Cloud

ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books

MSME Books တွင် ကုန်ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ဖိုးအပြင် အခြားသော ကုန်ဝယ်ရာတွင် ကျသင့်သည့် ကုန်ကျစရိတ်များ အား ကုန်ပစ္စည်း၏စရိတ် အဖြစ် ထည့်သွင်းတွက်ချက်လိုပါကလည်း အဝယ်ပြေစာတွင် ထည့်သွင်းနိုင်ပါသည်။ ကုန်ပစ္စည်းများအားဝယ်ယူရာတွင်ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် ကုန်ပစ္စည်းအားဝယ်ယူရာတွင်ထိုပစ္စည်း၏ကုန်ကျစရိတ်အားတွက်ချက်ရန်အတွက် အဝယ်ဘောင်ချာထည့်သွင်းရာတွင်ထိုကုန်ပစ္စည်းဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်များပါထည့်သွင်းရမည်။   အဝယ်စာရင်းအားထည့်သွင်းရန်အတွက် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာအသစ်ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူသည့်ရက်စွဲ ၊ ကုန်ပစ္စည်းရောင်းချသည့်ရောင်းသူ၊ကုန်ပေးသွင်းသူအမည်၊ အမျိုးအမည်တွင် ဝယ်ယူသည့်ကုန်ပစ္စည်းအမည်အားရွေးချယ်ပါ။ အရေအတွက်တွင်ကုန်ပစ္စည်းဝယ်ယူသည့်အရေအတွက်အားထည့်သွင်းပါ။ဈေးနှုန်းတွင်ထိုပစ္စည်း၏တန်ဖိုးအားထည့်သွင်းပါ။ ထိုပစ္စည်း၏ကုန်ကျစရိတ်အားထည့်သွင်းတွက်ချက်ရန်အတွက် စာကြောင်းတိုးမည်ကိုနှိပ်၍စာကြောင်းထပ်တိုးပါ။ ထပ်တိုးထားသည့်စာကြောင်း၏အမျိုးအမည်အကွက်တွင် ကုန်ဝယ်ကုန်ကျစရိတ်အားရွေးချယ်ပါ။ ဈေးနှုန်းတွင် ကုန်ပစ္စည်းအားဝယ်ယူရာတွင်အခြားသောကျသင့်သည့်ကုန်ကျစရိတ်စုစုပေါင်းတန်ဖိုးအားထည့်သွင်းပါ။ ဖန်တီးမည် ကိုနှိပ်ပါ။ ကုန်ပစ္စည်းဝယ်ယူထားသည့် အဝယ်ပြေစာအားတွေ့မြင်ရမည်။ ထိုပစ္စည်းဖိုးအတွက်ငွေပေးချေပါက ငွေပေးချေလွှာအသစ်ကိုနှိပ်၍ငွေပေးချေပါ။ ကုန်ပစ္စည်းများတွင်ပြန်လည်ကြည့်ရှု့ပါကဝယ်ယူထားသည့်တန်ဖိုးတွင်ထိုကုန်ပစ္စည်းအားဝယ်ယူရာတွင်ကျသင့်သည့်ကုန်ကျစရိတ်တန်ဖိုးများအားကုန်ပစ္စည်းတစ်ခုချင်းဝယ်ယူရသည့်ဈေးတွင်ပေါင်း၍ကျသင့်ငွေအားပျမ်းမျှတန်ဖိုးတွင်တွက်ချက်ပြသထားသည်။ ကုန်ဝယ်ကုန်ကျစရိတ်အားမှန်မမှန်အားmanualဖြင့်ပြန်လည်တွက်ချက်ကြည့်လိုပါက ထိုကုန်ပစ္စည်း၏တန်ဖိုးနှင့် ကုန်ဝယ်ကုန်ကျစရိတ်တန်ဖိုးအားစားပါ။ ဥပမာ ကုန်ပစ္စည်းဝယ်ယူရသည့်တန်ဖိုးသည့် 150000 ဖြစ်၍ကုန်ဝယ်ကုန်ကျစရိတ်သည် 50000 ဖြစ်ပါက ကုန်ဝယ်ကုန်ကျစရိတ်50000နှင့်ကုန်ပစ္စည်တန်ဖိုး150000အားစားပါ။ (50000/150000)  ရရှိလာသောတန်ဖိုးအား(+၁)ပေါင်းပါ။ (+၁)ပေါင်းထားသည့်တန်ဖိုးအားကုန်ပစ္စည်းတစ်ခုခြင်းတန်ဖိုးနှင့်မြှောက်ပါ။ …

