OT

Over Time (OT) ေခၚၾကတဲ့အခါ ေဆာင္းပါးကို ဆရာအလယ္လူက ေရးသားၿပီး ဇြန္လထုတ္မ်က္ႏွာဖံုးေဆာငး္ပါးအျဖစ္ ေဖာ္ျပထုတ္ေ၀ခဲ့ၿပီး ျဖစ္ပါသည္.
စာအုပ္၀ယ္ယူဖုိ႔ အခက္အခဲ ရွိေနသူမာ်းႏွင့္ HR စာဖတ္ပရိသတ္မ်ား အတြက္ ထပ္မံေဖာ္ျပေပးလုိက္ပါတယ္………………….
စက္႐ုံ၊ အလုပ္႐ုံမ်ားဟာ ပုံမွန္အလုပ္ခ်ိန္ (၈)နာရီအတြင္း ထုပ္လုပ္တဲ့ကုန္ထုတ္လုပ္မႈဟာ ပမာဏ Products ကိုျမႇင့္တင္ခ်င္တာပဲျဖစ္ျဖစ္၊ သတ္မွတ္ထားတဲ့ရက္အပိုင္းအျခားအတြင္း သတ္မွတ္ထားတဲ့ကုန္ထုတ္လုပ္မႈ Target မရႏိုင္တာေၾကာင့္ပဲျဖစ္ျဖစ္အခ်ိန္ပိုလုပ္ကိုင္ျခင္း Overtime(OT) ကိုမျဖစ္မေနေခၚယူၾကရပါတယ္။
ကိုယ့္အလုပ္ကိုယ္လုပ္တာပဲဆိုၿပီး အခ်ိန္ပို OT ကိုမိမိသေဘာမိမိဆႏၵ အတိုင္းေခၚလို႔မရပါဘူး။ အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာန Factory and General Labour Laws Inspection Department (FGLLID) ရဲ႕ ခြင့္ျပဳခ်က္ရမွာသာ OT ကို ေခၚယူခြင့္ရမွာျဖစ္ပါတယ္။
အခ်ိန္ပိုေဆာင္႐ြက္ပိုင္ခြင့္ OT permit (၃)မ်ိဳးသတ္မွတ္ထားၿပီး သူ႕အမ်ိဳး အစားအလိုက္လိုက္နာေဆာင္႐ြက္ရမယ့္စည္းကမ္းခ်က္မ်ား၊ ဝန္ခံကတိျပဳခ်က္မ်ားကိုလိုက္နာၾကရမွာျဖစ္ပါတယ္။
OT Permit က (၃)မ်ိဳးရွိပါတယ္။ အဲဒါေတြက
(၁) ရက္သတၱပတ္ (တနလၤာ မွ စေနေန႔) အတြင္းေန႔စဥ္ေခၚယူေသာ OT
(၂) ရက္သတၱပတ္အလုပ္ပိတ္ရက္ (တနဂၤေႏြ) Sunday တြင္ေခၚယူေသာ
OT
(၃) အစိုးရသတ္မွတ္ထားေသာအမ်ားျပည္သူအလုပ္ပိတ္ရက္(Gazette) OT စသည္တို႔ျဖစ္ပါတယ္။
(၁) ရက္သတၱပတ္အခ်ိန္ပိုေခၚယူျခင္း
(က) OT ဆင္းမည့္ဝန္ထမ္းလုပ္သား အားလုံး၏ မိမိတို႔သေဘာဆႏၵအရ OT ဆင္းရျခင္းကိုသေဘာတူညီေၾကာင္း လက္မွတ္ေရးထိုးထားသည့္မွတ္တမ္း (မူရင္း)ပါရွိရမည္။
(ခ) FGLLID ႐ုံးခ်ဳပ္သို႔ OT ျပဳလုပ္ခြင့္ေတာင္းခံသည့္ေလၽွာက္လႊာပါရွိရပါမည္။
(ဂ) OT ခြင့္ျပဳျခင္းတြင္ပါရွိသည့္စည္းကမ္းသတ္မွတ္ခ်က္မ်ားကိုက်ဴးလြန္ေဖာက္ဖ်က္မိပါကဥပေဒႏွင့္အညီ အေရး ယူခံရမည္ကိုသိရွိေၾကာင္း အလုပ္ရွင္ႏွင့္ကိုယ္စားအုပ္ခ်ဳပ္သူမန္ေနဂ်ာမွလက္မွတ္ ေရး ထိုးထားသည္။ ဝန္ခံကတိပါရွိရမည္။
(ဃ) OT ေခၚယူမည့္ေန႔အတြက္အလုပ္ခ်ိန္ဇယားႏွင့္အလုပ္သမား ဦးေရပါရွိရပါမည္။
(၎ပုံစံတြင္အလုပ္(ပုံမွန္)စတင္ခ်ိန္၊ နား ခ်ိန္၊ ၿပီးဆုံးခ်ိန္၊ OT အလုပ္မစတင္ခင္အနားေပးခ်ိန္၊ OT အလုပ္စတင္ခ်ိန္၊ OT အလုပ္ၿပီးဆုံးခ်ိန္စသည္တို႔ကိုတိတိက်က်ေဖာ္ျပထားပါသည္။)
အဲဒီမွာသိရွိထားရမွာက OT အလုပ္ခ်ိန္ကိုတနလၤာေန႔မွစေနေန႔အထိေန႔စဥ္ (၃)နာရီထက္ပိုၿပီးေခၚယူခြင့္မရွိတဲ့အခ်က္ပဲျဖစ္ပါတယ္။
(၂) တနဂၤေႏြ (ရက္သတၱပတ္အလုပ္နားရက္) OT အခ်ိန္ပိုေခၚယူျခင္း
(က) OT ဆင္းမယ့္ဝန္ထမ္းလုပ္သားအားလုံးရဲ႕ သေဘာတူညီေၾကာင္း လက္မွတ္(မူရင္း) မွတ္တမ္းပါရွိရပါမည္။
(ခ) OT အလုပ္ခ်ိန္ကို (၈)နာရီထက္ပိုခိုင္းလို႔မရပါ။
(ဂ) အလုပ္ခ်ိန္ (၅)နာရီတစ္ဆက္တည္းခိုင္းၿပီးသည္ႏွင့္နားခ်ိန္အနည္း ဆုံး (၃၀)မိနစ္ေပးနားရပါမည္။
(ဃ) တနဂၤေႏြေန႔သည္ တရားဝင္သတ္မွတ္ထားသည့္ ရက္သတၱပတ္နားရက္ျဖစ္ေသာေၾကာင္ OT ေခၚယူမည့္ တနဂၤေႏြေန႔၏ မတိုင္ခင္ (၃)ရက္ (ၾကာသပေတး၊ ေသာၾကာ၊ စေန)ထဲမွ (၁)ရက္ (သို႔မဟုတ္) တနဂၤေႏြေန႔ေနာက္ပိုင္း (၃)ရက္ (တနလၤာ၊ အဂၤါ၊ ဗုဒ ၶဟူး)ထဲမွ (၁)ရက္ရက္စားအနားေပးမႈျပဳလုပ္ပါမည္ဆိုတဲ့ ဝန္ခံကတိပါရွိရပါမည္။
ဒီေနရာမွာသိရွိထားရမည့္အခ်က္က OT ေခၚတဲ့ တနဂၤေႏြေန႔အတြက္ရက္စားအနားေပးျခင္းကို အမွန္တကယ္ေဆာင္႐ြက္ရမည္ဆိုတာရယ္ အနားမေပးဘဲလုပ္အားခပိုၿပီးေပးကာဆက္တိုက္အလုပ္ခိုင္းလို႔မရဘူးဆိုတာပါပဲ။
