အခြေခံငွေကြေးသတ်မှတ်ခြင်း (Base Currency) @ MSME Books
MSME Books သည် ငွေကြေးစနစ်အမျိုးမျိုး(Multi Currency) အသုံးပြုနိုင်သော စနစ်တစ်ခုဖြစ်ပါသည်။ လုပ်ငန်းတွင် ငွေကြေးစနစ် တစ်မျိုးထက် ပိုမို အသုံးပြုမည်ဆိုပါက အခြေခံငွေကြေးကို သတ်မှတ်ပေးရန်လိုပါသည်။ ငွေကြေးစနစ်တစ်ခု သာ အသုံးပြုမည်ဆိုပါက အခြေခံငွေကြေးကို သတ်မှတ်ရန်မလိုပါ။ အခြေခံငွေကြေး သတ်မှတ်ရန် ဆက်တင်များကိုနှိပ်ပါ။ အခြေခံငွေကြေးကို နှိပ်ပါ။ အခြေခံငွေကြေးတွင် “MMK- Burmese Kyat” ကို ရွေးချယ်ပါ။ ပြင်ဆင်မည်ကို နှိပ်ပါ။ ဘဏ္ဍာရေးရှင်းတမ်းများအားလုံး အခြေခံငွေကြေးဖြင့်သာထွက်ပါမည်။ မိမိလုပ်ငန်းတွင် ငွေကြေးတစ်မျိုးသာ အသုံးပြုမည်ဆိုပါက သတ်မှတ်ရန်မလိုပါ။ သင့်လုပ်ငန်းသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများကို အခြား ငွေကြေးဖြင့်ထုတ်ယူမည်ဆိုပါကလိုအပ်သည့် အခြေခံငွေကြေးကိုသတ်မှတ်နိုင်ပါသည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671