Labour Law
ဧပြီလထုတ် HR Journal မှာဖော်ပြထားသည့်ဆရာမဒေါ်စန်းစန်ဖြေကြား ပေးထားသော အလုပ်သမားဥပဒေနဲပတ်သက်တာသိလိုရာမေးအစီအစဉ် မှဖြေကြားထားသည်များကိုဖော်ပြပေးလိုက်ပါတယ်။။။ အလုပ်သမားဥပဒေနဲ့ပတ်သက်တာ သိလိုရာမေး ကဏ္ဍ ——————————————— ဆရာမဒေါ်စန်းစန်း မေး။ ။ Supervisor တစ်ဦးက အောက်ပါအတိုင်း ဒီလိုမေးလာပါတယ်။ မေးတာက တစ်ခုဖြစ်သော်ငြား ဖြေရတာကတစ်ခုမကဖြေမှ အဓိပ္ပာယ် ကပြည့်စုံမှာဖြစ်လို့အဖြေ(၄)ရပ်နဲ့ဖြေရတဲ့အနေအထားဖြစ်ပါတယ်။ ဆရာမ ခင်ဗျာ။ ကျွန်တော်လက်ရှိလုပ်နေသော Company မှာ နစ်နာကြေးနှင့် ပတ်သက်ပြီး အငြင်းပွားစရာများဖြစ်နေပါတယ် company ၏ ဆိုဒ်ခွဲတစ်ခု သည် ၃လပိုင်း ၁၅ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ပြီး HR Dept Head မှ အလုပ်သမားများအားနစ်နာကြေးလျော်ကြေးများပေးစရာ မလိုအပ်ပေမယ့် အလုပ်သမားများအား အလုပ်ပိတ်သိမ်းသည့်အတွက် ပြန်ရမှာဖြစ်တယ်လို ပြောပါတယ်။ အလုပ်သမားရုံးကထုတ်တဲ့ဥပဒေနှင့်လည်း ကိုက်ညီမူရှိ ကြောင်းပါပြောပါတယ် အလုပ်သမားများစတင်ဝင်ရောက် အလုပ်လုပ်ကိုင် ခဲ့တုန်က စာချုပ်စာတမ်းနှင့် …
Labour Law Read More »
သူများမထည့်လဲနေ ကိုယ်ပဲထည့်မယ်ဆိုတဲ့စိတ်မွေးနိုင်အောင် ကြိုးစားမယ် မီးဖိုဘေးကလူ ၆ ယောက် တစ်ခါက. . . တစ်နှစ်မှာ ၁၀ လလောက် ရေခဲနေတတ်တဲ့ တောမကျ မြို့မကျ ရွာလေးတစ်ခုမှာပေါ့ … ဆောင်းတွင်းရောက်လာတယ်။ နှင်းတွေကလည်းကျလိုက်တာ။ ရေခဲမှတ်အောက်ကို အနှုတ် ၃၀ ဒီဂရီလောက် ရောက်နေပြီ။ ဒီနေရာလေးဟာ သုံးနှစ်ကို တစ်ကြိမ်လောက် နှင်းမုန်တိုင်းတွေ တိုက်ခိုက်တတ်တယ်။ နှင်းမုန်တိုင်းတွေကျပြီဆိုရင် ရေခဲတောင်တွေ ပြိုတယ်။အိုးအိမ်တွေ ပျက်စီးတယ်။ဒါကြောင့် ဒီဒေသကလူတွေဟာ နှင်းမုန်တိုင်းကျပြီဆိုရင် သူတို့ဝတ်နေကျ လောင်းကုတ်အင်္ကျီအရှည်ကြီး ကို ဝတ်တယ်။အဲ့ဒီအင်္ကျီအရှည်ကြီးထဲမှာ ထင်းရှူးဆီအခဲတစ်ခုရယ်၊ မီးခြစ်တစ်လုံးရယ် ၊ ထင်းသုံးလေးငါးချောင်းရယ် ၊အသားခြောက် ၅၀ ကျပ်သားလောက်ရယ်ထည့်ပြီး နီးစပ်ရာ တောထဲကဂူတွေထဲမှာ နှင်းမုန်တိုင်းခိုကြရတယ် ဒီိလိုနဲ့. . . …
ဖောင်စီးရင်းရေငတ် ဖောင်စီးရင်းရေငတ်