ေနာက္တစ္ခ်က္ကွကညိေပ OT ကိုတစ္ပတ္ျခားသာခြင့္ျပဳတာမို႔တစ္လကို (၂)ႀကိမ္ထက္ပိုခြင့္မျပဳပါဘူး။
သတ္မွတ္ထားတဲ့စည္းကမ္းအတိုင္း လိုက္နာေဆာင္႐ြက္ရမွာဆိုရင္ေတာ့ Sunday OT ကို အတတ္ႏိုင္ဆုံး မေခၚ တာပိုေကာင္းပါတယ္။ ေခၚယူလိုက္တဲ့ တနဂၤေႏြအခ်ိန္ပို Sunday OT အတြက္နားရက္အစားထိုးျပန္ေပးရတာမို႔ Overtime အခ်ိန္ပိုအလုပ္လုပ္တယ္သာအမည္ခံရတာပါ။ တစ္ရက္အစား အနားျပန္ေပးရတာနဲ႔ဆိုရင္ဘာမွမထူးပါဘူး။ ပုံမွန္အလုပ္ဆင္းရက္ကရရွိမည့္ Productivity က Sunday OT ကေနရရွိမည္။ ထုတ္ကုန္ထြက္ရွိမႈထက္သာလြန္တာကိုအေတြ႕အႀကဳံအရသိရွိခဲ့လို႔ပါပဲ။
(၃) အမ်ားျပည္သူအလုပ္ပိတ္ရက္ Gazette တြင္ OT ေခၚယူျခင္း
(က) OT ဆင္းမယ့္ ဝန္ထမ္းလုပ္သားေတြအားလုံးရဲ႕ OT ဆင္းရန္သေဘာတူညီေၾကာင္း ဝန္ခံ ဂတိျပဳလက္မွတ္အျပည့္အစုံပါရွိရပါမယ္။
(ခ) FGLLID ရဲ႕ OT Permit နဲ႔ပတ္သက္တဲ့စည္းကမ္းခ်က္မ်ား လိုက္နာရပါမယ္။
(ဂ) Sunday OT ေရာ Gazette Holiday OT ပါအလုပ္ခ်ိန္ (၈)နာရီထက္ေက်ာ္လို႔မရပါဘူး။
(ဃ) အမ်ားျပည္သူ႐ုံးပိတ္ရက္ဟာ Sunday နဲ႔မတူပါဘူး။ ေန႔ႀကီး ရက္ႀကီးေတြျဖစ္တဲ့အတြက္ ဝန္ထမ္းလုပ္သားေတြရဲ႕ အပန္းေျဖမႈ၊ လူမႈေရးကိစၥေတြသြားလာေဆာင္႐ြက္မႈေတြရွိတတ္ၾကတဲ့ရက္ေတြမို႔ ဝန္ထမ္းလုပ္သားေတာ္ေတာ္မ်ားမ်ားက အဲဒီ OT ေခၚယူမႈကိုမလိုလားၾကတဲ့အတြက္တင္းျပည့္က်ပ္ျပည့္လုပ္အား Full Capacity မရႏိုင္ေလာက္ပါဘူး။
(င) Gazette OT ရဲ႕သိရမည့္အခ်က္ကရက္စားအနားေပးစရာမလိုတဲ့အခ်က္ျဖစ္ပါတယ္။
အထက္ေဖာ္ျပပါ OT ပုံစံ (၃)မ်ိဳးစလုံးမွာညဘက္ (၉)နာရီထက္အခ်ိန္လြန္ေခၚယူခြင့္မရွိသလိုလူငယ္အလုပ္သမား Young Worker ေတြကိုလည္း မည္သည့္ OT အမ်ိဳးအစားတြင္မွ ေခၚယူျခင္း ခြင့္မျပဳတဲ့အခ်က္ျဖစ္ပါတယ္။
အခ်ိန္ပိုေခၚယူျခင္း OT ကိုျဖစ္ေပၚေစခဲ့တဲ့အလုပ္ရွင္ေရာအလုပ္သမားပါ OT ရဲ႕ ေကာင္းက်ိဳးကိုဆက္စပ္ခံစားၾကရပါတယ္။
အလုပ္ရွင္အေနနဲ႔ကပုံမွန္အလုပ္ခ်ိန္ (၈)နာရီအတြင္း သတ္မွတ္ထားတဲ့အလုပ္ၿပီးစီးမႈပမာဏကိုရရွိမယ္ဆိုရင္ OT ကို ေခၚယူမွာမဟုတ္ပါဘူး။ သို႔ေသာ္ပုံမွန္ကုန္ထုတ္လုပ္မႈထက္ပိုမိုထုတ္လုပ္ခ်င္တဲ့ဆႏၵရွိတယ္ဆိုရင္လည္း OT ကို ေခၚယူႏိုင္ပါေသးတယ္။ ဒီဘက္ေခတ္အနိမ့္ဆုံးလုပ္ခလစာသတ္မွတ္ခ်က္ Minimum Wages ထြက္ေပၚလာၿပီး ေနာက္ပိုင္းမွာေတာ့ OT ေတြကို ေခၚယူမႈေလ်ာ့နည္းလာၿပီး ပုံမွန္အလုပ္အခ်ိန္အတြင္း Production Target ကိုတိုးျမႇင့္သတ္မွတ္တာေတြရွိလာပါတယ္။ ဟုတ္တယ္ေလ Minimum Wages က တစ္နာရီကို (၄၅၀)က်ပ္ဆိုေတာ့ OT တစ္နာရီႏႈန္းက (၉၀၀)က်ပ္ျဖစ္လာတာမို႔လား။
ဒီမွာတင္ ဝန္ထမ္းလုပ္သားေတြဘက္ကလည္း ယခင္ကာလေတြတုန္း က OT ဆင္းဖို႔ေတာ္ေတာ္ကို စည္း႐ုံးၾကရပါတယ္။ Minimum Wages ၿပီး လစာစာတိုင္ေတြထဲက Bonus အမ်ိဳးမ်ိဳးေတြကိုေလၽွာ႔ခ်၊ ျဖဳတ္ခ်သြားတဲ့အတြက္လစာပမာဏကေလ်ာ့က်သြားသလို၊ OT Rate က တက္လာတဲ့အတြက္တစ္လလုံးဆင္းရင္ OT Payment Amount က တက္လာတာေၾကာင့္မို႔လို႔ OT ဆင္းဖို႔ကို စိတ္ဝင္စားမႈရွိလာ ၾကတာေတြ႕ရပါတယ္။
***
Over Time (OT) ခေါ်ကြတဲ့အခါ ဆောင်းပါးကို ဆရာအလယ်လူက ရေးသားပြီး ဇွန်လထုတ်မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်.
စာအုပ်ဝယ်ယူဖို့ အခက်အခဲ ရှိနေသူမာျးနှင့် HR စာဖတ်ပရိသတ်များ အတွက် ထပ်မံဖော်ပြပေးလိုက်ပါတယ်………………….
