Multi-currency @ MSME Books

လုပ်ငန်းတွင် Multicurrency ကိုအသုံးပြုမည်ဆိုပါက…

Settings ကိုနှိပ်ပါ။

Base Currency နှင့် Foreign Currency ကိုတွေ့ရမည်။
လုပ်ငန်းတွင် ထားရှိလိုသော “အခြေခံငွေကြေး” ကို သတ်မှတ်ရန်…

Base Currency ကိုနှိပ်ပါ။

“Code” တွင် ထားရှိလိုသော Code ကိုထည့်သွင်းပါ။
“Name” တွင် အသုံးပြုလိုသည့် Base Currency အမည်ကိုထည့်သွင်းပါ။
“Symbol” တွင် သတ်မှတ်လိုသည့် သင်္ကေတ ကိုထည့်သွင်းပါ။
“Decimal” တွင် ဒသမနောက်၌ ထားရှိလိုသော ဂဏန်းအရေအတွက်ကိုထည့်သွင်းပါ။
“Update” ကိုနှိပ်ပါ။
 
လုပ်ငန်းတွင် အခြေခံငွေကြေးအပြင် အခြားငွေကြေးကိုပါထပ်မံထည့်သွင်းသတ်မှတ်လိုပါက…

“Foreign Currencies” ကိုနှိပ်ပါ။

“New Foreign Currency”ကိုနှိပ်ပါ။

“Code” တွင် ထားရှိလိုသော Code ကိုထည့်သွင်းပါ။
“Name” တွင် အသုံးပြုလိုသည့် Foreign Currency အမည်ကိုထည့်သွင်းပါ။
“Symbol” တွင် သတ်မှတ်လိုသည့် သင်္ကေတ ကိုထည့်သွင်းပါ။
“Decimal” တွင် ဒသမနောက်၌ ထားရှိလိုသော ဂဏန်းအရေအတွက်ကိုထည့်သွင်းပါ။
“Create” ကိုနှိပ်ပါ။

ထည့်သွင်းထားသော Foreign Currency ကိုတွေ့ရမည်။
အခြားထည့်သွင်းလိုသော Foreign Currency များရှိပါကလည်း ထိုနည်းအတိုင်းထည့်သွင်းနိုင်သည်။

ထပ်မံထည့်သွင်းထားသော Foreign Currency ကို တွေ့ရမည်။
Transaction များထည့်သွင်းရန်အတွက် Exchange Rate ကို ဦးစွာထည့်သွင်းရမည်။

Setting များထဲမှ Exchange Rate ကိုနှိပ်ပါ။

New Exchange Rate ကိုနှိပ်ပါ။

“Date” တွင် Exchange Rate သတ်မှတ်မည့် Date ကိုထည့်သွင်းပါ။
“Currency”တွင် Exchange Rate ထည့်သွင်းလိုသော Currency ကိုရွေးချယ်ပါ။
Rate တွင် – ထိုနေ့အတွက်ပေါက်စျေးမှာ 1ဒေါ်လာတွင် 1450 ဆိုပါက.. 1/1450 ဟုထည့််သွင်းပါ။
“Create” ကိုနှိပ်ပါ။

ထည့်သွင်းထားသော Exchange Rate ကိုတွေ့ရမည်။
အခြားသော Currency များအတွက် Exchange Rate များထည့်သွင်းလိုပါက ထိုနည်းအတိုင်းထည့်သွင်းပါ။

ထည့်သွင်းထားသော Exchange Rate များကိုတွေ့ရမည်။

USD အသုံးပြုသည့် Invoice တွင် ကြည့်ရှုပါက.. Foreign Exchange USD  တွင်
Decimal 2 နေရာထည့်သွင်းထားသည့်အတွက်
ဒသမနောက်တွင် ကိန်းဂဏန်းနှစ်လုံးရှိနေသည်ကိုတွေ့ရမည်။

Chinese Yuan ဖြင့်ဖွင့်ထားသော invoice တွင် ကြည့်ရှုလျှင်
Foreign Currency CNY တွင် Decimal 2 နေရာသာထားရှိခဲ့သည့်အတွက်
ဒသမနောက်တွင် ကိန်းဂဏန်း 2 လုံးသာရှိသည်ကိုတွေ့ရမည်။
Base Currency “Burmese Kyat” ဖြင့်ဖွင့်ထားသော invoice တွင် ကြည့်ရှုလျှင်
Decimal 0 ဟု သာထားရှိခဲ့သည့်အတွက်
ဒသမနောက်တွင် ကိန်းဂဏန်း မရှိတော့သည်ကိုတွေ့ရမည်။

Invoice List တွင်ပြန်လည်ကြည့်ရှုပါက…
သတ်မှတ်ခဲ့သော Currency Symbols နှင့်တကွ Invoice Amount များကိုတွေ့ရမည်။
#MSMEBooks
#CloudBasedAccountingSoftware
#BCN
#09977160671
 
 
 
 
 
 

Leave a Comment

Your email address will not be published. Required fields are marked *