တွေးမိတွေးရာလို့ပဲ ပြောရမလား အခုရက်မှာ အလုပ်ခေါ်စာတွေတင်ပေးတဲ့ အခါမှာ တွေ့ရတာလေးတွေကို လူငယ်တွေ အတွက်သတိထားစေချင်တာလေးတွေကို မျှဝေချင်လို့ပါ။ ပထမဆုံးကတော့ CV တွေက ပြီးစလွယ် ဆိုင်ကဝယ်ပြီးရင် လက်ရေးနဲ့ ဖြည့် ဓါတ်ပုံရိုက်ပြီးတင်ကြတာတွေတွေ့ရတယ်။ CV အတွက် Microsoft Word မှာ Template (ပုံစံ)တွေအများကြီးရှိပါတယ်။ Microsoft Word မှာပြည့်ပြည့်စုံစုံ၊ သပ်သပ်ရပ်ရပ်လေးရေးပြီး CV ကို PDF ပြောင်းထားလိုက်ပါ။ တစ်ချို့ကလဲ ဘွဲ့လက်မှတ်တွေ၊ သင်တန်းဆင်းလက်မှတ်လေးတွေပါ ထည့်ချင်ရင်လဲ ထည့်ပြီး PDF လေးပြောင်းထားလိုက်ပါ။ ဒုတိယအနေနဲ့တော့ အလုပ်လိုအပ်ချက်တွေကို သေချာဖတ်ပါ။ မကိုက်ညီတာတွေ လျှောက်မိရင် အချိန်ကုန်၊လူပန်းနဲ့ နောက်ဆုံးစိတ်ဓါတ်ကျတဲ့ အထိဖြစ်ကြတယ်။ တတိယအရေးကြီးတာကတော့ မျှော်မှန်းလစာပါ။ မျှော်မှန်းလစာ ထည့်ပါဆိုရင် အလုပ်နဲ့သင့်တင့်တဲ့ လစာကို ထည့်ဖို့ အရေးကြီးပါတယ်။ …
ဖောင်စီးရင်းရေငတ် ဖောင်စီးရင်းရေငတ် Read More »
Micro Managing???
Micro Managing လား??? ================== ဒူဘိုင်းရဲ့ စော်ဘွားကြီးဟာ အမျှော်အမြင်ကြီးလှပါတယ်။ တစ်နေ့ သူ့ရဲ့ အစိုးရအရာရှိကြီးတွေကို အခမ်းအနားနဲ့ဖိတ်ပြီး လမ်းညွှန်ချက်ပေးခဲ့ပါတည်။ သူ့ရဲ့ အစိုးရလုပ်ငန်းစဉ်တွေမှာ paperless ဖြစ်တဲ့ Smart Government ဖြစ်အောင် ခိုင်းစေပါတယ်။ ထပ်ပြောလိုက်သေးတယ်။ ၂ နှစ်ပြည့်လို့မှ အကောင်အထည်မပေါ်ရင်တော့ မင်းတို့ကို အငြိမ်းစားယူပွဲလေး လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ ခပ်ပြုံးပြုံးလေးပြောလိုက်ပေမယ့် အတည်ပြောနေတာဆိုတာ အရမ်းသိသာပါတယ်။ နောက်နေ့တွေမှာ ဌာနပေါင်းစုံက လူကြီးတွေက သတင်းစာတွေထဲမှာ ဘာလုပ်မယ်ညာလုပ်မယ်နဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်တွေလုပ်ကြတာပေါ့။ စော်ဘွားကြီးက ဘာမှ မပြောသေးဘူး။ ကြည့်နေတယ်။ တဖြည်းဖြည်းနဲ့ လူတွေက သွေးအေးလာပြီး paperless Smart Government အိပ်မက်က natural death ဖြစ်သွားပါတယ်။ သိပ်မပြောကြပါဘူး။ ဒီအခါမှာ စော်ဘွားကြီးက လူတွေသွေးအေးသွားတာကို …
Micro Managing??? Read More »
Education Policy Changes
