WT အမိန္႔ေၾကာ္ျငာစာ ၄၇/၂၀၁၈ vs မူလ ၅၁/၂၀၁၇ WT အမိန့်ကြော်ငြာစာ ၄၇/၂၀၁၈ vs မူလ ၅၁/၂၀၁၇

WT အမိန္႔ေၾကာ္ျငာစာ ၄၇/၂၀၁၈ ထြက္ရွိလာေတာ့ မူလ ၅၁/၂၀၁၇ နဲ႔ မတူ ေျပာင္းလဲသြားတာေတြေလ့လာၾကည့္ ၾကရေအာင္။
အတိုးေပးေငြနဲ႔ လိုင္စင္၊ ကုန္အမွတ္တံဆိပ္၊ မူပိုင္အခြင့္အေရး တို႔မေျပာင္းလဲပါ။
ႏိုင္ငံေတာ္အတြင္း ေပးေခ်ေငြ ေဖာ္ျပခ်က္ ၂စုခြဲလိုက္ပါတယ္။
၅၁/၂၀၁၇ မွ ေပးေခ်ေငြအမ်ိဳးအစားမ်ားကို ႏိုင္ငံေတာ္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံပိုင္လုပ္ငန္းမ်ား၊ စည္ပင္သာယာအဖြဲ႕မ်ား၊ ႏိုင္ငံျခားကုမၸဏီမ်ား၊ ႏိုင္ငံျခားသားပိုင္လုပ္ငန္းမ်ားႏွင့္ အဖြဲ႕အစည္းမ်ား၊ ျပည္တြင္းကုမၸဏီမ်ား၊ အစုစပ္လုပ္ငန္းမ်ား လို႔ေဖာ္ျပခ်က္အစား
၄၇/၂၀၁၈ မွာ ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းမ်ား၊ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ား၊ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕မ်ား၊ႏိုင္ငံပိုင္လုပ္ငန္းမ်ား၊ စည္ပင္သာယာေရးအဖြဲ႕မ်ား လို႔ ျပင္ဆင္ျခင္းေၾကာင့္ ေပးေခ်ေငြအမ်ိဳးအစား ေျပာင္းလဲသြားပါတယ္။ ႏႈန္းထားကေတာ့ ျပည္တြင္း ၂% နဲ႔ ျပည္ပ ၂.၅% ျဖစ္လို႔ ၅၁/၂၀၁၇ အတိုင္းျဖစ္ပါတယ္။
၅၁/၂၀၁၇မွာ ေပးေခ်မႈကို တင္ဒါစနစ္၊ ကန္ထရိုက္စနစ္၊ ေစ်းႏႈန္းေခၚယူသည့္စနစ္ သို႔မဟုတ္ အျခားစနစ္တစ္ခုခုျဖင့္ လို႔ေဖာ္ျပခ်က္ကို
၄၇/၂၀၁၈ မွာတင္ဒါစနစ္ (သို႔) ေလလံစနစ္ (သို႔) ေစ်းၿပိဳင္ေခၚယူသည့္စနစ္ (သို႔) ကန္ထရိုက္စာခ်ဳပ္ (သို႔) သေဘာတူစာခ်ဳပ္ (သို႔) အျခားစနစ္တစ္ခုခုျဖင့္ လို႔ ျဖည့္စြက္ျခင္းေၾကာင့္ စနစ္ ေဖာိျပခ်က္မ်ားတိုးလာေပမယ့္ အျခားစနစ္တစ္ခုခုျဖင့္ လို႔ ေဖာ္ျပခ်က္ပါရွိျမဲျဖစ္လို႔ တိုက္ရိုက္ေငြသားေပးေခ်ဝယ္ယူတဲ့စနစ္မွ အပ စာခ်ဳပ္စာတမ္း အမွာစာ စသည္တို႔နဲ႔ ေပးေခ်တဲ့စနစ္တစ္မ်ိဳးမ်ိဳး ဆိုတဲ့ အဓိပၸါယ္ေတာ့ မေျပာင္းလဲဘူးလို႔ ထင္ျမင္ပါတယ္။
၅၁/၂၀၁၇ မွာ ေဖာ္ျပခဲ့တဲ့ ေပးေခ်ေငြအမ်ိဳးအစားမ်ားကို ႏိုင္ငံေတာ္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံပိုင္လုပ္ငန္းမ်ား၊ စည္ပင္သာယာအဖြဲ႕မ်ား၊ ႏိုင္ငံျခားကုမၸဏီမ်ား၊ ႏိုင္ငံျခားသားပိုင္လုပ္ငန္းမ်ားႏွင့္ အဖြဲ႕အစည္းမ်ား၊ ျပည္တြင္းကုမၸဏီမ်ား၊ အစုစပ္လုပ္ငန္းမ်ား ကို ျပည္တြင္းေန ၂% ျပည္ပေနႏိုင္ငံျခားသား ၂.၅% လို႔ေဖာ္ျပခ်က္မ်ားကို
၄၇/၂၀၁၈ မွာ ႏိုင္ငံေတာ္ႏွင့္အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္သည့္ စီးပြားေရးလုပ္ငန္းမ်ား၊ အစုစပ္လုပ္ငန္း၊ ဖက္စပ္လုပ္ငန္း၊ ကုမၸဏီ၊ တစ္ဦးခ်င္းပုဂၢိဳလ္တို႔ စုေပါင္းထားသည့္အဖြဲ႕အစည္း၊ တည္ဆဲဥပေဒတစ္ရပ္ရပ္အရ မွတ္ပံုတင္၍ဖြဲ႕စည္းထားသည့္ အဖြဲ႕အစည္း သို႔မဟုတ္ အသင္းအဖြဲ႕၊ သမဝါယမအသင္းႏွင့္ ႏိုင္ငံျခားကုမၸဏီမ်ား ႏိုင္ငံျခားသားပိုင္ လုပ္ငန္းမ်ားက လို႔ ခြဲထုတ္ၿပီး ျပည္တြင္း မႏုတ္ယူ ျပည္ပ ၂.၅% လို႔ျပင္ဆင္ျဖည့္စြက္ျခင္းေၾကာင့္ အရင္က ျပည္တြင္းေပးေခ်ေငြကို ႏုတ္ယူေပမယ့္ အခုေတာ့ ျပည္တြင္းေနမ်ားထံေပးေခ်ေငြဆိုရင္ ျဖတ္ေတာက္ရန္မလိုေတာ့ဘဲ ျပည္ပသို႔ေပးေခ်ေငြကိုသာ ႏုတ္ယူေပးေဆာင္ရန္ လို႔ နားလည္မိပါတယ္။
အဲသည္ျပင္ဆင္ျဖည့္စြက္တဲ့ေနရာမွာ
၅၁/၂၀၁၇မွာ တင္ဒါစနစ္၊ ကန္ထရိုက္စနစ္၊ ေစ်းႏႈန္းေခၚယူသည့္စနစ္၊ အျခားစနစ္တစ္ခုခုျဖင့္ ႏိုင္ငံေတာ္အတြင္း ပစၥည္းဝယ္ယူျခင္း၊ လုပ္ငန္းေဆာင္ရြက္ေပးေစျခင္း၊ ဝန္ေဆာင္မႈရယူျခင္း၊ ငွားယူျခင္း တို႔အတြက္ေပးေခ်ေငြမ်ား လို႔ေဖာ္ျပခ်က္ကို
၄၇/၂၀၁၈မွာ ကန္ထရိုက္စာခ်ဳပ္၊ သေဘာတူစာခ်ဳပ္၊ အျခားစနစ္တစ္ခုခုျဖင့္ ႏိုင္ငံေတာ္အတြင္း ပစၥည္းဝယ္ယူျခင္း၊ လုပ္ငန္းေဆာင္ရြက္ေပးေစျခင္း၊ ဝန္ေဆာင္မႈေဆာင္ရြက္ေပးေစျခင္း တို႔အတြက္ေပးေခ်ေငြမ်ား လို႔ ေျပာင္းလဲျဖည့္စြက္တဲ့အတြက္ ငွားယူျခင္းမပါဝင္ေတာ့ဘူးလို႔ ေတြ႕ရွိရပါတယ္။
အပိုဒ္ ၂ ကေတာ့ မေျပာင္းလဲပါ။ ေပးေခ်ေငြကို လက္ခံရရွိသူအမည္ သို႔မဟုတ္ လုပ္ငန္းအမည္နဲ႔ သြင္းရန္ျဖစ္ၿပီး သက္ဆိုင္ရာအခြန္ရံုး၏ ဘဏ္စာရင္းသို႔ ေပးသြင္းရမည္ ျဖစ္ပါတယ္။
သက္ဆိုင္ရာအခြန္ရံုး၏ ဘဏ္စာရင္းဆိုတာ ေပးေခ်ေငြကိုႏုတ္ယူေပးသြင္းသူနဲ႔သက္ဆိုင္ရာအခြန္ရံုး၏ဘဏ္စာရင္းလား ?
