Starting Your Own Business
ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် စိတ်ဖိစီးမှုများစွာလဲ ကြုံတွေ့လာနိုင်ပါတယ်။ကိုယ်ပို်င်လုပ်ငန်းတစ်ခု စတင်ဖို့ နည်းလမ်းပေါင်းစုံ ရှိတဲ့အနက် အခြေခံအကျဆုံး လိုအပ်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။ ၁။ Idea တစ်ခု ရှိထားရပါမယ်။ သေချာပါတယ်။ ကိုယ်ပိုင် စီးပွားရေး လုပ်မယ့်လူတစ်ယောက်အတွက် အနည်းဆုံး ခေါင်းထဲမှာ Idea တစ်ခုတော့ ရှိထားရပါမယ်။ လုပ်ငန်းအတွက် လိုအပ်ချက်တွေ ကြိုတင်သိရှိနိုင်ဖို့ အလုပ်နဲ့ဆိုင်တဲ့ Idea တွေ ရှိကို ရှိထားရပါမယ်။ ၂။ ဖြစ်နိုင်ရဲ့လားဆိုတာ သေချာစဉ်းစားပါ။ ကိုယ်စဉ်းစားလိုက်တဲ့ Idea က တကယ့် လက်တွေ့မှာ အလုပ်ဖြစ်ပါ့မလားဆိုတာ သေချာဆုံးဖြတ်ပါ။ လုပ်ငန်းတစ်ခု မစတင်ခင်မှာ ကိုယ့်ဘက်က သေချာနေဖို့ လိုပါတယ်။ ၃။ ထူးခြားမှု ရှိပါစေ။ မှန်ပါတယ်။ သင့် …