သူများမထည့်လဲနေ ကိုယ်ပဲထည့်မယ်ဆိုတဲ့စိတ်မွေးနိုင်အောင် ကြိုးစားမယ် မီးဖိုဘေးကလူ ၆ ယောက် တစ်ခါက. . . တစ်နှစ်မှာ ၁၀ လလောက် ရေခဲနေတတ်တဲ့ တောမကျ မြို့မကျ ရွာလေးတစ်ခုမှာပေါ့ … ဆောင်းတွင်းရောက်လာတယ်။ နှင်းတွေကလည်းကျလိုက်တာ။ ရေခဲမှတ်အောက်ကို အနှုတ် ၃၀ ဒီဂရီလောက် ရောက်နေပြီ။ ဒီနေရာလေးဟာ သုံးနှစ်ကို တစ်ကြိမ်လောက် နှင်းမုန်တိုင်းတွေ တိုက်ခိုက်တတ်တယ်။ နှင်းမုန်တိုင်းတွေကျပြီဆိုရင် ရေခဲတောင်တွေ ပြိုတယ်။အိုးအိမ်တွေ ပျက်စီးတယ်။ဒါကြောင့် ဒီဒေသကလူတွေဟာ နှင်းမုန်တိုင်းကျပြီဆိုရင် သူတို့ဝတ်နေကျ လောင်းကုတ်အင်္ကျီအရှည်ကြီး ကို ဝတ်တယ်။အဲ့ဒီအင်္ကျီအရှည်ကြီးထဲမှာ ထင်းရှူးဆီအခဲတစ်ခုရယ်၊ မီးခြစ်တစ်လုံးရယ် ၊ ထင်းသုံးလေးငါးချောင်းရယ် ၊အသားခြောက် ၅၀ ကျပ်သားလောက်ရယ်ထည့်ပြီး နီးစပ်ရာ တောထဲကဂူတွေထဲမှာ နှင်းမုန်တိုင်းခိုကြရတယ် ဒီိလိုနဲ့. . . …