ေပးေခ်ေငြကိုလက္ခံရရွိသူနဲ႔သက္ဆိုင္ရာအခြန္ရံုး၏ဘဏ္စာရင္းလား ?
၂မ်ိဳးအဓိပၸါယ္ ျဖစ္ေနပါတယ္။
ႏုတ္ယူေပးသြင္းသူနဲ႔ဆိုင္ရာဘဏ္စာရင္းကို ဆိုတဲ့ ပထမ အခ်က္က ပိုသင့္ေတာ္မယ္လို႔ ယူဆပါတယ္။ ျမဝတီကလုပ္ငန္းရွင္က ရန္ကုန္က ကုမၸဏီကို ေငြေပးေခ်ရန္ရွိၿပီး WT ကို ရန္ကုန္လာသြင္းရမယ္ ဆိုတာက သဘာဝမက်ပါ။ ျမဝတီကေနေငြေပးေခ်တာမို႔ သူနဲ႔လက္လွမ္းမီရာ ျမဝတီအခြန္ရံုးသို႔ေပးသြင္းမွသာ သဘာဝက်ပါမယ္။ ေငြသြင္းခ်လန္မွာ လက္ခံရရွိသူအမည္/လုပ္ငန္းေဖာ္ျပထားၿပီးျဖစ္လို႔ တကယ္ေငြဝင္/မဝင္က ဌာနကသာ စိစစ္ရန္လို႔ နားလည္ပါတယ္။ စိစစ္ရန္နည္းလမ္း (ႏုုတ္ယူခံရသူသည္ ပတခ-ဝင ၁၇ကို ခ်က္ခ်င္း အခြန္ရံုးသို႔တင္ျပေပးရန္၊ အခြန္ရံုးမ်ားက ရံုးအခ်င္းခ်င္း စာျဖင့္ေမးရန္ ျပန္ၾကားရန္၊ မလိုအပ္ေသာ အခက္အခဲရွိေနေသာ အခြန္ထမ္းထံမွ ခ်လန္မိတၱဴေတာင္းယူျခင္းမျပဳရန္ စသည္ျဖင့္) သတ္မွတ္ေပးမယ္လို႔ ယူဆပါတယ္။
ဘာစနစ္မို႔ ညာစနစ္မို႔ ခ်လန္မိတၱဴေတာင္းတာ၊ လက္ခံရရွိသူနဲ႔ဆိုင္ရာအခြန္ရံုးကိုသြင္းရမယ္ဆိုတာေတြက သဘာဝ မက် လက္ေတြ႕ေဆာင္ရြက္ရန္ခက္ခဲပါတယ္လို႔ ထင္ျမင္ပါတယ္။ ကိုယ္ပိုင္အယူအဆျဖစ္ပါတယ္။
အပိုဒ္ ၃နဲ႔ ၄ ကြဲလြဲခ်က္မရွိပါ။
၅၁/၂၀၁၇ အပိုဒ္ ၅ မွာ SAS အခြန္ထမ္းနဲ႔ OAS အခြန္ထမ္း ေပးေခ်ေငြပမာဏ ခြဲျခားထားပါတယ္။
၄၇/၂၀၁၈ အပိုဒ္ ၅ မွာ SAS နဲ႔ OAS လို႔ မခြဲျခားေတာ့ဘဲ တစ္ႏွစ္အတြင္း စုစုေပါင္း ေပးေခ်ေငြ ၁၀သိန္း ေက်ာ္ပါက ႏုတ္ယူေပးသြင္းရမည္ လို႔ဆိုတဲ့အတြက္ ေငြပမာဏ တူသြားၿပီျဖစ္ပါတယ္၊ ေပးေခ်မႈတစ္ရပ္ခ်င္း မဟုတ္ေတာ့ဘဲ စုစုေပါင္းလို႔ ဆိုတဲ့အတြက္ ေပးေခ်ေငြေတြကိုမွတ္သားထားၿပီး စုစုေပါင္း ၁၀သိန္းေက်ာ္ရင္ ႏုတ္ယူရမယ့္ အဓိပၸါယ္ျဖစ္ပါတယ္။ ေက်ာ္တဲ့ပမာဏအေပၚ တြက္ခ်က္ရမလား၊ မူလ ၁က်ပ္ကိုပါ အပါအဝင္ျပန္ထည့္တြက္ရမလား ဆိုတာကို ရွင္းလင္းခ်က္လိုမယ္လို႔ ယူဆပါတယ္။ ျပည္ပေနႏိုင္ငံျခားသား ကိုေပးေခ်ရင္ေတာ့ ေငြပမာဏကန္႔သတ္ခ်က္မရွိအားလံုးအေပၚကတြက္ရပါမယ္မို႔ ၅၁နဲ႔ ၄၇ တူပါတယ္။