ကုန်ပစ္စည်းများ၏ကုန်ကျစရိတ်များအားတွက်ချက်ခြင်း @ MSME Books Read More »

အဝယ်ပြေစာ (Purchase Invoice) @MSMEBooks

လုပ်ငန်းတွင် ပြန်လည် ရောင်းချမည့် ပစ္စည်းများ ဝယ်ယူခြင်းနှင့် အခြားလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရာတွင် အဝယ်ပြေစာကို အသုံးပြုနိုင်ပါသည်။ အဝယ်ပြေစာထည့်သွင်းရန် အဝယ်ပြေစာများကိုနှိပ်ပါ။ အဝယ်ပြေစာများပေါ်လာမည်။ အပေါ်တွင်ရှိသောအဝယ်ပြေစာအသစ်ကိုနှိပ်ပါ။   ပြေစာရက်စွဲတွင် ထည့်သွင်းလိုသော ဝယ်ယူမည့်ရက်စွဲကိုထည့်သွင်းပါ။ ရောင်းသူကုန်ပေးသွင်းသူတွင် ဝယ်ယူမည့်ရောင်းသူကုန်ပေးသွင်းသူကိုထည့်သွင်းပါ။ အမျိုးအမည်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းများကိုထည့်သွင်းပါ။ အရေအတွက်တွင် ဝယ်ယူမည့်ကုန်ပစ္စည်းအရေအတွက်ကိုထည့်သွင်းပါ။ ဈေးနှုန်းတွင် ဝယ်ယူမည့်ကုန်ပစ္စည်း၏ကျသင့်ငွေကိုထည့်သွင်းပါ။ ကုန်ပစ္စည်းစာရင်းသွင်းစဥ်က ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်ပါက ဈေးနှုန်းထည့်သွင်းစရာမလိုပါ။ အချက်အလက်များကိုပြည့်စုံအောင်ထည့်သွင်းပြီးပါက ဖန်တီးမည် ကိုနှိပ်ပါ။ ထည့်သွင်းထားသောအဝယ်ပြေစာပေါ်လာမည်ဖြစ်သည်။ ထိုအဝယ်ပြေစာကို ငွေပေးချေမည်ဆိုပါက အဝယ်ပြေစာ၏အပေါ်တွင်ရှိသော ငွေပေးချေလွှာအသစ်ကိုနှိပ်ပါ။ ရက်စွဲတွင် အဝယ်ပြေစာကိုငွေပေးချေမည့် ရက်စွဲကိုထည့်သွင်းပါ။ စာရင်းတွင် ငွေပေးမည့်ငွေစာရင်း ကိုရွေးချယ်ထည့်သွင်းပါ။ အချက်အလက်များကိုထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ အဝယ်ပြေစာကို ငွေပေးချေထားသော ငွေပေးချေလွှာပြေစာပေါ်လာမည်ဖြစ်သည်။ မာတိကာ #MSMEBooks #CloudbasedAccountingSoftware #BCN #09-977160671  

စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း(Opening Entry) @ MSME Books