စက်ရုံ၊ အလုပ်ရုံများဟာ ပုံမှန်အလုပ်ချိန် (၈)နာရီအတွင်း ထုပ်လုပ်တဲ့ကုန်ထုတ်လုပ်မှုဟာ ပမာဏ Products ကိုမြှင့်တင်ချင်တာပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ရက်အပိုင်းအခြားအတွင်း သတ်မှတ်ထားတဲ့ကုန်ထုတ်လုပ်မှု Target မရနိုင်တာကြောင့်ပဲဖြစ်ဖြစ်အချိန်ပိုလုပ်ကိုင်ခြင်း Overtime(OT) ကိုမဖြစ်မနေခေါ်ယူကြရပါတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်တာပဲဆိုပြီး အချိန်ပို OT ကိုမိမိသဘောမိမိဆန္ဒ အတိုင်းခေါ်လို့မရပါဘူး။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန Factory and General Labour Laws Inspection Department (FGLLID) ရဲ့ ခွင့်ပြုချက်ရမှာသာ OT ကို ခေါ်ယူခွင့်ရမှာဖြစ်ပါတယ်။
အချိန်ပိုဆောင်ရွက်ပိုင်ခွင့် OT permit (၃)မျိုးသတ်မှတ်ထားပြီး သူ့အမျိုး အစားအလိုက်လိုက်နာဆောင်ရွက်ရမယ့်စည်းကမ်းချက်များ၊ ဝန်ခံကတိပြုချက်များကိုလိုက်နာကြရမှာဖြစ်ပါတယ်။
OT Permit က (၃)မျိုးရှိပါတယ်။ အဲဒါတွေက
(၁) ရက်သတ္တပတ် (တနင်္လာ မှ စနေနေ့) အတွင်းနေ့စဉ်ခေါ်ယူသော OT
(၂) ရက်သတ္တပတ်အလုပ်ပိတ်ရက် (တနင်္ဂနွေ) Sunday တွင်ခေါ်ယူသော
OT
(၃) အစိုးရသတ်မှတ်ထားသောအများပြည်သူအလုပ်ပိတ်ရက်(Gazette) OT စသည်တို့ဖြစ်ပါတယ်။
(၁) ရက်သတ္တပတ်အချိန်ပိုခေါ်ယူခြင်း
(က) OT ဆင်းမည့်ဝန်ထမ်းလုပ်သား အားလုံး၏ မိမိတို့သဘောဆန္ဒအရ OT ဆင်းရခြင်းကိုသဘောတူညီကြောင်း လက်မှတ်ရေးထိုးထားသည့်မှတ်တမ်း (မူရင်း)ပါရှိရမည်။
(ခ) FGLLID ရုံးချုပ်သို့ OT ပြုလုပ်ခွင့်တောင်းခံသည့်လျှောက်လွှာပါရှိရပါမည်။
(ဂ) OT ခွင့်ပြုခြင်းတွင်ပါရှိသည့်စည်းကမ်းသတ်မှတ်ချက်များကိုကျူးလွန်ဖောက်ဖျက်မိပါကဥပဒေနှင့်အညီ အရေး ယူခံရမည်ကိုသိရှိကြောင်း အလုပ်ရှင်နှင့်ကိုယ်စားအုပ်ချုပ်သူမန်နေဂျာမှလက်မှတ် ရေး ထိုးထားသည်။ ဝန်ခံကတိပါရှိရမည်။
(ဃ) OT ခေါ်ယူမည့်နေ့အတွက်အလုပ်ချိန်ဇယားနှင့်အလုပ်သမား ဦးရေပါရှိရပါမည်။
(၎င်းပုံစံတွင်အလုပ်(ပုံမှန်)စတင်ချိန်၊ နား ချိန်၊ ပြီးဆုံးချိန်၊ OT အလုပ်မစတင်ခင်အနားပေးချိန်၊ OT အလုပ်စတင်ချိန်၊ OT အလုပ်ပြီးဆုံးချိန်စသည်တို့ကိုတိတိကျကျဖော်ပြထားပါသည်။)