၅၁/၂၀၁၇ အပိုဒ္ ၅(ဂ) အရ ႏုတ္ယူေငြပမာဏမမီရင္ သတင္းစာရင္းေပးပို႔ရန္ ေဖာ္ျပထားေပမယ့္ ၄၇/၂၀၁၈ မွာေတာ့အဲသည္သတ္မွတ္ခ်က္မရွိေတာ့တဲ့အတြက္ အခြန္ထမ္းလိုက္နာရန္တာဝန္ မရွိေတာ့တာ သတိျပဳမိပါတယ္။
အပိုဒ္ ၆ ေဖာ္ျပခ်က္မ်ား ျပင္ဆင္မႈအနည္းငယ္ရွိၿပီး အစိုးရအဖြဲ႕နဲ႔ ႏိုင္ငံပိုင္မ်ားအခ်င္းခ်င္း ေပးေခ်မႈဆိုရင္ ႏုတ္ပယ္ရန္မလိုတာတူညီပါတယ္၊ ၄၇/၂၀၁၈ အရ စည္ပင္သာယာေရးအဖြဲ႕ ထပ္တိုးလာတာေတြ႕ရွိရပါတယ္။ဒါေၾကာင့္ အစိုးရ၊ ႏိုင္ငံပိုင္နဲ႔ စည္ပင္သာယာေရးအဖြဲ႕မ်ားအခ်င္းခ်င္း ေပးေခ်မႈႏုတ္ပယ္ရန္မလိုေတာ့ ပါလို႔ ယူဆရပါတယ္။
ေငြလက္ခံသူက ျငင္းဆိုျခင္းေၾကာင့္ ႏုတ္ယူေပးသြင္းရမည့္တာဝန္မွ ကင္းလြတ္ခြင့္မရွိေစရလို႔ အပိုဒ္ ၆ မွာ ဆိုထားေပမယ့္ မႏုတ္ယူရင္၊ ႏုတ္ယူထားၿပီး အခ်ိန္မီမသြင္းေပးရင္ ျပစ္ဒဏ္ေပးဖို႔ က်န္ေနပါေသးတယ္။
ဝင္ေငြခြန္ဥပေဒပုဒ္မ ၁၆(ဃ) အရ သတ္မွတ္မယ့္ ဒဏ္ေငြနဲ႔ ဘယ္လိုေပးေဆာင္ေစရမယ္ဆိုတာရယ္၊ ႏုတ္ယူျခင္းခံရမယ့္သူက သေဘာတူ ႏုတ္ယူျခင္းခံထားတာကို မေပးသြင္းရင္ ႏုတ္ယူခံသူအေပၚ ပုဒ္မ ၁၆-(ဂ) အရ ဒဏ္ရိုက္ျခင္းသည္ မပ်က္ကြက္သူကို ဒဏ္တပ္ရိုက္သလိုျဖစ္ေနတာရယ္ ေတြ႕ရပါတယ္။ ေနာက္ဆက္လာမယ့္ လုပ္ထံုးလုပ္နည္းေတြမွာ အဲသည္လိုအပ္ခ်က္အတြက္ အစီအစဥ္ပါလာမယ္လို႔ ေမၽွာ္လင့္ပါတယ္။
၅၁/၂၀၁၇ အပိုဒ္ ၇ အရ ညႊန္ခ်ဳပ္သည္ လုပ္ထံုးလုပ္နည္း၊ဖြင့္ဆိုခ်က္၊ ပံုစံ သတ္မွတ္တာ၊ WT မႏုတ္ဖို႔ အေၾကာင္းၾကားတာ၊ တာဝန္လႊဲေပးတာ၊ ေတြကို ဝန္ႀကီးဌာနတင္ျပရန္ မလိုအပ္ဘဲ ေဆာင္ရြက္ႏိုင္ေပမယ့္
၄၇/၂၀၁၈ အပိုဒ္ ၇ အရေတာ့ WT ႏုတ္ရန္မလိုတဲ့ေပးေခ်ေငြသတ္မွတ္တာ၊ ႏုတ္ယူရမယ့္ ရာခိုင္ႏႈန္းျပင္ဆင္တာ၊ လုပ္ထံုးလုပ္နည္း၊ဖြင့္ဆိုခ်က္၊ ပံုစံ၊ ႏုတ္ယူရန္နည္းလမ္း သတ္မွတ္တာ၊ တာဝန္လႊဲေပးတာေတြကို စီမံမံဘ႑ာဝန္ႀကီးဌာနသေဘာတူညီခ်က္နဲ႔ သာ ညႊန္ခ်ဳပ္က ေဆာင္ရြက္ရမယ္လို႔ ေျပာင္းလဲသြားတာကို ေလ့လာမိပါတယ္။ အထူးသျဖင့္ ၇(ခ) ႏႈန္းထားကို ျပင္ဆင္သတ္မွတ္ေပးခြင့္ ပိုမိုလာပါတယ္။ ဘယ္လို တင္ျပေလ်ာက္ထားရမယ္ဆိုတဲ့ နည္းလမ္း ထြက္လာမယ္လို႔ ေမၽွာ္လင့္ပါတယ္။