ကနဦးလုပ်ဆောင်ချက်များထည့်သွင်းပြီးသည့်အခါတွင် ပိုင်ဆိုင်မှုစာရင်း(Balance Sheet) ကို ထည့်သွင်းရပါမည်။ ထိုသို့ထည့်သွင်းရာတွင် စာရင်းများစတင်ထည့်သွင်းမည့်ရက်စွဲကိုသတ်မှတ်ပေးရပါမည်။ စာရင်းဖွင့်လက်ကျန်များကိုထည့်သွင်းရန် ဆက်တင်များကိုနှိပ်ပါ။ စာရင်းဖွင့်လက်ကျန်များ ကိုနှိပ်ပါ။ ရက်စွဲသတ်မှတ်မည်ကိုနှိပ်ပါ။ MSME Books တွင် စတင်အသုံးပြုမည့်ရက်စွဲ ကိုထည့်သွင်းပါ။ ထည့်သွင်းပြီးပါက ပြင်ဆင်မည်ကိုနှိပ်ပါ။ လုပ်ငန်း၏ရရန်ရှိ၊ပေးရန်ရှိနှင့် ကုန်ပစ္စည်းလက်ကျန်များအစရှိသော လုပ်ငန်း၏စာရင်းပိတ်များကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်အတွက် မြီးစား(Debit) အောက်တွင်ရှိသောအပြာရောင်ဂဏန်းများကိုနှိပ်၍ထည့်သွင်းနိုင်ပါသည်။ လုပ်ငန်း၏ရရန်ရှိများကိုစာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်… မြီးစား အောက်တွင် အပြာရောင်ဖြင့်ပေါ်နေသော ဂဏန်းကိုနှိပ်ပါ။ လုပ်ငန်း၏ ဝယ်သူဖောက်သည်များစာရင်းပေါ်လာမည်ဖြစ်သည်။ ထိုဝယ်သူဖောက်သည်များမှ ရရန်ရှိသည့်ဝယ်သူဖောက်သည်ကိုရှာပါ။ ရရန်ရှိသည့်ဝယ်သူဖောက်သည်ကိုတွေ့ပါက ငွေကျန်နေသောပြေစာများ၏ အောက်တွင်အပြာရောင်ဖြင့်ပေါ်နေသောဂဏန်းကိုနှိပ်ပါ။ အရောင်းပြေစာအသစ်ကို နှိပ်ပါ။   ဈေးနှုန်းတွင် ထိုဝယ်သူဖောက်သည် ဆီမှ ရရန်ရှိသည့် ငွေပမာဏကိုထည့်သွင်းပါ။ ကျန်အချက်အလက်များထည့်သွင်းရန်မလိုပါ။ ဈေးနှုန်းတွင် ငွေပမာဏထည့်သွင်းပြီးပါက ဖန်တီးမည်ကိုနှိပ်ပါ။ ထည့်သွင်းပြီးသော ရရန်ရှိစာရင်းကိုတွေ့မြင်နိုင်ပါသည်။ထို့အပြင်ရရန်ရှိသောဝယ်သူဖောက်သည်များရှိပါက ထိုနည်းတူထည့်သွင်းနိုင်ပါသည်။ ဘဏ်အပ်ငွေများကို စာရင်းဖွင့်လက်ကျန်တွင်ထည့်သွင်းရန်… ဘဏ်အပ်ငွေ ၏ …

စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း(Opening Entry) @ MSME Books Read More »

စာရင်းဖွင့်လက်ကျန်များထည့်သွင်းရန် လုပ်ဆောင်ပုံ အဆင့်ဆင့် (Opening Entry) @ MSME Books

လက်ရှိလည်ပါတ်နေသော လုပ်ငန်းများ အခြား ကွန်ပျူတာ စနစ်တစ်ခု မှ သို့ မဟုတ် လက်ရေးစာရင်းကိုင်စနစ်မှ MSME Books သို့ပြောင်းလဲ အသုံးပြုလိုသည့်အခါတွင် လက်ရှိအသုံးပြုနေသည့်စနစ်ကို စာရင်းပိတ်ပြီး လက်ကျန်ရှင်းတမ်း(Balance Sheet) ကို MSME Books အတွင်းသို့ထည့်သွင်းရပါမည်။ ထိုသို့ထည့်သွင်းရာတွင် လုပ်ဆောင်ပုံအဆင့်ဆင့်ကို အောက်တွင် ဖော်ပြထားပါသည်။ အခြေခံငွေကြေးသတ်မှတ်ခြင်း(ငွေကြေး စနစ် တစ်မျိုးထက်ပိုမို အသုံးပြုလိုပါက) စာရင်းခေါင်းစဉ်များ သတ်မှတ်ပေးခြင်း ဘဏ်စာရင်းများ သတ်မှတ်ခြင်း (ဘဏ်စာရင်းစာအုပ်များ) ငွေစာရင်းများ သတ်မှတ်ခြင်း(ငွေစာရင်းစာအုပ်များ) ဝယ်သူ၊ဖောက်သည်စာရင်းများထည့်သွင်းခြင်း ရောင်းသူ၊ကုန်ပေးသွင်းသူများထည့်သွင်းခြင်း ကုန်ပစ္စည်းများထည့်သွင်းခြင်း ကုန်ပစ္စည်းမဟုတ်သည့်အရာများထည့်သွင်းခြင်း ပုံသေပိုင်ပစ္စည်းများထည့်သွင်းခြင်း ထိတွေ့ကိုင်တွယ်မရသောပိုင်ဆိုင်မှုများထည့်သွင်းခြင်း ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း ငွေကြေးလဲလှယ်နှုန်းသတ်မှတ်ခြင်း(လိုအပ်မှသာ) စာရင်းဖွင့်လက်ကျန်များထည့်သွင်းခြင်း Excel မှတဆင့် အချက်အလက်များထည့်သွင်းခြင်း မာတိကာ # MSMEBooks # Cloud Based Accounting …

စာရင်းဖွင့်လက်ကျန်များထည့်သွင်းရန် လုပ်ဆောင်ပုံ အဆင့်ဆင့် (Opening Entry) @ MSME Books Read More »

ကုန်ပစ္စည်းများထည့်သွင်းခြင်း(Inventory) @ MSME Books

လုပ်ငန်းတွင် ကုန်ပစ္စည်းများ ရောင်းချရန် ကုန်ပစ္စည်းစာရင်းများကို ဦးစွာထည့်သွင်းရမည်။ လုပ်ငန်းတွင် ရောင်းချမည့် ကုန်ပစ္စည်းများကို ကုန်ပစ္စည်းများတွင် ထည့်သွင်းနိုင်ပါသည်။ ရောင်းဈေးအား ကြိုတင်သတ်မှတ်နိုင်ပါသည်။ ကုန်ပစ္စည်း တစ်ခုချင်းစီအလိုက် အခွန်သတ်မှတ်ချက်၊ခြေရာခံအမှတ်အသား၊ဝင်ငွေစာရင်းနှင့် အသုံးစရိတ်စာရင်း များအား လိုအပ်သလို သတ်မှတ်နိုင်ပါသည်။ ကုန်ပစ္စည်းစာရင်းများကို ထည့်သွင်းရန်… ကုန်ပစ္စည်းများကိုနှိပ်ပါ။ ကုန်ပစ္စည်းအသစ်ကိုနှိပ်ပါ။ “ကုန်ပစ္စည်းအမှတ်အသား”တွင် သတ်မှတ်လိုသော ကုန်ပစ္စည်းအမှတ် အသားကိုထည့်သွင်းပါ။ “ကုန်ပစ္စည်းအမည်” တွင် ထည့်သွင်းလိုသော ကုန်ပစ္စည်းအမည်ကိုထည့်သွင်းပါ။ “ယူနစ်” ကိုထည့်သွင်းပါ။ “ဝယ်စျေး နှင့် ရောင်းစျေး” ကို ထည့်သွင်းပါ။ “အခွန်သတ်မှတ်ချက်” ရှိပါက ထည့်သွင်းပါ။ “ခြေရာခံအမှတ်အသား” ထည့်သွင်းပါ။( လိုအပ်ပါက) “စိတ်ကြိုက်ဝင်ငွေစာရင်း နှင့် အသုံးစရိတ်စာရင်း” ထည့်သွင်းပါ။( လိုအပ်ပါက) “ဖန်တီးမည်” ကိုနှိပ်ပါ။ ထည့်သွင်းထားသော ကုန်ပစ္စည်းအမျိုးအမည်ကိုတွေ့ရမည်။ အခြားကုန်ပစ္စည်းများကိုလည်း ထိုနည်းအတိုင်း …

ကုန်ပစ္စည်းများထည့်သွင်းခြင်း(Inventory) @ MSME Books Read More »

ရင်းနှီးငွေစာရင်းများထည့်သွင်းခြင်း(Capital) @ MSME Books

ရင်းနှီးငွေစာရင်းများထည့်သွင်းရန်အတွက် ရင်းနှီးငွေစာရင်းများကိုနှိပ်ပါ။ “ရင်းနှီးငွေစာရင်း အသစ်” ကို နှိပ်ပါ။ “အမည်”တွင် လုပ်ငန်းတွင် ရှယ်ယာထည့်ဝင်ထားသူအမည်ထည့်ပါ။ “ဖန်တီးမည်” ကိုနှိပ်ပါ။ ထည့်သွင်းထားသော အစုရှင်အမည်အားတွေ့ရပါမည်။ အစုရှင်များအား ထပ်မံထည့်သွင်းလိုပါက အထက်ပါအတိုင်းထည့်သွင်းနိုင်ပါသည်။ မာတိကာ #MSMEBooks #CloudBasedAccountingSoftware #BCN #09977160671

Customer Summary and Supplier Summary Reports @ MSME Books

ဝယ်သူဖောက်သည်များ နှင့် ရောင်းသူကုန်ပေးသွင်းများ ၏ လက်ကျန်၊ ယခုကာလအတွင်း ဝယ်ယူသည့် (သို) ရောင်းသည့် ပမာဏ၊ငွေလက်ခံသည့် ပမာဏ(သို့) ငွေပေးချေသည့် ပမာဏနှင့် စာရင်းပိတ်လက်ကျန် ကို အကျဉ်းချုပ်ကြည့်လိုပါက Summary Report တွင် ကြည့်ရှု့နိုင်ပါသည်။ Customer Summary Report ထုတ်ရန်အတွက် Reports >> Customer Summary ကို နှိပ်ပါ။ New Report ကို နှိပ်ပါ။ From Date နှင့် To Date တွင် ကြည့်လိုသော ရက်အား ထည့်သွင်းပါ။ Create ကို နှိပ်ပါ။   မိမိကြည့်လိုသော ရက်စွဲ ဘေးမှ View ကို နှိပ်ပါ။ လိုအပ်သော ရက်စွဲ …

Customer Summary and Supplier Summary Reports @ MSME Books Read More »

ငွေလက်ခံလွှာ Receipt @ MSME Books

  MSME Books မှာ ဝယ်သူ ဖောက်သည်များ ထံမှ ငွေလက်ခံတဲ့ အခါ နည်းလမ်း (၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ ၁) အရောင်းပြေစာ တစ်စောင်ချင်းငွေလက်ခံခြင်း အရောင်းပြေစာသို့သွားပါ။ ငွေပေးချေသည့် ဝယ်သူဖောက်သည် (သို့) ပြေစာ နံပါတ်ဖြင့်ရှာဖွေပါ။ ငွေလက်ခံမည့် ပြေစာ မှ ကျန်ငွေအား နှိပ်ပါ။ ပြေစာ နံပါတ် ၁၅ ဘေးမှ 115,690 အားနှိပ်ပါမည်။ ငွေလက်ခံလွှာအသစ်အား နှိပ်ပါ။ ငွေလက်ခံလွှာတွင် ငွေလက်ခံမည့် ငွေစာရင်းစာအုပ်အား ရွေးပါ။ လက်ခံသည့် ငွေပမာဏအား ဈေးနှုန်းတွင် ထည့်ပါ။ ဖန်တီးမည်ကို နှိပ်ပါ။ ငွေလက်ခံလွှာအား ပြေစာ ဖြတ်ပိုင်းထုတ်ပေးနိုင်ပါသည်။ အရောင်းပြေစာအား ပြန်လည် ပုံနှိပ်ပါက စုစုပေါင်းကျသင့်ငွေ၊ ငွေလက်ခံလွှာ၊ကျန်ငွေနှင့် ရက်ချိန်းကျော်လွန်မှု တို့ကိုတွေ့မြင်ရပါမည်။ …

ငွေလက်ခံလွှာ Receipt @ MSME Books Read More »

New Features: MSME Books (ရရန်ရှိ၊ပေးရန်ရှိ/ Account Receivable, Account Payable)

Aged Receivables and Aged Payables (ကာလအလိုက် ရရန်ရှိသည်များ နှင့်  ကာလအလိုက် ပေးရန်ရှိသည်များ) တွင် Summary or Details ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါပြီ။ မြန်မာဘာသာ အစီရင်ခံစာများ မှ ကာလအလိုက်ရရန်ရှိသည်များကို နှိပ်ပါ။ အစီရင်ခံစာ အသစ်ကို နှိပ်ပါ။ ကြည့်လိုသည့် ရက်စွဲအား ရွေးချယ်ပါ။ အသေးစိတ်ကြည့်လိုပါက “Show Invoices” ကို ရွေးချယ်ပါ။ စာရင်းချုပ် ဖြင့်ပြသည်ပုံစံကို တွေ့ရပါမည်။ အရောင်းပြေစာအလိုက် အသေးစိတ်ကြည့်သည့်ပုံစံအားတွေ့မြင်ရပါမည်။ ကာလအလိုက် ပေးရန်ရှိသည်များကို လည်း အထက်ပါအတိုင်း ကြည့်နိုင်ပါသည်။   English Reports မှ Aged Receivables သို့သွားပါ။ New Report ကို နှိပ်ပါ။ ကြည့်လိုသည့် ရက်စွဲအား …

New Features: MSME Books (ရရန်ရှိ၊ပေးရန်ရှိ/ Account Receivable, Account Payable) Read More »