Master of Business Administration (Global MBA) Scholarship

——————
***
Master of Business Administration (Global MBA) Scholarship လျှောက်ထားနိုင်ပါပြီ
——————
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နှင့် University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းဖွင့်လှစ်သော “Master of Business Administration (Global MBA)” (Batch-11) သြဂုတ်လတွင် ဖွင့်လှစ်မည် ဖြစ်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်ဝန်ထမ်းများ၊ ညီနောင်အသင်းများနှင့် ပြည်နယ်၊ တိုင်း၊ နယ်စပ်ကုန်သည်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများ၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ အနေဖြင့် Master of Business Administration (Global MBA) ပညာသင်ဆုလျှောက်ထားနိုင်ပါတယ်။
လျှောက်ထားသူသည် မြန်မာနိုင်ငံသား၊ ဘွဲ့တစ်ခုခုရရှိပြီး လုပ်သက်အနည်းဆုံး (၁)နှစ်ရှိသူ၊ TOEFL Score 550 (သို့) အင်္ဂလိပ်စာ ကျွမ်းကျင်သူများ ပါဝင် လျှောက်ထားနိုင်မည် ဖြစ်ပါတယ်။
အထက်ပါ အရည်အချင်းနှင့် ပြည့်စုံသူများသည် UMFCCI နှင့် UTCC တို့မှ ကျင်းပသော ရေးဖြေစာမေးပွဲများနှင့် လူတွေ့စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပါတယ်။
ပညာသင်ဆုလျှောက်ရန် သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီပါက http://www.umfcci.com.mm/mba-scholarship-2/ လျှောက်လွှာအား ဖြည့်စွက်၍
?ကိုယ်တိုင်ရေးအချက်အလက်
?ပညာအရည်အချင်းအထောက်အထားများနှင့်
?လက်ရှိတာဝန်ထမ်းဆောင်နေသော အသင်း/ ကုမ္ပဏီဝန်ထမ်း (သို့)
အမှုဆောင်ဖြစ်ကြောင်း ထောက်ခံစာလိုအပ်ပါတယ်။
အသင်းချုပ် HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉ (Ext: ၁၃၃၊ ၁၃၄) သို့ ဆက်သွယ်၍ (၂၈.၆.၂၀၁၈) ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်

Leave a Comment

Your email address will not be published. Required fields are marked *