အဲဒီမှာသိရှိထားရမှာက OT အလုပ်ချိန်ကိုတနင်္လာနေ့မှစနေနေ့အထိနေ့စဉ် (၃)နာရီထက်ပိုပြီးခေါ်ယူခွင့်မရှိတဲ့အချက်ပဲဖြစ်ပါတယ်။
(၂) တနင်္ဂနွေ (ရက်သတ္တပတ်အလုပ်နားရက်) OT အချိန်ပိုခေါ်ယူခြင်း
(က) OT ဆင်းမယ့်ဝန်ထမ်းလုပ်သားအားလုံးရဲ့ သဘောတူညီကြောင်း လက်မှတ်(မူရင်း) မှတ်တမ်းပါရှိရပါမည်။
(ခ) OT အလုပ်ချိန်ကို (၈)နာရီထက်ပိုခိုင်းလို့မရပါ။
(ဂ) အလုပ်ချိန် (၅)နာရီတစ်ဆက်တည်းခိုင်းပြီးသည်နှင့်နားချိန်အနည်း ဆုံး (၃၀)မိနစ်ပေးနားရပါမည်။
(ဃ) တနင်္ဂနွေနေ့သည် တရားဝင်သတ်မှတ်ထားသည့် ရက်သတ္တပတ်နားရက်ဖြစ်သောကြောင် OT ခေါ်ယူမည့် တနင်္ဂနွေနေ့၏ မတိုင်ခင် (၃)ရက် (ကြာသပတေး၊ သောကြာ၊ စနေ)ထဲမှ (၁)ရက် (သို့မဟုတ်) တနင်္ဂနွေနေ့နောက်ပိုင်း (၃)ရက် (တနင်္လာ၊ အင်္ဂါ၊ ဗုဒ ္ဓဟူး)ထဲမှ (၁)ရက်ရက်စားအနားပေးမှုပြုလုပ်ပါမည်ဆိုတဲ့ ဝန်ခံကတိပါရှိရပါမည်။
ဒီနေရာမှာသိရှိထားရမည့်အချက်က OT ခေါ်တဲ့ တနင်္ဂနွေနေ့အတွက်ရက်စားအနားပေးခြင်းကို အမှန်တကယ်ဆောင်ရွက်ရမည်ဆိုတာရယ် အနားမပေးဘဲလုပ်အားခပိုပြီးပေးကာဆက်တိုက်အလုပ်ခိုင်းလို့မရဘူးဆိုတာပါပဲ။
နောက်တစ်ချက်ကှကညိပေ OT ကိုတစ်ပတ်ခြားသာခွင့်ပြုတာမို့တစ်လကို (၂)ကြိမ်ထက်ပိုခွင့်မပြုပါဘူး။
သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရမှာဆိုရင်တော့ Sunday OT ကို အတတ်နိုင်ဆုံး မခေါ် တာပိုကောင်းပါတယ်။ ခေါ်ယူလိုက်တဲ့ တနင်္ဂနွေအချိန်ပို Sunday OT အတွက်နားရက်အစားထိုးပြန်ပေးရတာမို့ Overtime အချိန်ပိုအလုပ်လုပ်တယ်သာအမည်ခံရတာပါ။ တစ်ရက်အစား အနားပြန်ပေးရတာနဲ့ဆိုရင်ဘာမှမထူးပါဘူး။ ပုံမှန်အလုပ်ဆင်းရက်ကရရှိမည့် Productivity က Sunday OT ကနေရရှိမည်။ ထုတ်ကုန်ထွက်ရှိမှုထက်သာလွန်တာကိုအတွေ့အကြုံအရသိရှိခဲ့လို့ပါပဲ။
(၃) အများပြည်သူအလုပ်ပိတ်ရက် Gazette တွင် OT ခေါ်ယူခြင်း
(က) OT ဆင်းမယ့် ဝန်ထမ်းလုပ်သားတွေအားလုံးရဲ့ OT ဆင်းရန်သဘောတူညီကြောင်း ဝန်ခံ ဂတိပြုလက်မှတ်အပြည့်အစုံပါရှိရပါမယ်။
(ခ) FGLLID ရဲ့ OT Permit နဲ့ပတ်သက်တဲ့စည်းကမ်းချက်များ လိုက်နာရပါမယ်။
(ဂ) Sunday OT ရော Gazette Holiday OT ပါအလုပ်ချိန် (၈)နာရီထက်ကျော်လို့မရပါဘူး။
