COVID-19 ရောဂါ ဖြစ်ပွားနေမှု ကာလအတွင်းဗီဇာသက်တမ်းတိုး ထောက်ခံချက် တင်ပြရန် သတ်မှတ်ချက်များ

COVID-19 ရောဂါ ဖြစ်ပွားနေမှု ကာလအတွင်းဗီဇာသက်တမ်းတိုး ထောက်ခံချက် တင်ပြရန် သတ်မှတ်ချက်များ

DICA အနေဖြင့် ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး (၅) ရက်အထိ ကျန်ရှိသည့် နိုင်ငံခြားသားများ  ကုမ္ပဏီဝန်ထမ်းများအား ဗီဇာသက်တမ်းတိုး လက်ခံ ဆောင်ရွက်ပေးမည်။
၁။      https://www.dica.gov.mm/en/news/announcement-companies-0 မှ တစ်ဆင့်လျှောက်လွှာပုံစံအားရယူ၍ အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး ကုမ္ပဏီ Officer (Managing Director ၊ Director ၊ Authorized Officer ၊ etc…) တစ်ဦးမှ လက်မှတ်ရေးထိုး၍ တင်ပြရန်။
၂။       ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် email တို့ကို ရှင်းလင်းစွာ ရေးသားရန်။
၃။      ကုမ္ပဏီ Officer  ၊ Members နှင့် ၄င်းတို့ မိသားစုဝင်များ၏ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရေးအတွက်ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ဖြင့်တင်ပြနိုင်သည်။
၄။      ပထမအကြိမ် ခန့်ထားသည့် နိုင်ငံခြားသား ဝန်ထမ်းများ အနေဖြင့် ကျွမ်းကျင် ပညာရှင် အထောက်အထား တင်ပြနိုင်ခြင်း မရှိပါက ကုမ္ပဏီ Officer ၏ ထောက်ခံချက်ဖြင့် တင်ပြနိုင်သည်။
၅။      ကုမ္ပဏီ ဝန်ထမ်းများအတွက် ဗီဇာသက်တမ်းတိုးတင်ပြပါက ကုမ္ပဏီ၏ လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်း အထောက် အထား (Contracts ၊ Agreement ၊ Invoice ၊ လုပ်ငန်း လိုင်စင်၊ ခွင့်ပြုမိန့်) တင်ပြရမည်။
၆။      လက်ခံဆောင်ရွက်ပေးပြီးသော တင်ပြစာများအတွက် လိုအပ်မည့် စာအမှတ် အား ရုံးသို့လာရောက်ခြင်း မလိုအပ်စေရေးအတွက် ကုမ္ပဏီအမည်များ အလိုက်MyCODicafacebookpage:https://www.facebook.com/coco.rere.14 တွင် နေ့စဉ် ကြေညာပေးမည် ဖြစ်ပါသည်။
အထက်ဖော်ပြပါ သတ်မှတ်ချက်များသည် COVID-19 ရောဂါ ဖြစ်ပွားနေမှု၏ နိုင်ငံတော်မှ ကြေညာချက်အပေါ် သက်ရောက်မှုရှိသည့် ကာလအထိသာ အကျုံးဝင်သည်။
 
 

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

https://www.dica.gov.mm/mm/news/1372173
 

Leave a Comment

Your email address will not be published. Required fields are marked *