုနှိပ်ပါ။

New Purchase Invoice ကိုနှိပ်ပါ။

ကုန်ပစ္စည်းဝယ်ယူသည့် date အားထည့်သွင်းပါ။
Supplier တွင်  ကုန်ပစ္စည်းဝယ်ယူသည့်ဆိုင်အမည်အားထည့်သွင်းပါ။
Item တွင်ဝယ်ယူသည့်ကုန်ပစ္စည်းများအားရွေးချယ်ပါ။
Qty တွင် ဝယ်ယူသည့်အရေအတွက်အားထည့်သွင်းပါ။
Create ကိုနှိပ်ပါ။

ထည့်သွင်းထားသော invoice အားတွေ့မြင်ရမည်။ ငွေချေလိုပါက New Payment ကိုနှိပ်၍ထည့်သွင်းနိုင်ပါသည်။
ကုန်ချောထုတ်လုပ်ရန်အတွက်

Production Orders ကိုနှိပ်ပါ။

New Production Order ကိုနှိပ်ပါ။

ကုန်ပစ္စည်းထုတ်လုပ်သည့်ရက်အားရွေးချယ်ပါ။
Finished Item တွင်ထုတ်လုပ်သည့် ကုန်ချောအမည်အားရွေးချယ်ပါ။
Bill of materials တွင် ကုန်ထုတ်လုပ်ရာတွင်ကုန်မည့်ကုန်ပစ္စည်းအမည်များနှင့် ကုန်ကျမည့်အရေအတွက်များအားထည့်သွင်းပါ။
Add non-inventory cost into production တွင် ကုန်ထုတ်လုပ်ရာတွင်အခြားသောကုန်ကျစရိတ်များအား ပေါင်း၍ ကုန်ပစ္စည်းတန်ဖိုးအားတွက်ချက်လိုပါကထည့်သွင်းနိုင်သည်။
create ကိုနှိပ်ပါ။

ကုန်ပစ္စည်းထုတ်လုပ်သည့်ဘောင်ချာအားတွေ့မြင်ရမည်။

Inventory item တွင်လည်းကုန်ပစ္စည်းထုတ်လုပ်ထားသောကြောင့် ကုန်ကြမ်းအရေအတွက်တွင်လျော့၍ ကုန်ချောအရေအတွက် တွင်တိုးလာကြောင်းတွေ့မြင်ရမည်။
ပစ္စည်းထုတ်လုပ်ရာတွင် တစ်ခုချင်းအတွက်ကုန်ကျသည့်ကုန်ကျစရိတ်ကိုလည်း တွက်ချက်ထားကြောင်းတွေ့မြင်ရမည်။

Leave a Comment

Your email address will not be published. Required fields are marked *