(ဃ) အများပြည်သူရုံးပိတ်ရက်ဟာ Sunday နဲ့မတူပါဘူး။ နေ့ကြီး ရက်ကြီးတွေဖြစ်တဲ့အတွက် ဝန်ထမ်းလုပ်သားတွေရဲ့ အပန်းဖြေမှု၊ လူမှုရေးကိစ္စတွေသွားလာဆောင်ရွက်မှုတွေရှိတတ်ကြတဲ့ရက်တွေမို့ ဝန်ထမ်းလုပ်သားတော်တော်များများက အဲဒီ OT ခေါ်ယူမှုကိုမလိုလားကြတဲ့အတွက်တင်းပြည့်ကျပ်ပြည့်လုပ်အား Full Capacity မရနိုင်လောက်ပါဘူး။
(င) Gazette OT ရဲ့သိရမည့်အချက်ကရက်စားအနားပေးစရာမလိုတဲ့အချက်ဖြစ်ပါတယ်။
အထက်ဖော်ပြပါ OT ပုံစံ (၃)မျိုးစလုံးမှာညဘက် (၉)နာရီထက်အချိန်လွန်ခေါ်ယူခွင့်မရှိသလိုလူငယ်အလုပ်သမား Young Worker တွေကိုလည်း မည်သည့် OT အမျိုးအစားတွင်မှ ခေါ်ယူခြင်း ခွင့်မပြုတဲ့အချက်ဖြစ်ပါတယ်။
အချိန်ပိုခေါ်ယူခြင်း OT ကိုဖြစ်ပေါ်စေခဲ့တဲ့အလုပ်ရှင်ရောအလုပ်သမားပါ OT ရဲ့ ကောင်းကျိုးကိုဆက်စပ်ခံစားကြရပါတယ်။
အလုပ်ရှင်အနေနဲ့ကပုံမှန်အလုပ်ချိန် (၈)နာရီအတွင်း သတ်မှတ်ထားတဲ့အလုပ်ပြီးစီးမှုပမာဏကိုရရှိမယ်ဆိုရင် OT ကို ခေါ်ယူမှာမဟုတ်ပါဘူး။ သို့သော်ပုံမှန်ကုန်ထုတ်လုပ်မှုထက်ပိုမိုထုတ်လုပ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်လည်း OT ကို ခေါ်ယူနိုင်ပါသေးတယ်။ ဒီဘက်ခေတ်အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက် Minimum Wages ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ OT တွေကို ခေါ်ယူမှုလျော့နည်းလာပြီး ပုံမှန်အလုပ်အချိန်အတွင်း Production Target ကိုတိုးမြှင့်သတ်မှတ်တာတွေရှိလာပါတယ်။ ဟုတ်တယ်လေ Minimum Wages က တစ်နာရီကို (၄၅၀)ကျပ်ဆိုတော့ OT တစ်နာရီနှုန်းက (၉၀၀)ကျပ်ဖြစ်လာတာမို့လား။
ဒီမှာတင် ဝန်ထမ်းလုပ်သားတွေဘက်ကလည်း ယခင်ကာလတွေတုန်း က OT ဆင်းဖို့တော်တော်ကို စည်းရုံးကြရပါတယ်။ Minimum Wages ပြီး လစာစာတိုင်တွေထဲက Bonus အမျိုးမျိုးတွေကိုလျှော့ချ၊ ဖြုတ်ချသွားတဲ့အတွက်လစာပမာဏကလျော့ကျသွားသလို၊ OT Rate က တက်လာတဲ့အတွက်တစ်လလုံးဆင်းရင် OT Payment Amount က တက်လာတာကြောင့်မို့လို့ OT ဆင်းဖို့ကို စိတ်ဝင်စားမှုရှိလာ ကြတာတွေ့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *