Investment
ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ
ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ ရေလိုအပ်ရင် ရေပုံးထမ်းပြီး ရေသယ်လို့လည်း ရသလို ရေပိုက်သွယ်တဲ့နည်းနဲ့ ရေတွေဝင်လာအောင် လုပ်လို့လည်းရပါတယ်။ ရေပုံးထမ်းပြီး ရေသယ်တာဟာ ရေရှိရာနောက်ကို လိုက်ရှာကာခပ်ယူတာဖြစ်ပြီး ရေပိုက်သွယ်တာကတော့ ရေရှိရာအရပ်က ရေတွေ ကိုယ့်ဆီစီးဝင်လာအောင် လုပ်တာဖြစ်ပါတယ်။ ဒီလိုပါပဲ ငွေတွေ ကိုယ့်နောက်လိုက်လာစေဖို့ဆိုရင် ငွေတွေရှိတဲ့နေရာက ငွေတွေကို ပိုက်သွယ်ပြီး ငွေဘုံဘိုင်အဖြစ် ကိုယ့်ဆီ စီးဝင်လာအောင် ငွေဝင်လမ်းကြောင်းတွေကို ဖန်တီးထားဖို့လိုအပ်ပါတယ်။ ငွေဘုံဘိုင် အဖြစ် ဖန်တီးတည်ဆောက်ပြီး ငွေတွေစီးဝင်လာအောင် လုပ်တယ်ဆိုတာ တခြားမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု အဖြစ် ရင်းနှီးမြှုပ်နှံမှုတွေ၊ ကိုယ်ပိုင်လုပ်ငန်းတွေကို တည်ဆောက်တာပဲ ဖြစ်ပါတယ်။ သူဌေးဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အလုပ်ကို အချိန်ပြည့် နဖူးကချေး ခြေမကျအောင် ပင်ပင်ပန်းပန်းလုပ်စရာ မလိုပဲ ငွေတွေ တလှိမ့်လှိမ့် ၀င်လာစေတာကတော့ သူတို့ရဲ့ ဖန်တီးထားတဲ့ …
ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ Read More »
Are you ready to start your own business? သင် ကိုယ်ပိုင်စီးပွားရေးစဖို့ ရုန်းထွက်နိုင်ပြီလား?
သင် ကိုယ်ပိုင်စီးပွားရေးစဖို့ ရုန်းထွက်နိုင်ပြီလား? ကျွမ်းကျင် လုပ်သားများ ရှားပါးလာခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ရပ်မှာ ကိုယ်ပိုင် လုပ်ငန်းများ တည်ထောင်လာကြလို့ပဲ ဖြစ်ပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာပြည်မှာ လုပ်သားကောင်းများ ထိန်းသိမ်း ဖို့ အတော့ကိုပဲ ခက်ခဲလာတာပါ။ အလုပ်သမားကောင်းတွေဟာ လစာများတဲ့ နေရာများသို့ ခုန်ကူးကြခြင်း၊ ကိုယ်ပိုင် လုပ်ငန်းသေးများ တည်ထောင်ခြင်း စသည်ဖြင့် ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်များသို့ ခုန်ကူးနေကြပါတယ်။ ဒီတော့ ဘယ်အချိန် ခုန်ကူးမလဲ။ Back up ငွေရှိပါစေ မိမိရဲ့ ရှိသမျှငွေများ ပုံအောပြီး ပြောင်းခြင်းသည် မိမိ အရမ်းပိုင်နိုင်တဲ တချို့ ကိစ္စများတွင်ကောင်းပါတယ်။ ဥပမာ – ဘုရင့်နောင် ဖောင်ဖျက်ခြင်း၊ သို့သော် မအောင်မြင်ရင် မိမိ မိသားစုအားလုံး ဒုက္ခရောက်စေမယ့် လမ်းမျိုး …
Are you ready to start your own business? သင် ကိုယ်ပိုင်စီးပွားရေးစဖို့ ရုန်းထွက်နိုင်ပြီလား? Read More »
အငယ်စား၊အသေးစား၊အလတ်စား လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် အဓိကအရေးကြီးတကြီးလိုအပ်နေတာတွေကတော့ ငွေကြေးထောက်ပံ့မှု နည်းပညာ အထောက်အကူ ကျွမ်းကျင်ဝန်ထမ်း လုပ်ငန်းကို စနစ်တကျစီမံအုပ်ချုပ်မှု စာရင်းဇယားများ စတာတွေ အချိတ်အဆက်မိမိနဲ့ ဟန်ချက်ညီညီ သွားဖို့အရေးကြီးပါတယ်။ ငွေကြေးထောက်ပံ့မှုရနိုင်ဖို့အတွက် ချေးငွေလျှောက်ထားရာမှာ လက်ရှိလုပ်ငန်းလည်ပတ်ထားတဲ့ အရှုံးအမြတ်စာရင်းများ၊ရှေ့ဆက်လုပ်ကိုင်မည့် အစီအစဉ်များ၊ခန့်မှန်းအရောင်းခန့်မှန်း၊ငွေကြေးအဝင်၊အထွက်ခန့်မှန်းတို့လိုအပ်ပါတယ်။ ရလာတဲ့ချေးငွေကို ဘယ်မှာသုံးမယ်၊ဘယ်လိုပြန်ဆပ်မယ်ဆိုတာလဲ အရေးကြီးပါတယ်။ ဖော်ပြပါအချက်အလက်များပေးနိုင်ဖို့အတွက်ကတော့ လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ စာရင်းဇယားများထားရှိဖို့လိုပါတယ်။ မိမိရဲ့ ထုတ်ကုန်သို့ ဝန်ဆောင်မှုကို အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်ပြီး ဈေးကွက်မှာရောင်းချဖို့အတွက်ကတော့ နည်းပညာလိုအပ်ပါတယ်။ နည်းပညာ အကူအညီနဲ့ သွားတဲ့ အတွက် မိရိုးဖလာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထက် ပိုပြီး အရှေ့ရောက်နိုင်ပါတယ်။ လုပ်ငန်းကို စနစ်တကျ အုပ်ချုပ်နိုင်ဖို့အတွက်ကတော့ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အတတ်ပညာ၊ဗဟုသုတတွေလိုအပ်ပါတယ်။ ကျွမ်းကျင် ဝန်ထမ်းတွေ ရရှိဖို့ကတော့ ကျွမ်းကျင်ပြီးသား ဝန်ထမ်းကို လစာ များများပေးပြီး …
ဖောင်စီးရင်းရေငတ် ဖောင်စီးရင်းရေငတ်
တွေးမိတွေးရာလို့ပဲ ပြောရမလား အခုရက်မှာ အလုပ်ခေါ်စာတွေတင်ပေးတဲ့ အခါမှာ တွေ့ရတာလေးတွေကို လူငယ်တွေ အတွက်သတိထားစေချင်တာလေးတွေကို မျှဝေချင်လို့ပါ။ ပထမဆုံးကတော့ CV တွေက ပြီးစလွယ် ဆိုင်ကဝယ်ပြီးရင် လက်ရေးနဲ့ ဖြည့် ဓါတ်ပုံရိုက်ပြီးတင်ကြတာတွေတွေ့ရတယ်။ CV အတွက် Microsoft Word မှာ Template (ပုံစံ)တွေအများကြီးရှိပါတယ်။ Microsoft Word မှာပြည့်ပြည့်စုံစုံ၊ သပ်သပ်ရပ်ရပ်လေးရေးပြီး CV ကို PDF ပြောင်းထားလိုက်ပါ။ တစ်ချို့ကလဲ ဘွဲ့လက်မှတ်တွေ၊ သင်တန်းဆင်းလက်မှတ်လေးတွေပါ ထည့်ချင်ရင်လဲ ထည့်ပြီး PDF လေးပြောင်းထားလိုက်ပါ။ ဒုတိယအနေနဲ့တော့ အလုပ်လိုအပ်ချက်တွေကို သေချာဖတ်ပါ။ မကိုက်ညီတာတွေ လျှောက်မိရင် အချိန်ကုန်၊လူပန်းနဲ့ နောက်ဆုံးစိတ်ဓါတ်ကျတဲ့ အထိဖြစ်ကြတယ်။ တတိယအရေးကြီးတာကတော့ မျှော်မှန်းလစာပါ။ မျှော်မှန်းလစာ ထည့်ပါဆိုရင် အလုပ်နဲ့သင့်တင့်တဲ့ လစာကို ထည့်ဖို့ အရေးကြီးပါတယ်။ …
ဖောင်စီးရင်းရေငတ် ဖောင်စီးရင်းရေငတ် Read More »
ရင်းနှီးမြှပ်နှံလိုသူများအတွက်သတင်းကောင်း
ရင်းနှီးမြှပ်နှံလိုသူများအတွက်သတင်းကောင်း TMH Telecom Public Company Limited ကနေ အစုရှယ်ယာတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၂၂ ရက်နေ့အထိရောင်းချပေးမှာဖြစ်ပါတယ်။ ဝယ်ယူလိုသူများအနေနဲ့ Myanmar Securities Exchange Centre Co., Ltd ကတစ်ဆင့်ဝယ်ယူနိုင်ပါပြီ။ အစုရှယ်ယာ တစ်စုကို ၃၀၀၀ မှ ၃၃၀၀ အတွင်း မိမိ ဝယ်ယူလိုသော ဈေးနှုန်းဖြင့် အဝယ်အော်ဒါတင်နိုင်ပြီဖြစ်ပါတယ်။ ရှယ်ယာ ဝယ်ယူရရှိသော သူစာရင်းကို ဒီဇင်ဘာ ၂၆ ရက်မှာသိရမှာဖြစ်ပါတယ်။ TMH Telecom Public Company Limited အကြောင်းလေ့လာချင်သူများအတွက် http://www.tmhtelecom.com/ Yangon Stock Exchange မှာ ဒီဇင်ဘာ (၄) ရက်နေ့က listed ဖြစ်ပြီးပါပြီ။ https://ysx-mm.com/notices/