Effective Meeting

ထိရောက်တဲ့ အစည်းအဝေးကျင်းပနိုင်ဖို့ လိုက်နာသင့်တဲ့ အချက် (၁၁)
အစည်းအဝေးတော်တော်များများ က ကုန်သွားတဲ့ အချိန်နဲ့ ရလာဒ် က မညီမျှဘူး။ အစည်းအဝေး လို့သာ ပြောတယ် လာချင်တဲ့သူကလာတယ်၊မလာချင်တဲ့သူက မလာဘူး။ အချိန်တိကျတဲ့သူရှိသလို၊အချိန်မလေးစားဘူး ရောက်ချင်တဲ့ အချိန်ရောက်မယ်။ တစ်ချို့ကတော့ လူက အစည်းအဝေးခန်းမှာ စိတ်ကတစ်ခြားမှာ၊တစ်ချို့ကလဲ ဖုန်းပွတ်နေမယ်၊အရေးမကြီးတဲ့ ဖုန်းအဝင်တွေကို အရေးကြီးသယောင်ပြုပြီးလက်ခံပြောနေမယ်။ အစည်းအဝေးမှာလဲ ခေါင်းစဉ်ကတစ်မျိုး၊ဆွေးနွေးနေကြတာတစ်မျိုး၊ အစည်းအဝေးသာပြီးသွားတယ် ဘာဆုံးဖြတ်ချက်မှ ပြတ်ပြတ်သားသား မချနိုင်ဘူး။ အဲ့လိုအစည်းအဝေးမျိုးကိုတော့ ဘယ်သူကမှ အချိန်ကုန်ခံပြီး တက်ချင်မယ် မထင်ဘူးနော်။ ထိရောက်တဲ့အစည်းအဝေးတစ်ခု ကျင်းပနိုင်ဖို့လိုက်နာသင့်တဲ့ အချက်တွေကတော့
၁) အစည်းအဝေးတိုင်းမှာ တိကျရှင်းလင်းတဲ့ Agenda ရှိပါစေ။
၂) လိုအပ်သော၊ပါဝင်သင့်သော သူများကိုသာ ဖိတ်ခေါ်ပါ။
၃) အစည်းအဝေးအတွက်လိုအပ်သော အချက်အလက်များကို ကြိုတင်ဝေထားပါ။
၄) အစည်းအဝေးခန်းတွင် အသုံးပြုမည့် ပစ္စည်းများကို ကြိုတင်စစ်ဆေးစီစဉ်ထားပါ။
၅) အချိန်တိကျပါစေ။
၆) လိုအပ်သော devices များကိုသာသုံးပါ။ မလိုအပ်ပဲ computer, tablet များအခန်းတွင်းအသုံးပြုခြင်းကိုခွင့်မပြုပါနှင့်။
ရ) အစည်းအဝေးမှတ်တမ်းရေးမှတ်ပါ။
၈) သတ်မှတ်ထားသော Agenda, Topic များကိုသာဆွေးနွေးပါ။
၉) အစည်းအဝေးပြီးလျှင် ပြုလုပ်ရမည့် အရာများကို သေချာပြင်ဆင်ပါ။
၁၀) အစည်းအဝေးခန်းကို သေချာထိန်းသိမ်းပါ။
၁၁) ပြီးခဲ့သည့် အစည်းအဝေးမှတ်တမ်းများကို ပြန်လည် အတည်ပြုပြီး လုပ်ဆောင်ပြီးသည့်အရာများ၊လုပ်ဆောင်ရန်ကျန်သည့်အရာများကို ပြန်လည် စိစစ်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *