ထုတ်လုပ်မှုအမှာစာများ Production Order @ MSME Books

MSME Books တွင် ထုတ်လုပ်မှုအမှာစာကို အခြေအနေ ၂ မျိုးတွင် အသုံးပြုနိုင်ပါသည်။ ကုန်ပစ္စည်း တစ်မျိုးကို ဝယ်ယူရာတွင် အချိန်အတွယ် တစ်မျိုး၊ ရောင်းသည့် အခါတွင် အချိန်အတွယ်တစ်မျိုး နှင့် ရောင်းပါက ထုတ်လုပ်မှုအမှာစာကို အသုံးပြုနိုင်ပါသည်။ ထုတ်လုပ်မှု လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပါသည်။

ကုန်ပစ္စည်းတစ်ခု
ဥပမာ-ဆန်တစ်အိတ်ကို အိတ်လိုက် မရောင်းဘဲ ပြည် အလိုက် ခွဲ၍ ရောင်းမည် ဆိုပါက ထုတ်လုပ်မှု အမှာစာများကို ထည့်သွင်းရပါမည်။
ထုတ်လုပ်မှု အမှာစာ ထည့်သွင်းရန်…

ထုတ်လုပ်မှု အမှာစာများကိုနှိပ်ပါ။

ထုတ်လုပ်မှုအမှာစာအသစ်ကိုနှိပ်ပါ။

ရက်စွဲတွင် အမှာစာထည့်သွင်းသည့် နေ့ကို သတ်မှတ်ပါ။
အကြောင်းအရာထည့်သွင်းပါ။
ကုန်ကြမ်းများတွင် ခွဲရောင်းလိုသည့် ဆန်အိတ် ပမာဏကိုထည့်ပါ။
ကုန်ချောတွင် ၁ အိတ်တွင် ရှိမည့် ပြည် အရေအတွက် နှင့် ခွဲရောင်းမည့် အိတ်ပမာဏကို မြှောက်ပါ။
ကုန်သိုလှောင်ရာနေရာကို ရွေးချယ်ပါ။
ဖန်တီးမည် ကိုနှိပ်ပါ။

ထည့်သွင်းထားသော ဆန်ထုတ်လုပ်မှု အမှာစာကို တွေ့ရမည်။
ကုန်ပစ္စည်းစာရင်းတွင် ပြန်လည်ကြည့်ရှုပါက…

ထုတ်လုပ်မှုအမှာစာဖွင့် လိုက်သောကြောင့် လျော့သွားသည့် ဆန်(အိတ်) အရေအတွက်နှင့် တိုးလာသော ဆန်(ပြည်) အရေအတွက် ကို တွေ့ရမည်။
အခြားထုတ်လုပ်မှု အမှာစာများကိုလည်း ထိုနည်းအတိုင်းထည့်သွင်းပါ။
မာတိကာ
#MSMEBooks
#CloudBasedAccountingSoftware
#BCN
#09977160671
 
 

Leave a Comment

Your email address will not be published. Required fields are marked *