Sale Invoice @ MSME Books

MSME Booksတွင် Cash Sales, Invoice Sales များကို  Sales Invoice တွင်ထည့်သွင်းနိုင်ပါသည်။

လုပ်ငန်း၏ထုတ်ကုန်ပစ္စည်းများကို ရောင်းချရန်

Sales invoices ကိုနှိပ်ပါ။

ရောင်းချထားသော Sales Invoice များပေါ်လာမည်။ အပေါ်တွင်ရှိသော New Sales Invoice ကိုနှိပ်ပါ။

Date တွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းရောင်းချမည့်ရက်စွဲကိုထည့်သွင်းပါ။
Customer တွင် ကုန်ပစ္စည်းဝယ်ယူမည့် Customer ဝယ်သူဖောက်သည်ကိုထည့်သွင်းပါ။
Item တွင် ရောင်းချမည့် Items ကုန်ပစ္စည်းများကိုရွေးချယ်ပါ။
Qty တွင် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။
Unit price တွင် ရောင်းချမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။
(ကုန်ပစ္စည်းစာရင်းသွင်းစဥ်က ကျသင့်ငွေထည့်သွင်းထားခဲ့ပါက ထည့်သွင်းရန်မလိုပါ။)
အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက Create ကိုနှိပ်ပါ။

ထည့်သွင်းထားသော Sales Invoice ကိုတွေ့မြင်နိုင်ပါသည်။ ထိုSales invoiceမှ ငွေလက်ခံမည်ဆိုပါက Sales invoice ၏အပေါ်တွင်ရှိ
သော New Receipt ကိုနှိပ်ပါ။

Date တွင် ငွေလက်ခံမည့် ရက်စွဲကိုထည့်သွင်းပါ။
Account တွင်ငွေလက်ခံမည့်စာရင်းကိုရွေးချယ်ထည့်သွင်းပါ။
Description တွင် ထည့်သွင်းဖော်ပြလိုသော အကြောင်းအရာများကိုထည့်သွင်းနိုင်ပါသည်။
(ကျန်အချက်များ လုပ်ဆောင်ရန်မလို)
အချက်အလက်များကိုထည့်သွင်းပြီးပါက Create ကိုနှိပ်ပါ။

ထည့်သွင်းထားသော Receipt ကိုတွေ့မြင်နိုင်သည်။
 
မာတိကာ
#MSMEBooks
#CloudbasedAccountingSoftware
#BCN
#09-977160671
 

Leave a Comment

Your email address will not be published. Required fields are marked *