***
WT အမိန့်ကြော်ငြာစာ ၄၇/၂၀၁၈ ထွက်ရှိလာတော့ မူလ ၅၁/၂၀၁၇ နဲ့ မတူ ပြောင်းလဲသွားတာတွေလေ့လာကြည့် ကြရအောင်။
အတိုးပေးငွေနဲ့ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး တို့မပြောင်းလဲပါ။
နိုင်ငံတော်အတွင်း ပေးချေငွေ ဖော်ပြချက် ၂စုခွဲလိုက်ပါတယ်။
၅၁/၂၀၁၇ မှ ပေးချေငွေအမျိုးအစားများကို နိုင်ငံတော်အဖွဲ့အစည်းများ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာအဖွဲ့များ၊ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်လုပ်ငန်းများနှင့် အဖွဲ့အစည်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ အစုစပ်လုပ်ငန်းများ လို့ဖော်ပြချက်အစား
၄၇/၂၀၁၈ မှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့များ လို့ ပြင်ဆင်ခြင်းကြောင့် ပေးချေငွေအမျိုးအစား ပြောင်းလဲသွားပါတယ်။ နှုန်းထားကတော့ ပြည်တွင်း ၂% နဲ့ ပြည်ပ ၂.၅% ဖြစ်လို့ ၅၁/၂၀၁၇ အတိုင်းဖြစ်ပါတယ်။
၅၁/၂၀၁၇မှာ ပေးချေမှုကို တင်ဒါစနစ်၊ ကန်ထရိုက်စနစ်၊ ဈေးနှုန်းခေါ်ယူသည့်စနစ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် လို့ဖော်ပြချက်ကို
၄၇/၂၀၁၈ မှာတင်ဒါစနစ် (သို့) လေလံစနစ် (သို့) ဈေးပြိုင်ခေါ်ယူသည့်စနစ် (သို့) ကန်ထရိုက်စာချုပ် (သို့) သဘောတူစာချုပ် (သို့) အခြားစနစ်တစ်ခုခုဖြင့် လို့ ဖြည့်စွက်ခြင်းကြောင့် စနစ် ဖောိပြချက်များတိုးလာပေမယ့် အခြားစနစ်တစ်ခုခုဖြင့် လို့ ဖော်ပြချက်ပါရှိမြဲဖြစ်လို့ တိုက်ရိုက်ငွေသားပေးချေဝယ်ယူတဲ့စနစ်မှ အပ စာချုပ်စာတမ်း အမှာစာ စသည်တို့နဲ့ ပေးချေတဲ့စနစ်တစ်မျိုးမျိုး ဆိုတဲ့ အဓိပ္ပါယ်တော့ မပြောင်းလဲဘူးလို့ ထင်မြင်ပါတယ်။
၅၁/၂၀၁၇ မှာ ဖော်ပြခဲ့တဲ့ ပေးချေငွေအမျိုးအစားများကို နိုင်ငံတော်အဖွဲ့အစည်းများ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာအဖွဲ့များ၊ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်လုပ်ငန်းများနှင့် အဖွဲ့အစည်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ အစုစပ်လုပ်ငန်းများ ကို ပြည်တွင်းနေ ၂% ပြည်ပနေနိုင်ငံခြားသား ၂.၅% လို့ဖော်ပြချက်များကို
၄၇/၂၀၁၈ မှာ နိုင်ငံတော်နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့်အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ နိုင်ငံခြားသားပိုင် လုပ်ငန်းများက လို့ ခွဲထုတ်ပြီး ပြည်တွင်း မနုတ်ယူ ပြည်ပ ၂.၅% လို့ပြင်ဆင်ဖြည့်စွက်ခြင်းကြောင့် အရင်က ပြည်တွင်းပေးချေငွေကို နုတ်ယူပေမယ့် အခုတော့ ပြည်တွင်းနေများထံပေးချေငွေဆိုရင် ဖြတ်တောက်ရန်မလိုတော့ဘဲ ပြည်ပသို့ပေးချေငွေကိုသာ နုတ်ယူပေးဆောင်ရန် လို့ နားလည်မိပါတယ်။
အဲသည်ပြင်ဆင်ဖြည့်စွက်တဲ့နေရာမှာ
၅၁/၂၀၁၇မှာ တင်ဒါစနစ်၊ ကန်ထရိုက်စနစ်၊ ဈေးနှုန်းခေါ်ယူသည့်စနစ်၊ အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားယူခြင်း တို့အတွက်ပေးချေငွေများ လို့ဖော်ပြချက်ကို
၄၇/၂၀၁၈မှာ ကန်ထရိုက်စာချုပ်၊ သဘောတူစာချုပ်၊ အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်း တို့အတွက်ပေးချေငွေများ လို့ ပြောင်းလဲဖြည့်စွက်တဲ့အတွက် ငှားယူခြင်းမပါဝင်တော့ဘူးလို့ တွေ့ရှိရပါတယ်။
အပိုဒ် ၂ ကတော့ မပြောင်းလဲပါ။ ပေးချေငွေကို လက်ခံရရှိသူအမည် သို့မဟုတ် လုပ်ငန်းအမည်နဲ့ သွင်းရန်ဖြစ်ပြီး သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်းရမည် ဖြစ်ပါတယ်။
သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းဆိုတာ ပေးချေငွေကိုနုတ်ယူပေးသွင်းသူနဲ့သက်ဆိုင်ရာအခွန်ရုံး၏ဘဏ်စာရင်းလား ?
ပေးချေငွေကိုလက်ခံရရှိသူနဲ့သက်ဆိုင်ရာအခွန်ရုံး၏ဘဏ်စာရင်းလား ?
၂မျိုးအဓိပ္ပါယ် ဖြစ်နေပါတယ်။
နုတ်ယူပေးသွင်းသူနဲ့ဆိုင်ရာဘဏ်စာရင်းကို ဆိုတဲ့ ပထမ အချက်က ပိုသင့်တော်မယ်လို့ ယူဆပါတယ်။ မြဝတီကလုပ်ငန်းရှင်က ရန်ကုန်က ကုမ္ပဏီကို ငွေပေးချေရန်ရှိပြီး WT ကို ရန်ကုန်လာသွင်းရမယ် ဆိုတာက သဘာဝမကျပါ။ မြဝတီကနေငွေပေးချေတာမို့ သူနဲ့လက်လှမ်းမီရာ မြဝတီအခွန်ရုံးသို့ပေးသွင်းမှသာ သဘာဝကျပါမယ်။ ငွေသွင်းချလန်မှာ လက်ခံရရှိသူအမည်/လုပ်ငန်းဖော်ပြထားပြီးဖြစ်လို့ တကယ်ငွေဝင်/မဝင်က ဌာနကသာ စိစစ်ရန်လို့ နားလည်ပါတယ်။ စိစစ်ရန်နည်းလမ်း (နုတ်ယူခံရသူသည် ပတခ-ဝင ၁၇ကို ချက်ချင်း အခွန်ရုံးသို့တင်ပြပေးရန်၊ အခွန်ရုံးများက ရုံးအချင်းချင်း စာဖြင့်မေးရန် ပြန်ကြားရန်၊ မလိုအပ်သော အခက်အခဲရှိနေသော အခွန်ထမ်းထံမှ ချလန်မိတ္တူတောင်းယူခြင်းမပြုရန် စသည်ဖြင့်) သတ်မှတ်ပေးမယ်လို့ ယူဆပါတယ်။
ဘာစနစ်မို့ ညာစနစ်မို့ ချလန်မိတ္တူတောင်းတာ၊ လက်ခံရရှိသူနဲ့ဆိုင်ရာအခွန်ရုံးကိုသွင်းရမယ်ဆိုတာတွေက သဘာဝ မကျ လက်တွေ့ဆောင်ရွက်ရန်ခက်ခဲပါတယ်လို့ ထင်မြင်ပါတယ်။ ကိုယ်ပိုင်အယူအဆဖြစ်ပါတယ်။
အပိုဒ် ၃နဲ့ ၄ ကွဲလွဲချက်မရှိပါ။
၅၁/၂၀၁၇ အပိုဒ် ၅ မှာ SAS အခွန်ထမ်းနဲ့ OAS အခွန်ထမ်း ပေးချေငွေပမာဏ ခွဲခြားထားပါတယ်။
၄၇/၂၀၁၈ အပိုဒ် ၅ မှာ SAS နဲ့ OAS လို့ မခွဲခြားတော့ဘဲ တစ်နှစ်အတွင်း စုစုပေါင်း ပေးချေငွေ ၁၀သိန်း ကျော်ပါက နုတ်ယူပေးသွင်းရမည် လို့ဆိုတဲ့အတွက် ငွေပမာဏ တူသွားပြီဖြစ်ပါတယ်၊ ပေးချေမှုတစ်ရပ်ချင်း မဟုတ်တော့ဘဲ စုစုပေါင်းလို့ ဆိုတဲ့အတွက် ပေးချေငွေတွေကိုမှတ်သားထားပြီး စုစုပေါင်း ၁၀သိန်းကျော်ရင် နုတ်ယူရမယ့် အဓိပ္ပါယ်ဖြစ်ပါတယ်။ ကျော်တဲ့ပမာဏအပေါ် တွက်ချက်ရမလား၊ မူလ ၁ကျပ်ကိုပါ အပါအဝင်ပြန်ထည့်တွက်ရမလား ဆိုတာကို ရှင်းလင်းချက်လိုမယ်လို့ ယူဆပါတယ်။ ပြည်ပနေနိုင်ငံခြားသား ကိုပေးချေရင်တော့ ငွေပမာဏကန့်သတ်ချက်မရှိအားလုံးအပေါ်ကတွက်ရပါမယ်မို့ ၅၁နဲ့ ၄၇ တူပါတယ်။
၅၁/၂၀၁၇ အပိုဒ် ၅(ဂ) အရ နုတ်ယူငွေပမာဏမမီရင် သတင်းစာရင်းပေးပို့ရန် ဖော်ပြထားပေမယ့် ၄၇/၂၀၁၈ မှာတော့အဲသည်သတ်မှတ်ချက်မရှိတော့တဲ့အတွက် အခွန်ထမ်းလိုက်နာရန်တာဝန် မရှိတော့တာ သတိပြုမိပါတယ်။
အပိုဒ် ၆ ဖော်ပြချက်များ ပြင်ဆင်မှုအနည်းငယ်ရှိပြီး အစိုးရအဖွဲ့နဲ့ နိုင်ငံပိုင်များအချင်းချင်း ပေးချေမှုဆိုရင် နုတ်ပယ်ရန်မလိုတာတူညီပါတယ်၊ ၄၇/၂၀၁၈ အရ စည်ပင်သာယာရေးအဖွဲ့ ထပ်တိုးလာတာတွေ့ရှိရပါတယ်။ဒါကြောင့် အစိုးရ၊ နိုင်ငံပိုင်နဲ့ စည်ပင်သာယာရေးအဖွဲ့များအချင်းချင်း ပေးချေမှုနုတ်ပယ်ရန်မလိုတော့ ပါလို့ ယူဆရပါတယ်။
ငွေလက်ခံသူက ငြင်းဆိုခြင်းကြောင့် နုတ်ယူပေးသွင်းရမည့်တာဝန်မှ ကင်းလွတ်ခွင့်မရှိစေရလို့ အပိုဒ် ၆ မှာ ဆိုထားပေမယ့် မနုတ်ယူရင်၊ နုတ်ယူထားပြီး အချိန်မီမသွင်းပေးရင် ပြစ်ဒဏ်ပေးဖို့ ကျန်နေပါသေးတယ်။
ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆(ဃ) အရ သတ်မှတ်မယ့် ဒဏ်ငွေနဲ့ ဘယ်လိုပေးဆောင်စေရမယ်ဆိုတာရယ်၊ နုတ်ယူခြင်းခံရမယ့်သူက သဘောတူ နုတ်ယူခြင်းခံထားတာကို မပေးသွင်းရင် နုတ်ယူခံသူအပေါ် ပုဒ်မ ၁၆-(ဂ) အရ ဒဏ်ရိုက်ခြင်းသည် မပျက်ကွက်သူကို ဒဏ်တပ်ရိုက်သလိုဖြစ်နေတာရယ် တွေ့ရပါတယ်။ နောက်ဆက်လာမယ့် လုပ်ထုံးလုပ်နည်းတွေမှာ အဲသည်လိုအပ်ချက်အတွက် အစီအစဉ်ပါလာမယ်လို့ မျှော်လင့်ပါတယ်။
၅၁/၂၀၁၇ အပိုဒ် ၇ အရ ညွှန်ချုပ်သည် လုပ်ထုံးလုပ်နည်း၊ဖွင့်ဆိုချက်၊ ပုံစံ သတ်မှတ်တာ၊ WT မနုတ်ဖို့ အကြောင်းကြားတာ၊ တာဝန်လွှဲပေးတာ၊ တွေကို ဝန်ကြီးဌာနတင်ပြရန် မလိုအပ်ဘဲ ဆောင်ရွက်နိုင်ပေမယ့်
၄၇/၂၀၁၈ အပိုဒ် ၇ အရတော့ WT နုတ်ရန်မလိုတဲ့ပေးချေငွေသတ်မှတ်တာ၊ နုတ်ယူရမယ့် ရာခိုင်နှုန်းပြင်ဆင်တာ၊ လုပ်ထုံးလုပ်နည်း၊ဖွင့်ဆိုချက်၊ ပုံစံ၊ နုတ်ယူရန်နည်းလမ်း သတ်မှတ်တာ၊ တာဝန်လွှဲပေးတာတွေကို စီမံမံဘဏ္ဍာဝန်ကြီးဌာနသဘောတူညီချက်နဲ့ သာ ညွှန်ချုပ်က ဆောင်ရွက်ရမယ်လို့ ပြောင်းလဲသွားတာကို လေ့လာမိပါတယ်။ အထူးသဖြင့် ၇(ခ) နှုန်းထားကို ပြင်ဆင်သတ်မှတ်ပေးခွင့် ပိုမိုလာပါတယ်။ ဘယ်လို တင်ပြလျောက်ထားရမယ်ဆိုတဲ့ နည်းလမ်း ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။
Credit: Tax of Myanmar Q & A

Leave a Comment

Your email address will not be published.