ပညာရေးလောကအတွက် ဗြောင်းဆန်သွားစေမယ့် policy တစ်ခုကို လွန်ခဲ့တဲ့ ရက်ပိုင်းလေးကပဲ အစိုးရဆောင်ရွက်ခဲ့တာ ပြည်တွင်းက အချို့ သတိမထားမိလိုက်ကြဘူး ထင်ပါတယ်။… မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) ကနေပြီး ပြည်ပနိုင်ငံများက ကျောင်းတွေ၊ တက္ကသိုလ်တွေ မြန်မာပြည်မှာ လာရောက်ရင်းနှီးမြုပ်နှံခွင့် ပြုလိုက်ခြင်းပါပဲ။ 100 % Investment လုပ်မယ်ဆိုရင်လည်း ခွင့်ပြုလိုက်ပါတယ်။… ဒါဟာ မြန်မာပြည် ပညာရေး လောကအတွက် အရမ်းအရေးကြီးတဲ့ အပြောင်းအလဲ တစ်ရပ်ပဲ ဖြစ်ပါတယ်။… အစိုးရကျောင်းတွေအပြင် ကမ္ဘာကျော် ပုဂ္ဂလိက ကျောင်းတွေပါ မြန်မာနိုင်ငံထဲ လာရောက်ဖွင့်လှစ်ဖို့ အရင်က ဥပဒေ ညွန်ကြားချက် မရှိလို့ စောင့်နေခဲ့ရတာက အခုဆိုရင် တရားဝင် ဖြစ်သွားပြီမို့ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာကြပါတော့မယ်။.. ကမ္ဘာ့အဆင့်မီ ပညာရေးတွေ ပြည်တွင်းမှာတင် သင်လို့ရကြတော့မယ်။.. …
Education Policy Changes Read More »
အလုပ်ရှာကြရာဝယ် အလုပ်ရှာကြရာဝယ်
အလုပ်ရှာကြရာဝယ် အလုပ်ရှာနေကြတဲ့ မောင်ငယ်၊ညီမငယ်တွေ အနေနဲ့ သတိထားရမည့် အချက်အလက်ကလေးတွေ ၁) ပထမဆုံး အနေနဲ့ CV ကို ကွန်ပျူတာနဲ့ သေချာပြင်ဆင်ပါ။ သေသေသပ်သပ် ဖြစ်အောင်ပြင်ဆင်ပါ။ လိုအပ်ပါက စာစီစာရိုက် ဆိုင်တွင် အပ်ပါ။ ၂) အလုပ်ခေါ်စာများကို သေချာဖတ်ပါ။ အလုပ်နေရာ နဲ့ လစာ၊ လိုအပ်ချက်များနဲ့ မိမိ ကိုက်ညီမှုရှိ၊မရှိ သေချာ လေ့လာပါ။ ၃) မိမိ အလုပ်မလျှောက်ထားမီ လုပ်ငန်းအမျိုးအစား နဲ့ လုပ်ငန်း အနေအထားများကို လေ့လာပါ။ မိမိ လျှောက်ထားလိုတဲ့ အလုပ်နဲ့ ပါတ်သတ်ပြီး ထမ်းဆောင်ရမည့် တာဝန်များကိုလဲ လေ့လာပါ။ ၄) မျှော်မှန်းလစာ နှင့် အလုပ်ခေါ်စာတွင် ပါသော လစာ ကိုက်ညီမှုရှိပါစေ။ ၅) လက်ရှိ အလုပ်လုပ်နေသူ …
အလုပ်ရှာကြရာဝယ် အလုပ်ရှာကြရာဝယ် Read More »
Minimum Wages
[Zawgyi] ဝန်ထမ်းရေးရာ မှ ဆွေသဟာ အပေါင်းတို့ရေ အားလုံးမျှော်နေတဲ့ အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်ကို မေလ ၁၄ ရက် ၂၀၁၈ ကစပြီး အသက်ဝင်ပြီ လစာ တွက်ဖို့ ကြိုတင်ပြင်ဆင်ကြပါလော့ [Unicode] ဝန်ထမ်းရေးရာ မှ ဆွေသဟာ အပေါင်းတို့ရေ အားလုံးမျှော်နေတဲ့ အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်ကို မေလ ၁၄ ရက် ၂၀၁၈ ကစပြီး အသက်ဝင်ပြီ လစာ တွက်ဖို့ ကြိုတင်ပြင်ဆင်ကြပါလော့