Business Plan
အငယ်စား၊အသေးစား၊အလတ်စား လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် အဓိကအရေးကြီးတကြီးလိုအပ်နေတာတွေကတော့ ငွေကြေးထောက်ပံ့မှု နည်းပညာ အထောက်အကူ ကျွမ်းကျင်ဝန်ထမ်း လုပ်ငန်းကို စနစ်တကျစီမံအုပ်ချုပ်မှု စာရင်းဇယားများ စတာတွေ အချိတ်အဆက်မိမိနဲ့ ဟန်ချက်ညီညီ သွားဖို့အရေးကြီးပါတယ်။ ငွေကြေးထောက်ပံ့မှုရနိုင်ဖို့အတွက် ချေးငွေလျှောက်ထားရာမှာ လက်ရှိလုပ်ငန်းလည်ပတ်ထားတဲ့ အရှုံးအမြတ်စာရင်းများ၊ရှေ့ဆက်လုပ်ကိုင်မည့် အစီအစဉ်များ၊ခန့်မှန်းအရောင်းခန့်မှန်း၊ငွေကြေးအဝင်၊အထွက်ခန့်မှန်းတို့လိုအပ်ပါတယ်။ ရလာတဲ့ချေးငွေကို ဘယ်မှာသုံးမယ်၊ဘယ်လိုပြန်ဆပ်မယ်ဆိုတာလဲ အရေးကြီးပါတယ်။ ဖော်ပြပါအချက်အလက်များပေးနိုင်ဖို့အတွက်ကတော့ လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ စာရင်းဇယားများထားရှိဖို့လိုပါတယ်။ မိမိရဲ့ ထုတ်ကုန်သို့ ဝန်ဆောင်မှုကို အရည်အသွေးကောင်းကောင်းနဲ့ ထုတ်လုပ်ပြီး ဈေးကွက်မှာရောင်းချဖို့အတွက်ကတော့ နည်းပညာလိုအပ်ပါတယ်။ နည်းပညာ အကူအညီနဲ့ သွားတဲ့ အတွက် မိရိုးဖလာ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထက် ပိုပြီး အရှေ့ရောက်နိုင်ပါတယ်။ လုပ်ငန်းကို စနစ်တကျ အုပ်ချုပ်နိုင်ဖို့အတွက်ကတော့ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အတတ်ပညာ၊ဗဟုသုတတွေလိုအပ်ပါတယ်။ ကျွမ်းကျင် ဝန်ထမ်းတွေ ရရှိဖို့ကတော့ ကျွမ်းကျင်ပြီးသား ဝန်ထမ်းကို လစာ များများပေးပြီး …
KBANK BIZ PLAN CHALLENGE 2018
မန်မာ SME လုပ်ငန်းရှင်များနှင့် လုပ်ငန်းရှင်ဖြစ်ချင်သူများအတွက် ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲ ******** မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာနဲ့ မိုဘိုင်းနည်းပညာ တစ်ဟုန်ထိုးတိုးတက်လာတဲ့အခါ ဒီဂျစ်တယ်နည်းပညာသုံး ဈေးကွက်ချဲ့ထွင်ခြင်း (Digital Marketing) ပညာရပ်ဟာ Digital Marketing ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းများအတွက်သာမက၊ အခြား စီးပွားရေးလုပ်ငန်းများအတွက်ပါ အရေးတကြီးလိုအပ်တဲ့ ပညာရပ်ဖြစ်လာပါပြီ။ Digital Marketing ဟာ လူငယ်နဲ့ပဲဆိုင်တယ်၊ Start-up လုပ်ငန်းတွေနဲ့ပဲဆိုင်တယ်လို့ မစဉ်းစားစေချင်ဘူးလို့ ကုန်သည်စက်မှုအသင်းချုပ် SME နဲ့ SMI ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းကပြောပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပြောင်းလဲလာတဲ့ နည်းပညာလှိုင်းနောက်ကို အမှီမလိုက်နိုင်ရင် ယှဉ်ပြိုင်မှုနောက်မှာ ကျန်ခဲ့နိုင်တယ်လို့ သူက ပြောပါတယ်။ မြန်မာလုပ်ငန်းရှင်များ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ နဲ့ လုပ်ငန်းရှင်ဖြစ်လိုသူတွေအတွက် Digital Marketing …
KBANK BIZ PLAN CHALLENGE 2018 Read More »