MSME Books တွင် ငွေစာရင်းစာအုပ် တစ်ခုမှ ထုတ်ပြီး အခြား တစ်အုပ်သို့ထည့်ခြင်း၊ ဘဏ်မှ ငွေသားထုတ်ပြီး လုပ်ငန်းသုံးငွေစာရင်းထဲသို့ထည့်သွင်းခြင်း၊ လုပ်ငန်းသုံးငွေစာရင်းမှ ဘဏ်သို့ ငွေထည့်ခြင်းများကို လုပ်ဆောင်ရန်အတွက် Inter Account Transfers ကို အသုံးပြုနိင်ပါသည်။
လုပ်ငန်းတွင် ငွေစာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းအချင်းချင်းဖြစ်စေ၊ ဘဏ်စာရင်းမှ ငွေစာရင်းသို့ဖြစ်စေ လွှဲပြောင်းလိုပါက…
Inter Account Transfers ကို နှိပ်ပါ။
New Inter Account Transfer ကိုနှိပ်ပါ။
Date တွင် ငွေစာရင်းလွှဲပြောင်းသည့်ရက်စွဲ ကို ထည့်ပါ။
Description တွင် အကြောင်းအရာထည့်သွင်းပါ။
Paid from တွင်”ထုတ်ပေးသည့်စာရင်း”ကို ရွေးချယ်ပါ။
Received in တွင် “ငွေလက်ခံသောစာရင်း” ကိုရွေးချယ်ပါ။
Amount တွင် လွှဲပြောင်းသည့်ပမာဏကို ထည့်ပါ။
Create ကို နှိပ်ပါ။
ထည့်သွင်းထားသော inter account transfer ကို တွေ့မြင်ရမည်။
Inter Account Transfer ဇယားတွင် ထည့်သွင်းထားသော ဇယားကိုတွေ့ရမည်။
အနှစ်ချုပ်တွင် ပြန်လည်ကြည့်ရှုပါက…
Bank Account တွင် ငွေပမာဏ လျော့သွားပြီး Cash Account တွင် ငွေတိုးလာမည်ကိုတွေ့ရမည်။
အခြား Inter Account Transfer များကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။
မာတိကာ
#MSMEBooks
#CloudBasedAccountingSoftware
#BCN
#09977160671